Tuesday, December 24, 2019

"မဇ္ဈိမပဋိပဒါ" (အလယ်အလတ်လမ်းစဉ်)

"မဇ္ဈိမပဋိပဒါ" (အလယ်အလတ်လမ်းစဉ်)
_____________________________

လူ့ စိတ်သဘော
လူ့ မနောဟာ......

တစ်ခါတစ်ခါမှာ
အဆိုးတွေဖြစ်လာရင်
ကောက်ကျစ်မယ်
ယုတ်မာမယ်
မကောင်းကြံမယ်
ချောက်တွန်းမယ်
ညစ်ပတ်မယ်
တိုက်ခိုက်မယ်
ဂလဲ့စားချေမယ်
နှိမ့်ချမယ်.......

တစ်ခါတစ်ခါ
အကောင်းတွေကြုံလာရင်
ခွင့်လွတ်ချင်လာမယ်
စွန့်လွတ်ချင်လာမယ်
မမြင်ချင်ယောင်ဆောင်လာမယ်
မြင်ချင်ယောင်လဲဆောင်လာမယ်
ဖြူဖြူ မဲမဲ
ကွဲကွဲ မကွဲကွဲ
အကောင်းပဲမြင်
ဆင်ချင်လာမယ်.......

တကယ်တော့
စိတ်ရဲ့သဘော
မနောဆန္ဒ
မျှမျှ တတတွေး
သူ့ အရေး
ကိုယ့် အရေး
ဖေးဖေး မမ
အမှန်တရားဘက်ကရပ်တည်ကြရမှာ
အဲ့ဒါကို
"မဇ္ဈိမပဋိပဒါ" (အလယ်အလတ်လမ်းစဉ်)
လို့လဲခေါ်ပါတယ်........

အစွန်းမရောက်
မဖေါက်မပြန်
ဆင်ချင်ဉာဏ်သုံး
အပြုံးမပျက်
အမုန်းမဖက်
နောက်ဆုံးရက်အထိပေါ့......

ကျနော့သဘော
စိတ်မနောက
အတူတူ ညီမျှ
တရားမျှတပါစေ
ကျေနပ်နေမှာ
"မဇ္ဈိမပဋိပဒါ"
ကျနော်.......
ကိုးကွယ်ရာလဲဖြစ်သည်။  ။

AungZawHtay
24 12 2019 19:38

"ရင့်ကျက်ကြပါစေ"

"ရင့်ကျက်ကြပါစေ"
_______________

ရင့်ကျက်ဖို့ကို
ရက်နဲ့ကျင့်လို့မရ....

ရက် နဲ့ကျင့်ကျင့်
လ နဲ့ကျင့်ကျင့်
နှစ် နဲ့ကျင့်ကျင့်
ရင့်ကျက်ဖို့ဆို
အတွေ့အကြုံတစ်ချို့လိုတယ်.....

တွေ့ မြင် ကြုံ လဲ
အသိတရားနည်းရင်
ပိုနေမြဲ ကျားနေမြဲ
အရင်လိုပါပဲလေ.....

တွေ့ မြင် ကြုံ သိ
ထိတွေ့သမျှ
ယူတတ် ရမယ်
ယူတတ်ရင် ရတယ်
ယူတတ်ကြဖို့ပဲလိုတာ.....

ကဲ....ရင့်ကျက်ဖို့ဆို
ကိုယ့်မှာ ဘာလိုသလဲ
ဝေခွဲဆန်းစစ်
ရင့်ကျက် ကြပါစေ။  ။

AungZawHtay
19 12 2019
19:18

Tuesday, December 3, 2019

ကြိုဆိုခြင်း

"ကြိုဆိုခြင်း"
🕛🕧🕐🕜🕑🕝🕒🕞🕓

ဒီရုပ် ခန္နာ
မမြဲတာသိ
မြင်အောင်ကြည့်လို့
သေ ဖို့ကိုလဲ
ရင်ဆိုင်ရဲပြီ......

ဒီပိုင်ဆိုင်ခြင်း
လောဘကင်းစေ
သေ ရင်မပါ
စိတ်မှာတွေးသိ
စွန့်ဖိုအသင့်ရှိခဲ့......

ဒီဂုဏ်ဓန
တမလွန်ကျရင်
အသုံးမ၀င်
ပါဝါပြချင်လို့မရ
ထားခဲ့ရဖို့သိခဲ့ပြီ......

ချစ်ခြင်း မုန်းခြင်း
တပ်မက်ခြင်းတွေ
သေ ရင်မပါ
မသေခင် ငါအခု
အရာရာတိုင်းကို
ဥပေက္ခာပြုတတ်ဖို့
နေသာသလို နေရမယ်
ဖြေသာသလို ဖြေရမယ်
သေ မှာကိုလဲ
ကြိုရမယ်။  ။

     ခံစားမှု့စာစု
AungZawHtay
3 12 2019  19:28

Tuesday, November 26, 2019

"ရှင်သန်ခြင်းရဲ့ အစ

"ရှင်သန်ခြင်းရဲ့အစ"

အမိ၀မ်းက
လူလောကထဲ
ငိုရင်းက စ
ရောက်ခဲ့ရပြီ.....

အသက် နဲ့ ခန္နာ
ကိုယ့်ကိုယ်သိလာရင်
ရပ်တည်ဖို့ရာအတွက်
သင့်ခြေနှစ်ဖက်ကို
သင့် အလိုကျ
သင်ကိုယ်တိုင်ပဲရပ်ရမှာ......

ကိုယ်ထူ ကိုယ်ထ
ကိုယ့် ဘ၀ကိုယ်
ကိုယ့် အလိုကျ
ကိုယ်တိုင် ရပ်
ကိုယ်တိုင် ထ
ရပ်တည်ခြင်းက
သင့်ကိုယ်တိုင်ပဲလုပ်ရမှာ......

ရပ်ချင်သလိုရပ်
မတ်တတ်ကလေးဖြစ်ဖို့
ဘေးကူသူကို တမ်းတ
ဘယ်သူ့ကိုမှ အမှီမပြုကြဖို့
ကိုယ့်ကိုယ် ကိုယ်အားကိုး
ကိုယ်တိုင်နိုးထ
ကဲ...........
""စ""လိုက်ကြစို့။  ။

AungZawHtay
26 11 2019 19:01

Saturday, November 23, 2019

""နပ်‌ချေးညှစ်တာ ဘယ်ကောင်လဲ"

____________________________________________
   အဆောင်နေကျောင်းသားဟာသလေးကို မရိုင်းအောင်ရေးတတ်သလို့ရေးထားပါတယ်။အရေးအသားညံ့ရင် နားလည်ပေးပါ ဟာသလို့လဲမြင်ပေးပါ။အပျိုကြီး‌တွေအတွက်တွေးရာဆိုလဲ ကြိုက်သလိုတွေးပါ။သင်ဆရာမအပျိုကြီးတွေကို ဟာသပိုစ့်လေးအတွက် တောင်းပန်ပါတယ်။
_____________________________________________
    "နပ်ချေးညှစ်တာ ဘယ်ကောင်လဲ"
🤔🤔🤔🤔🤔🤔🤔🤔🤔🤔

     ရန်ဖြစ်တယ်ေအာ်သံကြားလို့ ဆရာမအပျိုကြီး ယောက်ကျားလေးအဆောက်ထဲ ရောက်လာတယ်။

ဆရာမ။  ။"ဟဲ့ရန်ဖြစ်တယ်ဆို ဘယ်သူ‌တွေတုန်း"

ကျောင်းသားတွေပြုံးစိပြုံးစိ တစ်ယောက်မျက်နာတစ်ယောက်ကြည့်ပြီးဘယ်သူမှမဖြေဘူး

ဆရာမ။  ။"ဟဲ့ ဖြေကြလေ ဘယ်သူနဲ့ဘယ်သူရန်ဖြစ်တာလဲ ဘယ်တုန်းကလဲ "

  ပြောင်စပ်စပ်နဲ့ကျောင်းသားတစ်ယောက်က အေးအေးဆေးဆေးပုံစံနဲ့ဖြေတယ်။

ကျောင်းသား။  ။"မနက်စောစောကပါဆရာမ အခုပြီးသွားပါပြီ"

ဆရာမ။  ။"ဘယ်သူနဲ့ဘယ်သူဖြစ်တာလဲ ဘာက'စ'ဖြစ်တာလဲ"

ကျောင်းသား။  ။"ဘယ်သူဆိုတာတော့မသိလိုက်ဘူး ထောင်ထောင် ထောင်ထောင်နဲ့တစ်ယောက်ကကျန်တဲ့ငါးယောက်ကိုစိမ်ခေါ်တာကနေ ငါးယောက်နဲ့တစ်ယောက် 'စ'ဖြစ်ကြတယ်ထင်တယ်ဆရာမ"

ဆရာမပြူးသွားတယ်(မျက်လုံး)

ဆရာမ။  ။"အဲ့ဒီတော့ဘာဆက်ဖြစ်ကြသလဲ"

‌ပြောင်စပ်စပ်ကျောင်းသားက ခေါင်းကုပ်စဉ်းစားသလိုလိုလုပ်ပြီး

ကျောင်းသား။ ။"အင်း.....ဆယ်မိနစ်လောက်ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မချိမဆန်အော်ဟစ်ငြီးညူနေသံကြားရတယ် တစ်ယောက်သမားနပ်ချေးထွက်သွားတယ်ဆိုလားပဲ ကျနော်တိုလဲသွားမကြည့်ရဲတာနဲ့ ရန်ဖြစ်နေတယ်ဟေ့လို့အော်လိုက်တာပါဆရာမ"

ဆရာမအပျိုကြီးမျက်နာမှာ စိုးရိမ်ထိတ်လန့်ပြီးစိတ်၀င်တစ်စားနားထောင်နေတယ်။ကျောင်းသားကဘာမှဆက်မပြောပဲ အခန်းပြင်ဘက်ထွက်ဖို့ပြင်လိုက်တယ်။

ဆရာမ။   ။"ဟဲ့ ဟဲ့ ပြီးအောင်ပြောလေ ဘယ်သူတုန်း ဘယ်နားမှာဖြစ်တာတုန်း ခုဘယ်မှာလဲ"

ကျောင်းသား။   ။"ဘယ်သူမှန်းကိုမသိလိုက်ဘူးဆရာမ ဖြစ်တာတော့ ရေချိုးခန်း ထဲမှာဆရာမ ကျန်တာတော့ ကျန်တဲ့ကျောင်းသားတွေမေးကြည့်ပါဆရာမ ကျနော့်ဘာသာအချိန်နီးနေလို့သွားပြီဆရာမ"

ပြောပြီးတာနဲ့တန်းလစ်တော့တာပဲ။ကျန်တဲ့‌ေကျာင်းသားတွေက တိတ်လို့ဆိတ်လို့။ဆရာမသာ တိုးလို့တန်းလန်းနဲ့မကျေမနပ် အားမလို အားမရဖြစ်ပြီး ပွစိပွစိနဲ့ရေချိုးခန်းဘက်ထွက်သွားလေရဲ့။

ခဏလေးကြာတော့ရေးချိုးခန်းဆီကဆရာမအသံထွက်လာတယ်

""ရေချိုးခန်းကိုသန့်သန့်ရှင်းရှင်းသုံးကြပါဆို ဘယ်တေးချင်းဆိုးတွေက နပ်ချေးတွေအများကြီးညှစ်ထားကြတာလဲ"""

ကျောင်းသားတွေ ကိုယ်စီကိုယ်စီ လစ်ကုန်ရော

Aung Zaw Htay
   24/2019

Saturday, November 9, 2019

"ဘ၀မေ့သူ"

ကျနော်ဖေ့ဘုတ်မှာ ဟာသလေးတွေတင်ရင်း likeကလေးရေတွက်ရင်း commentလေးတွေကြည့်ရင်းနဲ့ ကျေနပ်နေရင်း ကျနော်ချစ်တဲ့ကဗျာလေးတွေ မရေးဖြစ်ခဲ့တာကြာလာလို့ ရေးမယ်လုပ်တော့ ဘာကာရံမှထွက်မလာဘူး ကဗျာဆိုတာညှစ်ထုတ်တိုင်းထွက်တာမှမဟုတ်တာပဲလေ ဒါနဲ့ပဲကျနော့ကို ကျနော် သတိပေးဆုံးမတဲ့ ခုလို ခံစားမှု့စာစုလေး ရေးဖြစ်ပါတယ်။

    "ဘဝမေ့သူ"
______________________AungZawHtay
မရေးဖြစ်တာကြာ
မတွေးဖြစ်တာကြာ
ဒီလိုနဲ့ငါ
ကဗျာကိုမေ့လို့........

မဆွေးဖြစ်တာကြာ
မငေးဖြစ်တာကြာ
ဒီလိုနဲ့ ငါ
အလွမ်းဆိုတာမေ့လို့.........

မငိုမိတာကြာ
မပြိုမိတာကြာ
ဒီလိုနဲ့ငါ
ကြေကွဲတာကိုမေ့လို့.........

မပြောမိတာကြာ
မဟောမိတာကြာ
ဒီလိုနဲ့ငါ
စကားတွေပါမေ့လို့.........

မဆဲမိတာကြာ
မဆူမိတာကြာ
ဒီလိုနဲ့ငါ
ကြမ်းတမ်းတာတွေမေ့လို့.........

မပျော်မိတာကြာ
မမော်မိတာကြာ
ဒီလိုနဲ့ငါ
ကြည်နူးစရာတွေမေ့လို့.........

မေ့ ထားတာတွေကြာ
နေ့ များစွာတွေကြာ
ဒီလိုပဲအနေကြာလာလိုက်တာ
ငါဟာ
ငါ့ကဗျာ
ငါ့ဝါသနာတောင့်မေ့လို့.........

ဒီလိုနဲ့ပဲ................
မရေးဖြစ်တာကြာ
မတွေးဖြစ်တာကြာ
ဒီလိုနဲ့ငါ
ကဗျာကိုမေ့လို့။   ။

AungZawHtay
    19:15
(ခံစားမှု့စာစု)
၁၉ ၁ ၂၀၁၈

"ပုလင်းတူ ဗူးဆို့"

သောက်ရင်းတွေးမိတဲ့စာစုလေးပါ။

     "ပုလင်းတူ ဗူးဆို့"
________________________AungZawHtay

[] အ "၀" တူ
   အ "၀င်" တူ
   "ပုလင်း တူလို့ ဗူးဆို့"
   "အံ၀င်"လို့
   "ဂွင်ကျ"လို့ပေါ့.....။

[] "အဆို့ ချောင်"
   "အဆံ ကွဲ"
   "ပုလင်းလှဲ"တော့မှ
   "ဆို့ မရ"
   "ပိတ် မရ"
   "ဖိတ်ကျ"လိမ့်မယ်.....။  ။

         အောင်ဇော်ဌေး
           ၁၆ ၃ ၂၀၁၈

Tuesday, November 5, 2019

"ငယ်ဘ၀"

"ငယ် ဘ၀"
######

ငယ် ဘ၀
ငယ် အလှ
ပယ် မရ
၀ယ် မရ
.........
ပြန် တမ်းတ
ပြန် မှန်းဆ
ပြန် လွမ်းရ
ဪ......
ပြန်မရတော့ဘူးပဲ။

Aung Zaw Htay
20:18 4/2019
အမှတ်တရ သုံးအချိုး သုံး ၃း၃ စာစုလေးပါ

Sunday, November 3, 2019

""ကိုယ့်လမ်း ကိုယ်ဖောက် ‌ကိုယ်တိုင်လျှောက်""

""ကိုယ့်လမ်း ကိုယ်ဖောက် ကိုယ်တိုင်လျှောက်""
🚶🚶🚶🚶🚶🚶🚶🚶🚶🚶🚶🚶🚶🚶

  ဘယ်သူတွေ ဘယ်လိုချမ်းသာတယ်
  ဘယ်သူတွေ ဘယ်လိုသုံးနိုင်တယ်
  ဘယ်သူတွေ ဘာလုပ်တယ်မသိ
  အဲဒါကိုကြည့်ပြီး
  ကိုယ့်ဘ၀ ကိုယ် မငြီးစမ်းပါနဲ့......

 စားခါနီး ဆဲဆဲ
 ငါတို့စားမဲ့ ထမင်းလုပ်ထဲမှာ
 လောဘ မပါ
 ဒေါသ မပါ
 မောဟ မပါ
 အပူပင်ကင်းပါစေ
 ငါတို့ကျေနပ်နေရမယ်........

 သွားခါနီး ဆဲဆဲ
 ခြေလှမ်းတိုင်းမှာလဲ
 ရဲရဲ လှမ်း
 ရဲရဲ လျှောက်
 နောက်ကြောင်းကင်းစေ
 ပန်းတိုင်တွေဆီသို့
 ဆက်လျှောက်နေဖို့ပဲလိုတယ်
 တစ်နေ့တော့ရောက်မယ်........

 အသွားမတော် တစ်လှမ်း
 အစားမတော် တစ်လုပ်
 ငါတို့ရဲ့လုပ်ရပ်ကြောင့်
 ဘ၀အဆုံးမသတ်စေနဲ့
 လမ်းမှန်တွေဖောက်
 ဆက်လျှောက်ရမယ်.......

 လက်ရှိဘ၀
 လက်တွေ့ကျကျ
 သမာအာဇီနဲ့
 ငါတို့ရဲ့အနာဂတ်တွေ
 အဓွန့်ရှည်ရှည်
 တည်တန့်စေဖို့
 ငါတို့ ရုန်းကန်နေကြတယ်......

 စားတုန်း သွားတုန်း ရုန်းကန်တုန်းမှာ
 ဘယ်သူတွေ ဘယ်လိုချမ်းသာတယ်
 ဘယ်သူတွေ ဘယ်လိုသုံးနိုင်တယ်
 ဘယ်သူတွေ ဘာလုပ်တယ်မသိ
 အဲဒါကိုကြည့်ပြီး
 ကိုယ့်ဘ၀ ကိုယ်ငြီးနေမဲ့အစား
 ခြေလှမ်းတွေမမှားဖို့
 ကိုယ့်လမ်း ကိုယ့်ဖောက်
 ကိုယ့်လမ်း ကိုယ်လျှောက်
 ရောက်သလောက်ပေါ့။။ ။

    AungZawHtay
 19:38. 3 11 2019

Saturday, November 2, 2019

""ကျေးဇူးရှင်သို့""

""ကျေးဇူးရှင်သို့""
🕛🕧🕐🕜🕞🕟🕔

    ကျေးဇူးတရားကြောင့်
    ပြောချင်တဲ့စကား
    "ဆွံအ"သွားခဲ့တယ်
     တစ်ကယ်တမ်း......
    "အ"တယ်လို့များထင်နေပြီလား........

    ကျေးဇူးတရားကြောင့်
    ဖြစ်ချင်"ဆန္ဒ"
    မျိုသိပ့်ခဲ့ရ
    အ "အ"လို့ပဲ
    ထင်နေသလား........

     ကျေးဇူးတရား
     အကျိုးအကြောင်းများကြောင့်
     စာနာထောက်ထား
     "အ""အ"သွားတာ
     တကယ်တော့
     ကျေးဇူးဆပ်ခြင်းတစ်မျိုးပါ........

     ကျေးဇူးတရား
     သိတတ်နားလည်
     "အ"တယ်ပြော‌ပြော
      သင့် သဘောပါ
     "ကျေးဇူးတင်နေမှာ"
      "အ"တယ်ထင်ချင် ထင်လိုက်ပါ။ ။

                       (ခံစားမှု့စာစု)
           AungZawHtay  20:31
                       2 11 2019

Tuesday, October 22, 2019

"အသင့်ပြင်ပါ"

"အသင့်ပြင်ပါ"
🚩🚩🚩🚩🚩🚩🚩

  ဘယ်သူတွေဘာလုပ်လုပ်
  ကိုယ့်အလုပ် ကိုယ်လုပ်ကြမယ်
  လုပ်စရာတွေအများကြီး
  2020 နီးပြီ
  NLD အပေါင်းတို......

  ဘယ်သူတွေဘာပြောပြော
  ကိုယ့်သဘောနဲ့ကိုယ်
  လိုအပ်တာကိုတွေး
  NLD ကိုဖေးမ
  2020 မှာအနိုင်ရဖို့......
 
  ဘယ်သူတွေဘာထင်ထင်
  အဖြစ်မှန်ကိုရှင်း
  ပြည်သူ့ကိုအလင်းပြ
  NLD ဆိုတာ
  2020 မှာ နိုင်ကိုနိုင်ရမယ်.....

  အခြေအနေတိုင်း
  NLD သမိုင်းဟာ
  ဘယ်တော့မှမရိုင်းစေရ
  ပြည်သူတွေနဲ့ တစ်သားထဲကျကြောင်း
  သက်သေကောင်းကောင်းပြ
  2020 အတွက် အသင့်ပြင်ကြရအောင်။

စာကြွင်း။ ။ (ယခုစာစုလေးဟာ စိတ်တူကိုယ်တူ အမေစုကိုချစ်မြတ်နိုးထောက်ခံသူ မိဘဆရာ မိတ်ဆွေ သူငယ်ချင်း အပေါင်အသင်းများကို ကိုယ်အလုပ်ကိုယ်လုပ်ဖို့ 2020အတွက် ပိုပြီးအာရုံစိုက်နိုင်ဖို့ရည်ရွယ်ပါတယ် အမှားပါရင်တောင်းပန်ပါတယ်)

AungZawHtay
22 10 2019 20:51

Monday, October 21, 2019

"ဥပေက္ခာလောကသား"

"ဥပေက္ခာလောကသား"
🦇🦇🦇🦇🦇🦇

သိ  တယ်
မသိ  သလိုနတော
ခဏခဏတော့
လာလာ မညာနဲ့.....

တတ်တယ်
မတတ်သလိုနေတာ
ဆရာကြီးအထာနဲ့
သင်ပြမနေနဲ့.....

မြင်တယ်
မမြင်ချင်သလိုနေတာ
မမြင်ရဘူးထင်ပြီး
မရှင်းမရှင်းမလုပ်နဲ့......

ကြားတယ်
မကြားချင်သလိုနေတာ
မကြားဘူးထင်ပြီး
နုတ်စည်းမစောင့်မလုပ်နဲ့......

'သိ' 'တတ်' 'မြင်' 'ကြား'
အရုံခံစားရင်း
ငါကြီးပြင်းခဲ့တာ
တော်တော်တောင်ကြာပေါ့.....

ကြာလာတာနဲ့အမျှ
နေသားလဲကျပြီ
အတိုက်အခံလုပ်ဖို့မရည်ရွယ်
ဥပေက္ခာပြုနိုင်မဲ့တစ်နေ့
အားလုံး မေ့ ထားလိုက်မယ်။

AungZawHtay
21 10 2019 19:48

Sunday, October 20, 2019

"ပုံမှန်အတိုင်းပါပဲ"

"ပုံမှန်အတိုင်းပါပဲ"
☑️☑️☑️☑️☑️☑️

ငါဟာ 'နေမင်း'
ငါ့အလင်း‌တွေ
ကမ္ဘာမြေအတွက်
နေ့စဉ်ရက်ဆက်
ထွန်းလင်းလျှက်.......

ငါဟာ 'လမင်း'
ငါ့အလင်းတွေ
ကမ္ဘာမြေအတွက်
ညစဉ်ရက်ဆက်
အလင်းပြလျှက်........

"နေမင်း"
"လမင်း"
ဒီအလင်းက
နေ့နေ့ ညည
ပုံမှန်နေသားကျလို့.......

အခိုက်အတန့်
အခန့်မသင့်
အဆင်သင့်မဖြစ်ခင်
ဥတုတွေဖေါက်ပြန်ရင်ပေါ့
သူတို 'အလင်း'တွေ
ကမ္ဘာမြေဆီမရောက်တော့ဘူး........

အဲ့ဒီအခါ
'နေ' ရော 'လ' ပါ
သူတို့မှာတာ၀န်မရှိ
နဂိုအတိုင်း
သူတို့ "အလင်း"နဲ့သူတို့
ပုံမှန်အတိုင်းရှိလို့ပါပဲ။ ။

AungZawHtay
20 10 2019 19:10

Friday, October 11, 2019

""ကိုယ့်ကိုာ်ကိုယ်ချစ်ပါ""

""ကိုယ့်ကိုယ်ကိုယ်ချစ်ပါ""

👨‍👩‍👧‍👦👨‍👩‍👧‍👦👨‍👩‍👧‍👦👨‍👩‍👧‍👦👨‍👩‍👧‍👦👨‍👩‍👧‍👦👨‍👩‍👧‍👦👨‍👩‍👧‍👦👨‍👩‍👧‍👦👨‍👩‍👧‍👦

   ရခဲလှတဲ့ဘ၀မှာ
   လူဖြစ်လာခဲ့ပြီးမှ
   ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ကျ
   မေ့နေခဲ့ကြတယ်.......

   အဖိုးရယ်
   အဖွါးရယ်
   အဖေရယ်
   အမေရယ်
   ဆွေမျိုး/ရွှေမျိုး
   ညီကိုမောင်နှမနဲ့အမျိုးတွေရယ်
   အားလုံးကိုချစ်ခဲ့တယ်.......
 
   ခင်ပွန်း/ဇနီး
   သားသမီးနဲ့
   နှစ်ဖက်မိဘ
   တူ/တူမလဲ
   ချစ်ခဲ့ပြီးပြီ.......

   ချစ်ခြင်း မုန်းခြင်း
   ခွင့်လွတ်ခြင်းတွေ
   စွန့်လွတ်ခြင်းတွေ
   အထွေထွေများစွာ
   အခြေအနေများစွာ
   အဖြေတွေများစွာ
   တစ်ခါမှမရှာကြည့်မိ........

   ခုတော့သိပြီ......
   ငါ့ ကိုယ်ငါကျ
   သတိမရ
   မချယ်"သ"မိ
   ကိုယ့်ကိုယ်ကိုယ်လဲချစ်ကြည့်ဖို့
   တစ်ချို့ တစ်ချို့ကို
   သူ့အလိုကျ
   "ဖြစ်ခြင်း"လို့ပဲဖြေသိပ့်ရမယ်.........

   ဒါကြောင့်
   ရခဲလှတဲ့ဘ၀
   လူဖြစ်လာခဲ့ပြီးမှ
   တရားဓမ်မ
   သတိတရနဲ့
   ကိုယ့်ကိုယ်ကိုယ်လဲ
   ချစ်ရတော့မယ်။   ။

 (ဘ၀ရဲ့အမှတ်တရခံစားမှု့စာစု)
     AungZawHtay
  11 10 2019. 19:40

မှတ်ချက်။   ။(မိမိတစ်ဦးထဲခံစားမှု့စာစုလေးဖြစ်ပါတယ် လူတိုင်းနဲ့မတိုက်ဆိုင်နိုင်သလို တိုက်ဆိုင်ခဲ့ရင်လဲ တိုက်ဆိုင်တယ်လို့ပဲသဘောထားပါ)

Wednesday, October 9, 2019

""ထန်းလက်ခုံလေး""

""ထန်းလက်ခုံလေး""
__________________

 စိတ်‌အမောဖြေဖို့အရေး
 ထန်းလက်ခုံပက်လက်ကလေး
 အညာဒေသလေးဆီက
 အမှတ်တရ၀ယ်လာခဲ့တယ်
 အိမ်ရှေ့လေးမှာထိုင်မယ်ပေါ့.......

 အားလပ်ချိန်လေး
 ကိုယ့်ဘာသာထိုင်ရင်းငေးရင်း
 တွေးရင်းစိတ်ဖြေ
 ဗာဒံပင်ခြေနဘေး
 အိမ်ရှေ့နေရာလေးက
 အရိပ်အေးလေးအောက်မှာ
 ချထားတာကြာ
 ထိုင်ဖို့ရာပေါ့.......

 နေ၀င်ဆည်းဆာအချိန်
 တိမ်တွေလဲတောက်လို့
 ငါ့အဖို့ခဏလောက်အား
 အပန်းများ‌ပြေမလားရယ်
 ဗာဒံခြေပင်အရိပ်နား
 ခုံလေးချဖို့သွား
 နားမလို့ပေါ့လေ......

 နား‌နေမဲ့စိတ်ကူးကလေး
 မနက်ဖြန်များကိုငေးရင်း
 ဟိုသတင်း ဒီသတင်း
 ဟိုအချင်း ဒီအချင်း
 အဆင်ပြေမလားတွေးရင်း
 ပြင်ရင်းဆင်ရင်းက
 အဲ့ဒီနေ့ကလဲ
 မထိုင်ဖြစ်ခဲ့ဘူးပဲ......

 စိတ်‌အမောဖြေဖို့အတွက်
 ထန်းလက်ခုံပက်လက်ကလေး
 အညာဒေကလေးဆီက
 အမှတ်တရ၀ယ်လာခဲ့တယ်
 အိမ်ရှေ့လေးမှာထိုင်မယ်ပေါ့
 အငြးးးးးးးးး
 တစ်နေ့တော့ ထိုင်ဖြစ်မှာပါ။။

      (ခံစားမှု့စာစု)
AungZawHtay
9 10 2019 20:27

Sunday, October 6, 2019

""ဇဝေဇဝါ""

""ဇဝဇေဝါ""
 #######

လုပ်ချင်တာကတစ်ခြား
လုပ်ဖြစ်သွားတာကတစ်ခု.......

ဖြစ်ချင်တာကတစ်ခြား
ဖြစ်သွားတာကတစ်ခု........

ဒီလိုနဲ့
လုပ်တာတစ်ခြား
ဖြစ်သွားတာတစ်ခု........

အဲ့ဒီ
တစ်ခုခုကို
တစ်ကယ်လုပ်တော့လဲ
အလွဲလွဲ အမှားမှား
တကယ်အလုပ်ဖြစ်သွားသလားဆိုတော့........

အခုအချိန်အထိတော့
မရေ မရာ
မသေ မချာ
"ဇဝဇေဝါ"နဲ့
"ငုတ်တုတ်မေ့"နေဆဲပါ။။  ။

  AungZawHtay
6 10 2019  20:41

Thursday, October 3, 2019

ကမ္ဘာ

"" #ကမ္ဘာ""
🌏🌏🌏🌏🌏

🌏သက်ရှိ သက်မဲ့

   🌏ဒြပ်ရှိ ဒြပ်မဲ့

       🌏ဒြပ်ရှိ သက်မဲ့

          🌏ဒြပ်မဲ့ သက်ရှိ

             🌏ရိုးရိုးလေး တွေးကြည့်လိုက်ပါ

                🌏အားလုံးဖြစ်တည်ခွင့်ရှိပါတယ်။

🌏🌏🌏🌏🌏
   (ရေးမိရေးရာ)
Aung Zaw Htay
27,9,2019 20:28

လုပ်ချင်တာလုပ်

""လုပ်ချင်တာလုပ်""
🗣🗣🗣🗣🗣🗣🗣

🇲🇲သိမ်းမယ်ဆိုလဲ အမြန်သိမ်း
    အာဏာကိုမှိန်းမော
    ဟိုပြောဒီပြောမလုပ်နဲ့.....

👮လုပ်မယ်ဆိုလဲ အမြန်လုပ်
    ဟိုမဟုတ် ဒီမဟုတ်
    ကြောင်တောင်တောင်တွေမလုပ်နဲ့......

✋၀န်ခံမယ်ဆိုလဲ အမြန်၀န်ခံ
    တကယ်အမြင်မှန်ရမှ
    ဟိုဆွ ဒီဆွတော့မလုပ်နဲ့...... 🙏

👮မှားရင် မှားတယ်
    မှန်ရင် မှန်တယ်
    နှစ်သွယ်ဒီလမ်း
    ရဲရဲလှမ်း
    ရဲရဲလျှောက်
    ကိုယ်လမ်းကိုယ်ဖေါက်
    မကြောက်ပါနဲ့.....

🌏ကိုယ့်သမိုင်းနဲ့ ကိုယ်
    ကိုယ့်လိုင်းနဲ့ ကိုယ်
    ချိုသလား ခါးသလား
    အချိန်ကပဲ အဆုံးအဖြတ်ပေးသွားမှာပါ။

     (ခံစားမှု့စာစု)
🕊AungZawHtay🕊
  24 9 2019 20:05

မရေးဖြစ်တဲ့စာ

"မရေးဖြစ်တဲ့ စာ"
📝📝📝📝📝📝📝

ဟိုတွေး ဒီတွေး
ဟိုဆွေး ဒီဆွေး
ဟိုရေး ဒီရေး
ဟိုငေး ဒီငေးနဲ့.....

ရေးချင်တာကများ
တွေးချင်တာကများ
ဟိုရောက်သွား
ဒီရောက်သွား
(တကယ်တမ်းတော့)
ငေးနေတာကများတယ်.....

တွေးရင်း ရေးရင်း
ဆွေးရင်း ရေးရင်း
ငေးရင်း ရေးရင်း
ရေးရင်း ရေးရင်း
လိုရင်းမရောက်
ဂယောင်ချောက်ခြား
ရေးရင်ဗျာများ
ဆက်မရေးအား
ဆက်မတွေးအား
ဆက်မငေးအား
အဲ့ဒီလိုနဲ့ပဲ ခဏနား
ဘာမှ မရေးသားလိုက်ရဘူး။

AungZawHtay
8 9 2019 20:58

ခဏလေးပါပဲ

""ခဏလေးပါပဲ""
👣👣👣👣👣👣👣

အချစ်နဲ့အမုန်း
အပြုံးနဲ့အမဲ့
အရွဲ့နဲ့အစောင်း
အကောင်းနဲ့အဆိုး
အကျိုးနဲ့အပြစ်
အစစ်နဲ့အတု
တစ်ခုမှ ငါ
မပိုင်တာသိ
တွေးဆမိရင်း
ချစ်ခြင်း
မုန်းခြင်း
ပိုင်ဆိုင်ခြင်းမှာ
သေချာတွေး
သေချာငေးရင်း
ဖြစ်ခြင်းပျက်ခြင်း
ချိန်ဆရင်း ငါ
နောက်ဆုံးမှာ
ဗလာနတ္ထိ
(သေရာပါတာ)
ဘာမှမရှိ
ဒီ.. အသိလေး
တခဏတွေး
တခဏငေး
တခဏဆွေး
ဪ........
တခဏလေးပါပဲ။   ။

(ခံစားမှု့စာစု)
AungZawHtay
8 9 2019 19:33

"အဖေ" ပေးတဲ့ "အမွေ"

"အဖေ" ပေးတဲ့ "အမွေ"
-----------------------------
*အဖေ.....................
 ရိုးရှင်းတဲ့ နာမ်စား
 မိသားစုတွေကြားမှာ
 တော်တော်လေး အရေးပါ
 အစားထိုးဖွယ်ရာမရှိ
 တန်ဖိုးဆိုတာခုမှသိရ
 နောက်ကျခဲ့ပြီလေ.........
*"ဖေကြီး.....ပုံပြောပြ"
  "ဖေကြီး.....သီချင်းဆိုပြ"
  "ဖေကြီး.....အိမ်ပြန်နောက်မကျနဲ့"
  "အိမ်ပေါက်၀က ကျွန်တော်
   ဖေကြီးကို  မျှော်နေမှာနော်"
  "စားစရာ.........၀ယ်ခဲ့"
  "ကစားစရာ.....၀ယ်ခဲ့"
  ငယ်ဘဝလေးရဲ့ "ရသ"
  အဖေ့ဆီကပဲရခဲ့တာ......
  အဖေဟာ
  သင်ခွင့်ပေးခဲ့တဲ့   ဆရာ
  မြင်ခွင့်ပေးခဲ့တဲ့  ဆရာ
  ကြားခွင့်ပေးခဲ့တဲ့  ဆရာ
  ကျွန်တော့်အတွက်တော့ ကမ္ဘာ
  အန္နတဂိုဏ်း၀င်ပါ......
  ခုနေခါတော့
 *အဲ့ဒီ "အဖေ့"နေရာမှာ
   "အဖေ့ ခြေရာ"မှီဖို့
   "သမီး...သား"တို့"အဖိုး"ဆီက
   "ကျွန်တော်မျိုး"ရလိုက်သော"အမွေ"
    မင်းတို့ရဲ့"အဖေ"ပေါ့။    ။

(၁၂,၃,၂၀၁၇ တပေါင်းလပြည့် အဖေနေ့အမှတ်တရ)
                     ခံစားမှု့စာစု
                   အောင်ဇော်ဌေး
                 11,3,2017 20:34

နှစ်သိမ့်တေး

"နှစ်သိမ့်တေး"
________________________aungzawhtay

ဇရာကဝါးမြို
ငါကိုယ်မှာခွန်အား
ယုတ်လျှော့သော်ငြားလည်း
ဥပက္ခာမထားပါနဲ့....

ငါ့ရဲ့အသွေးအသားထဲမှာ
ငါရဲ့နှလုံးသားထဲမှာ
ငါ့ရဲ့ဦးနှောက်တွေထဲမှာ
ငါ့အသိုက်အမြုံလေးသာ
အနှိုင်းမဲ့ကမ္ဘာ
ရင်ဆိုင်စရာသတ္တိ
နောက်ဆုံးထွက်သက်အထိ
ငါ့ဆီမှာအပြည့်ရှိတယ်.....

ငါ့ရဲ့နုပျိ ုခြင်းတွေ
ငါ့ရဲ့ထက်မြတ်ခြင်းတွေ
ငါ့ရဲ့စွမ်းဆောင်နိုင်ခြင်းတွေ
ငါ့ရဲ့အောင်မြင်ခြင်းတွေ
အဲ့ဒီအထွေထွေအားလုံး
ဒီအသိုက်အမြုံလေးနဲ့ကုန်ဆုံးခဲ့ရ
ငါနောင်တမရခဲ့ဘူး......

အိမ်သူရေ
လောကဓံတရား
အရွယ်သုံးပါးမှာ
ပေဆပ်ခြင်းများစွာ
ကျေနပ်ခြင်းများစွာ
မျော်လင့်ခြင်းကင်းစွာ
ညှာတာရင်း
စာနာရင်း
အတူတူရိုင်းပင်းလို့
ရေစုန်မှာခရီးနင်း
ငါနဲ့အတူစီးဆင်းလိုက်ပါ.....

ရေစီး နဲ့ ရေဆန်
အပြန်အလှန်ခရီး
နီးနီးဝေးဝေးပေါ့
တစ်နေ့တော့ရောက်မယ်
ဘယ်လိုပဲဖြစ်ဖြစ်
မေတ္တာစစ်မွေး
ဒီအသိုက်အမြုံလေးနွေးထွေးဖို့
ပွေ့ဖက်ထားကြပါစို။  ။

အောင်ဇော်ဌေး
(ခံစားမှုစာစု)
27 6 2018 9:07

"ငယ်ပေါင်းကျောင်းဖော်"

"ငယ်ပေါင်းကျောင်းဖော်"
[][][][][][][][][][][][][][][][]

 ငယ်ကလဲ ပေါင်း
 ကျောင်းသွားလဲ အဖေါ်
 ပျော် လဲ အတူ
 မော် လဲ အတူ
 ချော် လဲရင်လဲအတူ
 စော်တွေ တွဲရင်လဲအတူ
 အတူတူ အတူတူ
 ပူပူ အေးအေး
 တစ်ယောက်ကို တစ်ယောက်ဖေးမ
 ငယ်ဘ၀ကိုသတိရမိ
 ပြန်ငယ်ကြည့်ချင်လိုက်တာ။  ။

(သူငယ်ချင်းအတွက်ဒီနေ့အမှတ်တရရေးမိတဲ့ စာစုလေးပါ)
AungZawHtay

ပြိုင်ပွဲ

"ပြိုင်ပွဲ"
#####

"အသိ"ချင်းမပြိုင်နဲ့
"သတိ"ချင်းပြိုင်

"သတ္တိ"ချင်းမပြိုင်နဲ့
"တတ်သိ"တာချင်းပြိုင်

"လောဘ"ချင်းမပြိုင်နဲ့
"သောက"ချင်းပြိုင်

"အပြော"ချင်းမပြိုင်နဲ့
"အလုပ်"ချင်းပြိုင်

"အရိုင်း"ချင်းမပြိုင်နဲ့
"သမိုင်း"ချင်းပြိုင်

"အမုန်း"ချင်းမပြိုင်နဲ့
"အပြုံး"ချင်းပြိုင်

ဘာပဲပြိုင်ပြိုင်
နိုင်နိုင်ရှုံးရှူံး
အပြုံးမပျက်
စိုနေတဲ့လက်ကလေး
မခြောက်သွေ့ဖို့အရေး
"မာန"လေးတွေဘေးချ
"လူ ပီသ"လိုက်ကြစို့။   ။

Aung Zaw Htay
18 6 2019 20:38

ခရီးရှည်

"ခရီးရှည်"
👣👣👣👣👣

ဘ၀ဆိုတာကို
သန္ဓေတည်ခြင်းကစ
ဒီလောကထဲ
ခြေချခဲ့ကြတယ်......

မွေးဖွားခြင်းအတွက်
လက်သည်ကိုအားကိုး
ကိုယ်တိုင်လဲကြိုးစား
ညှစ်အားလေးတော့လိုတာပေါ့.....

ရပ်တည်ရှင်သန်ခြင်းအတွက်
အဖက်ဖက်ကသင်ယူ
ကိုယ်တိုင် ထူ
ကိုယ်တိုင် ထ
ကိုယ်လုပ်မှကိုယ်ရတယ်ဆိုပေမဲ့
တရားမျှတဖို့လဲလိုတယ်.....

အခြေအနေအရ
လောဘ ဒေါသ မောဟ တွေ
လူတိုင်းဆီမှာရှိနေကြတယ်
ရှိနေကြမယ်
ရှိနေရအုံးမယ်လေ.....

ဒါတွေဟာတစ်နေ့ကျ
သံဝေဂရရ မရရ
ကျောခိုင်းထားခဲ့ရမယ်.....

သန္ဓေတည်ခြင်းနဲ့စတဲ့ ဘ၀
သန္ဓေတည်ခြင်းရဲ့အဆုံး
ရှင်သန်နေတုန်းလေး
နိဂုံးလဲလှစေ
ဘ၀ ဘ၀ တွေအဆက်ဆက်
ခရီး ခရီး တွေဆက်နိုင်ပါစေ။

👣👣👣👣👣👣👣👣👣👣👣👣
Aung Zaw Htay
1 7 2019  07:38 am

လူ

" လူ"
👬👫👬👫

ဗုဒ္ဓဘာသာကမွေး
ဗုဒ္ဓဘာသာကလေး
ဗုဒ္ဓကလေး......

ခရစ်ယာဉ်ဘာသာကမွှေး
ခရစ်ယာဉ်ဘာသာကလေး
ခရစ်ယာဉ်ကလေး......

ဟိန္နူဘာသာကမွေး
ဟိန္နူဘာသာကလေး
ဟိန္နူကလေး......

အစ်လာမ်ဘာသာကမွေး
အစ်လာမ်ဘာသာကလေး
အစ်လာမ်ကလေး......
................
....................
ဘာ ဘာသာက မွေးမွေး
ဘာ ဘာသာ ကလေးဖြစ်ဖြစ်
လူ စင်စစ်က မွေးရင်
လူ လိုတွေးခေါ်
လူ လိုမျှော်မြင်
လူ တိုင်း လူတိုင်းကို
လူ လိုပဲမြင်စေချင်တယ်။   ။

Aung Zaw Htay
6 7 2019 08:08am

"" အညာခံရသော နိုင်ငံရေး""

"" အညာခံရသော နိုင်ငံရေး""
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

  ဟုတ်ပြီ ........
  ဘယ်ကပစ်မှန်းမသိ
  ဘယ်သူပစ်မှန်းမသိ
  ဘယ်ကိုပစ်မှန်းမသိ
  "ဝုန်း ဆိုပြီး"
  ကိုယ့်ကို(ကိုယ့်မိသားစုအိမ်ပေါ်) လာထိမှ
  နာကြည်းပြ
  မုန်းတီးပြ
  ကြေကွဲပြ
  အသနားခံပြလိုလဲ
  အပိုပဲဖြစ်မှာပါ.......
 (ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တွေ)
 " အညာခံနေရတာ"
 " နှစ်တွေအတော်တောင်ကြာပြီပဲ"........

  ဒီတော့.....
 "ငတ်" မှာတစ်ခုထဲမတွေးနဲ့
 " သေနတ်"တွေလဲ သတိထားပါ
 "ပါးစပ်"တွေလဲ သတိထားပါ...

  "ပါးစပ်တွေက ညာ"
  "သေနတ်တွေက ဖွါ"
  "ငတ်ပြီး သေတာကမှ"
  " ဖြေသာသေးတယ်"....

ခုတော့........
  ဘယ်ကပစ်မှန်းမသိ
  ဘယ်သူပစ်မှန်းမသိ
  ဘယ်ကိုပစ်မှန်းမသိ
  တစ်ကယ်တမ်း
  ကိုယ့်ကို(ကိုယ့်မိသားစုအိမ်ပေါ်) လာထိမှ
  ကျိတ်မနိုင် ခဲမရ
  လက်ညိုးထိုးပြစရာမရှိ
  စိတ်ဒါဏ်ရာတွေပိ
  "သေ" မှန်းတောင်မသိလိုက်ဘူး.....
 
အဲဒီတော့........
""နိင်ငံရေး"" ဆိူတာလေး
""စိတ်၀င်စားပေးပါ""
""ငါတို့ မျိုးဆက်တွေ""
""အညာမခံရအောင်ပေါ့""။  ။

AungZawHtay
1 9 2019 20:04
မှတ်ချက်။   ။ဒီစာစုလေးမှာ အမှားပါခဲ့ရင် နားလည်ခွင့်လွတ်ပေးပါ။

""နုတ်ဆက်ခြင်း""

""နုတ်ဆက်ခြင်း""
🌪🌪🌪🌪🌪🌪🌪

ဒီအကောင့်လေးဆီက
like လဲမရ...
comment လဲမရ...
haha လဲမရ...
စတေကာကာလေးတွေလဲမရ...
ပိုစ့်တွေတင်တာလဲမတွေ့ရတော့ရင်......
ကြိုပြောထားချင်မိ
နုတ်ဆက်ကြည့်ပါရစေ။

သင်သတိထားချင်မှထားမိမယ်
သင်သတိထားရင်လဲထားမိမယ်
သတိထားထား မထားထား
မကြည့်အားအား ကြည့်အားအား
(ဒီအကောင့်လေး)
နုတ်ဆက်လက်ပြ
ခွဲခွာရမယ်...........
အားလုံးဟာ ဧည့်သည်လေ။

ဘယ်နေ့ ဘယ်ရက်
ခန့်မှန်းဖို့ခက်ပေမဲ့
အခုလား တော်ကြာလား
နက်ဖြန်လား သဘက်ခါလား
လား...လား... လား
ကွေးသောလက်တွေ မဆန့်အားခင်
သေချင် သေမယ်
သွေဖယ်လို့မရ
အနိစ္စ ဒုက္ခ အနတ္တ
သင်္ခါရသဘော
မမြဲသောအသိနဲ့
နုတ်ဆက်ကြည့်ခဲ့ပါရစေ...

ဒီအကောင့်လေးဆီက
like လဲမရ...
comment လဲမရ...
haha လဲမရ...
စတေကာကာလေးတွေလဲမရ...
ပိုစ့်တွေတင်တာလဲမတွေ့ရတော့ရင်......
ကြိုပြောထားခဲ့မယ်
နုတ်ဆက်ခဲ့ပါတယ်လို့ပေါ့။    ။

AungZawHtay
19 8 2019 20:23

၀ိညာဉ်များနှင့် ကခုန်ခြင်း

၀ိညာဉ်များနှင့် ကခုန်ခြင်း
🌪🌪🌪🌪🌪🌪

မတွေးချင်...
မမြင်ချင်...
မကြားချင်...

လက်တွေ့...သိ
လက်တွေ့... မြင်
လက်တွေ့... နားနဲ့ဆတ်ဆတ်ကြား
ကိုယ်ချင်းစာတရားနဲ့
ဘယ်လို့မှခံစားလို့မရ
ဆွံအ ကြေကွဲ
မျက်ရည်ဝဲမိ
ကြုံဖူးမှသိမယ်။

ကံ ကံ၏အကျိုးမို့
ဆိုးဆိုးကောင်းကောင်း
အတိတ်ကံ အကြောင်းလို့ပဲ
ခွင့်လွတ်နေဆဲလား?

ကိုယ် ဘ၀ ကိုယ်
"ကံ ညဏ် ၀ရိယ"
အသုံးချ "ရုန်းထ"နေတုန်း
"ဝုန်း" ဆို ပြီးဆုံး
(အသင်တို့ရဲ့ ဝိညာဉ်တွေ)
ဘယ်မှာအဆုံးသတ်
ဘယ်ခရီးကိုဆက်ကြမလဲ.....

၀ိညာဉ်တွေ....
၀ိညာဉ်တို့ရေ
"သေခြင်း" နဲ့ "ရှင်ခြင်း"အကြား
ဘ၀ တစ်ခုမခြားခင်
အမှန်တရားတစ်ခုကိုမြင်စေချင်တယ်
ငါတို့ ဘယ်လိုဖြစ်တာလဲ?
ငါတို့ ဘာကြောင့်ဖြစ်တာလဲ?
သဲသဲကွဲကွဲ
စွဲစွဲမြဲမြဲ မသိခင်
ဒီ "သေခြင်း"တရားနဲ့
ထိုက်တန်ရဲ့လား......

ကဲ  ဝိညာဉ်တို့ရေ
ဘယ်မှမသွားပဲ
"အမှန်တရား"  နဲ့
ကခုန် လိုက်ပါ။   ။

AungZawHtay
11 8 2019 21:11

""နောက်ကျတဲ့ အသိ(သို့) ၀ဋ်""

""နောက်ကျတဲ့ အသိ(သို့) ၀ဋ်""
👩‍👩‍👦‍👦👩‍👩‍👦‍👦👩‍👩‍👦‍👦👩‍👩‍👦‍👦👩‍👩‍👦‍👦👩‍👩‍👦‍👦👩‍👩‍👦‍👦👩‍👩‍👦‍👦👩‍👩‍👦‍👦👩‍👩‍👦‍👦

👩‍👩‍👦‍👦 ကျနော့်
     အဖိုး နဲ့ အဖွားက
     ကျနော့် အဖေ နဲ့ အမေကို
     ပြောခဲ့မယ်ထင်တယ်
     ၀ဋ် လည်မယ်လို့.......

👩‍👩‍👦‍👦ကျနော့်
     အဖေ နဲ့ အမေက
     ကျနော့် ကို
     ပြောခဲ့ဖူးတယ်
     ၀ဋ် လည်မယ်လို့.......
   
👩‍👩‍👦‍👦သားစဉ် မြေးဆက်
     ဘိုးစဉ် ဘောင်ဆက်
     မျိုးရိုး စဉ်ဆက်
     အစဉ် အဆက်
     အဆက်ဆက်တိုင်း
     ခိုင်းနှိုင်းဆုံးမ
     ပြောပြကြလိမ့်မယ်......

👩‍👩‍👦‍👦 သို့သော်....
     ၀ဠ် လည်တာကို
     ကိုယ်တိုင်ကြုံမှ
     သိ လိုက်ကြလို့
     ပြန်ပြောပြကြတယ်......

👨‍👩‍👦‍👦 တကယ်ဆို.....
      အစထဲက
      ဘယ်သူမှမ 'ဆုံးမ'ခင်
      ကိုယ့် အသိနဲ့ကိုယ်ပြင်ဆင်ခဲ့ရမှာ
      ခူတော့
      နောက်ကျနေပြီ။  ။

Aungzawhtay
24 7 2019 20:34

တမ်းခြင်း ၁

"တမ်းခြင်း ၁"
#########

 ကျနော့်သမီးက" ကြောင်" လေးကိုချစ်တယ်
 ထို့ကြောင့် ကျနော်" ကြောင်" လေးကိုချစ်တယ်.....

 ကျနော် သား က" ခွေး"လေးးကိုချစ်တယ်
 ထို့ကြောင့် ကျနော့" ခွေး" လေးကိုချစ်တယ်.....

  ခွေး နဲ့ ကြောင် မတည့်ကျဘူး ကမ္ဘာဦးထဲက
  ခုတော့.......

 " ခွေး" ရော" ကြောင်" ရော
  "သမီးသေဘာ သား သေဘာ"
  "သခင့်" သဘောကိုပါ သိ သလိုလိုနဲ့
  "ငြမ်းချမ်းမှု့"တွေ ရနေလေရဲ့......

  "ဒီ ခွေး ဒီကြောင် လို
   ဒီမောင်နှမ အတုယူကြ
   ငြိမ်းချမ်းချစ်ခင်ကြစေ
   တောင်းဆုချွေသည်။ "
 
   အဖေ နဲ့ အမေ ကလေ.....

  " ခွေး" လေးကို ချော့ရင်း
  "ကြောင်" လေးကို 'စ'ရင်း
    သမီး တို့ သား တို့ကို တမ်းတရင်း
   "သတိရခြင်းတွေ"ကိုဖြေသိပ်
   "ခွေး "လေးကိုလဲ စိတ်မချ
   "ကြောင်" လေးကိုလဲ စိတ်မချ
   "ခွေး နဲ့ ကြောင် လဲ
     ကောင်းကောင်းကိုမနေရ
     အဖေ နဲ့ အမေ က
     သူတို့ကိုလိုက်လိုက် "စ"နေလို့။  ။

မှတ်ချက်။   ။မိသားစုခံစားမှု့သက်သက် တိုက်ရိုက်ချရေးထားသော စာစုတစ်ခုဖြစ်ပါသည် မိသားစုမှလွှဲ၍မည်သူနှင့်မျှမသက်ဆိုင်ပါ။

   ခံစားမှု့စာစု
Aung Zaw Htay
23 5 2019/21:28

"သမိုင်းလဲ 'လှ' ထမင်း '၀' စေ"

"သမိုင်းလဲ 'လှ'   ထမင်း '၀' စေ"
######################

 မကျေနပ်တိုင်း
 လမိုင်းမကပ်
 စိတ်ဓါတ်တွေကျ
 ဖြေမရ နေမရ
 ငါ့ ဘ၀နဲ့ငါ
 မီးစဉ်ကြည့်'က'ပေမဲ့
 ဒေါသတွေက ပြောပြစရာမလို
 အခါခါ အထိုထို........

 "ဤ""သို့""ထို""သည်"
 "ဤ""သည်""ထို""၄င်း"
" ကောင်း" တဲ့အခါ "ကောင်း"
 "မကောင်း" တဲ့အခါ "မကောင်း"
 စိတ်ထောင်း ကိုယ်ကြေး
 ကိုယ်စိတ်ကိုယ်ဖြေရင်း
 "ခွင့်လွတ်ခြင်း" တွေနဲ့
 "စွန့်လွတ်ခြင်း" တွေနဲ့......

 "ခင်ဗျား"    "သင်"     " မင်း"
 လွတ်လပ်ချင်းနဲ့ တွေးခေါ်
 "သင်"" ပျော်" သလိုနေနိုင်သည်
 "သင်"" မော်" လိုက " မော်"နိုင်သည်
 "သင်"" အော်" လိုက" အော်"နိုင်သည်

 သင့် အမြင့်
 သင့် အတွေး
 ဘေးပရောဂမပါ
 သင့် ဖာသာရေး
 သင့် ယုံကြည်ချက်လေးအတိုင်း
 သင့် သမိုင်းလေး လှ စေ.....

 ကိုယ့် သမိုင်း ကိုယ်ရေး
 အခက်အခဲတွေ "တွေး"ဆ
 ကိုယ့် ကိုယ် ကိုယ်"ဖေးမ"လို့
 သမိုင်းလဲ"လှ"စေ
 ထမင်းလဲ "၀" စေ
" ပီတိ" တွေပဲ "စား" ချင်တာ။    ။

        Aungzaw Htay
 ခံစားမှု့စာစု 25 4 2019 22:55

ပြန်ဆုံမဲ့ညနေ

-------------------------------------------------------------------
  ဒီစာစုလေးက ငယ်သူငယ်ချင်း အချင်းချင်း မမျှော်လင့်ပဲပြန်ဆုံတဲ့အချိန်မှာ" စိတ်ကူးခံစားပြီး" ရေးထားတာပါ။ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပဲ စိတ်ကူးယဉ်သက်သက်ရေးထားတာပါ။
--------------------------------------------------------------------

  ""သူငယ်ချင်း(သို့) ပြန်ဆုံတဲ့ နေ့""
   ###############

   ဘ၀တစ်ကွေ့
   (မမျှော်လင့်သော)
   နေ့တစ်နေ့မှာ
   မင်း နဲ ငါ
   ငါ နဲ့ မင်း
   ထင်းခွေရင်း ရေခပ်ရင်း
   တစ်ယောက်ချင်းတစ်ယောက်
   ပြန်တွေ့တဲ့နောက်
   ငယ်ကအကြောင်း
   ကောင်းကောင်း
   မကောင်းကောင်း
   အဟောင်းတွေပစ်
   အကောင်းတွေသစ်စေ
   လက်ရှိအခြေအနေမှာ
   ဆရာကြီးမလုပ်ကြေး
   အထာကြီးမထုတ်ကြေး
   နွေးနွေး ထွေးထွေး
   ဖေးဖေး မမ
   လှိူက်လှိူက်လှဲလှဲပြုံးပြ
   ပြော ဆို ဆုံးမ
   ဆူ လိုက ဆူ
   ဆဲ လိုက ဆဲ
   ဆက်ဆံရေးမကျဲနဲ့
   ငယ်ငယ်တုန်းကလိုပဲနေပေးပါ။

    (  ခံစားမှူ့စာစု )
Aung Zaw Htay
20:27   2 4 2019

"အမြင် 'မှန်' လေး... အမြန် ' မြင်' ပေးပါ"

"အမြင် 'မှန်' လေး...  အမြန် ' မြင်' ပေးပါ"
########################

   လူ ကို လူချင်း
   စာနာခြင်း
   ညှာတာခြင်းသည်
   "လူ"လို့မည်၏......
 
   ဖြူ ချင် ဖြူ
   မဲ ချင် မဲ
   လူ ထဲက လူ
   သင် လဲ လူ
   ငါ လဲ လူ
   ဘာသာ တူတူ မတူတူ
   ပါဝါတူတူ မတူတူ
   အလွှာတူတူ မတူတူ
   သေ ရင်တော့အတူတူပဲ
   မခွဲချင်လဲ ခွဲ
   မခွဲချင်ပဲ ခွဲ
   ဘာမှ မမြဲ
   ဘာမှ အစွဲမထားနဲ့.......

   မသေခင် ခဏ
   ဆုံရတဲ့အခိုက်မှာ
   သင် နဲ့ ငါ
   ငါ နဲ့ သင်
   နင် ဘုရင်
   ငါ ဘုရင်
   နင် သခင်
   ငါ  သခင်
   ဘာမှယှဉ်မနေနဲ့
   သင် နဲ့ ငါ နဲ့
   ငါ နဲ့ သင် နဲ့
   ခင်ခင်မင် မိတ်ဆွေဖွဲ့
   အတိတ်တွေ့ထားခဲ့လိုက်ပါ.......

  သင် နဲ့့ ငါ
  အမှန်တရားကို မညာကြေး
  တွေးတွေး ဆဆ
  ဖေးဖေး မမ နဲ့
  ကမ္ဘာကြီးရဲ့အနာဂတ် လှ ဖို့
  ငါတို့ သင်တို့
  လူ ကို လူ ချင်း
  စာနာခြင်း
  ညှာတာခြင်းနဲ့အတူ
  ကမ္ဘာကြီးကိုထူထောင်ဖို့
  "အမြင်မှန်"လေး
  "အမြန်မြင်"ပေးပါ။  ။
 

Aungzaw Htay
19:39 7 4 2019
(ကမ္ဘာမြေငြိမ်းချမ်းပါစေ)

နားလည်ပေးပါ

"နားလည်ပေးပါ"
[][][][][][][][][][][][][][][]

သမီး သားနဲ့ဇနီး(မိန်းမ)ရေ
ငါ့ ကိုနားလည်ပေးပါ
ငါ မင်းတို့နဲ့ထမင်းအတူစားချင်တာ
ငါ မင်းတို့နဲ့စကားအတူပြောချင်တာ
ငါ မင်းတို့ပြောစကားကိုနားထောင်ချင်တာ
အပြန်အလန်အငြင်းပွားနေချင်တာ
အပြန်အလန်အချင်းချင်း စကားတွေ များနေချင်တာ
အဲဒါ .......
တစ်နေ့တာရဲ့အပမ်းဖြေစရာလေးပါ။

ငါမူးပြီး ရစ်နေတာတွေ
ငါမမူးပဲ ရစ်နေတာတွေ
ငါ စိတ်တိုနေတာတွေ
ငါ ဆူဆဲနေတာတွေ
ငါ ပြောဆိုသွန်သင်နေတာတွေ
ငါ ဆိုဆုံးမနေတာတွေ
ငါ သတိပေးနေတာတွေ
ငါ စိုးရိမ်နေတာတွေ
ငါ အစိုးရိမ်လွန်နေတာတွေ...
.......................
ဒါတွေ...ဒါတွေအပြင်
ညအိပ်တဲ့အခါ
တစ်နေ့တာ အမော
တစ်ခေါခေါနဲ့အိပ်မောကျ
(အဖေ့ဟောက်သံကြောင့်)
မင်းတို့ အိပ်မရဘူးလား
သီးခံပေးထားပါ
ဒါတွေ...
မကြားရ....
မကြုံရ....
မနာခံရ....
မခံစားရတဲ့.....
နေ့တစ်နေ့ကျရင်
အားလုံးအဆုံးသတ်သွားမှာပါ။

ရေ ရဲ့တန်ဖိုးကို
ရေ မရှိတဲ့အရပ်ကျမှသိမယ်

အဖေ ရဲ့တန်ဖိုးကို
အဖေ မရှိတဲ့အခါကျသိမယ်

အခုချိန်မှာ
အဖေသိတာတစ်ခုထဲပဲ
ဘာနဲ့မှ မလဲဘူး
အထူးဦးစားပေး နံပါတ် 'တစ်'
"ဒီမိသားစု"လေးပဲဖြစ်တယ်
အဲ့ဒီ အချိန်မတိုင်ခင်လေး
အဖေ့ကိုနားလည်ပေးပါ
အဖေ မူး နေပါပြီလေလို့ပေါ့။  ။

Aungzaw Htay
ခံစားမှု့စာစု
(တည်းဖြတ်ခြင်းမရှိ ခံစားရသလို တိုက်ရိုက်ချရေးထားသည် )
24,3,2019. 19:45

ဓါးတစ်လက်အား ထုဆစ်ခြင်း

""ဓါးတစ်လက်အားထုဆစ်ခြင်း""
[][][][][][][][][][][][][][][][][][][][][][][]

"သံ"ကောင်းတိုင်း
"ဓါး"ကောင်းမဖြစ်ဘူး
"ပန်းပဲ"ဆရာကောင်းမှ
"ဓါး"ကောင်းတစ်လက်ရတာ....

ဒီတော့ကာ.......
"ဓါး" ကောင်းတိုင်း
"သံ" ကောင်းလို့မဟုတ်သလို
"သံ"ကောင်းလို့
"ဓါး"ကောင်းတာလဲမဟုတ်ဘူး.....

"ဓါး"ဖြစ်လာရင်လဲ
"သုံး"နေတဲ့ "ဓါး"က
"ပိုထက်"နိုင်သလို
"ပိုပဲ့"နိုင်တယ်....
"ပဲ့ရင်"ပြင်ရမယ်
"ပြင်မရ"ရင်
"အသစ်လဲ"ရမယ်....။

"ဓါး"ဟာ
"ဓါး"နေရာမှာရှိနေရမယ်။

"ဓါး"ဟာ
"ခုတ်"သင့်တာကို
"ခုတ်"ရမယ်။

"ဓါး"ဟာ
"မထုတ်"သင့်တဲ့နေရာမှာ
"မထုတ်"ရဘူး။

"ဓါး"ဟာ
"သုံး”ရင်"ထက်"နေရမယ်.....
"ခုတ်"ရင်"ပြတ်"နေရမယ်.....

ဒီလိုပဲ.......
"မသုံး"တဲ့"ဓါး"ဆိုတာ
"ထက်"ပေမဲ့
"သံချေး"တက်နိုင်တယ်။

ဒီတော့.......
ဒီ"ဓါး"တစ်လက်
တစ်ကယ်ထက်မြက်ဖို့
ငါ့တို့ရဲ့ "ဓါး"ကို
သုံးသုံး  မသုံးသုံး
"သွေး"နေရမယ်
"ဆေး"နေရမယ်
"ဓါး"ဟာ
"ဓါး"နေရာ
အဆင်သင့်ရှိနေရမယ်။  ။

 Aungzaw Htay
12 1 2019 20:07

ဒီလိုမနေနဲ့ ဒီလိုနေ

"ဒီလိုမနေနဲ့ ဒီလိုနေ"
[][][][][][][][][][][][][][][][][][][][][][][][]

မိတ်ရင်း ဆွေရင်း
မိတ်ဖြစ် ဆွေဖြစ်
မိတ်စစ် ဆွေစစ်
အလုပ်သဘော
အပျော်သဘော
အပြု သဘော
ပျော်စေ ပျက်စေ
အားလုံးနဲ့ဆင်ပြေအောင်နေတယ်။

မည်သို့ဆိုစေ
ဘယ်သူတွေကိုမှ
ဝေဒနာမရအောင်
ရေလိုက် ငါးလိုက်
နေလိုက် စားလိုက်
ပေါ့ပေါ့ပါးပါး
"စိုသောလက်တွေ
ခြောက်သွေ့မသွားအောင်"
လူတိုင်းကိုတန်းတူသဘောထား
လူသားလို့ပဲမြင်
ခင်ခင်မင်မင်နေတယ်။

သို့သော်
ကျွန်တော်လဲ လူသား
ခံစားချက်ရှိတယ်
ပြန့်ကြားချက်ရှိမယ်
တူညီတဲ့တုံပြန်မှုရှိမယ်
ကဲ ဒီတော့မိတ်ဆွေ
ကျွန်တော့်နဲ့နေရင်
"မဲ့"မနေနဲ့
"ပြုံး"နေပါ။

          Aung Zaw Htay
ခံစားမှု့စာစု15 12 2018 3:42pm

မင်္ဂလာပါ

""မိတ်ဆွေအားလုံး မင်္ဂလာပါ""
[][][][][][][][][][][][][][][][][][][][][][][][][]

  တစ်နေ့ တစ်မျိုး
  မရိုးရအောင်
  တောင်တွေး မြောက်တွေး
  ရသ တွေပေး
  သုတ တွေပေး
  ဗဟုသုတတွေပေး
  Like ပြန်ပေးပေး မပေးပေး
  Comment ပြန်ပေးပေး မပေးပေး
  Friends တွေနဲ့မဝေးချင်ဘူး
  ကျွန်တော်ကြည်နူးနေချင်တာ
  ကျွန်တော်ပျော်မြူ းနေချင်တာ
  ဒီFriendsတွေကြောင့်ဆိုတာ
  Friends များကိုသိစေချင်တာ
  အားလုံးမင်္ဂလာပါလိုစ့်....လိုစ့်...   ။

 Aung Zaw Htay
10 1 2019. 20:20

ဥယာဉ်မှုးတို့တာ၀န်

(လွတ်လပ်ရေးနေ့အမှတ်တရစာစု)

""ဥယာဉ်မှုးတို့တာ၀န်""
##############

မျိုးစေ့ချတယ်
အပင်ပေါက်ရမယ်

အပင်ပေါက်တယ်
ဒီအပင်ရှင်သန်ရမယ်

အပင်ရှင်သန်တယ်
အပင်တည်မြဲရမယ်

အပင်တည်မြဲတယ်
အရိပ်ကောင်းရမယ်

အရိပ်ကောင်းတယ်
အခက်ချိ ုးသူကိုကာကွယ်ရမယ်

ဒီအပင်
ဒီမြေပြင်တည်သ၍
အစဉ်အဆက်
ထိန်းသိမ်းရမယ်
ကာကွယ်ရမယ်
စောင့်ရှောက်ရမယ်...

ဒါဟာ
ကိုယ်စီတိုင်းမှာတာ၀န်ရှိတယ်။

Aungzaw Htay

အသိ

""အ သိ""
_____________________AungZawHtay

"တွေး" တယ်
"ငေး" တယ်
"ဆွေး" တယ်...
"ဦးနှောက်"  ရှိလို့
"မျက်စိ"  ရှိလို့
"နှလုံးသား"  ရှိလို့...

"ပြော"   တယ်
"ဟော"   တယ်
"ကော"   တယ်...
"ပါးစပ်"  ရှိလို့
"သိ"  စေချင်လို့
"ဆူဆဲ"  ချိန်တန်လို့...

"သိ"  တယ်
"တတ်"  တယ်
"မှတ်"  တယ်...
"ကြုံ "  ခဲ့လို့
"သင်"  ခဲ့လို့
"မမေ့"  လို့...

"နာ"  တယ်
"စွာ"  တယ်
"ခွါ"  တယ်...
"ခံ"  ရဖူးလို့
"တုံ့ ပြန်"  တတ်လို့
"မပေါင်းအပ်"  လို့...
..........
လို့...လို့...လို့
..............
ငါ့အဖို့
"ငါ့ အတ္တ"တစ်ချိ ု့ဟာ
တစ်ကယ်တော့
"အားလုံး"  အဖို့ပါ....

"ငါ့အလုပ် ငါလုပ်"
"ငါ့အလုပ် ငါသိ"
"ငါ့အလုပ်ဟာ ငါ့မှာ တာ၀န် ရှိတယ်"
ငါ ဒီလောက်သိသလို
"သင်"  လဲသိမယ်
"မသင်"  လဲ သိတယ်
"မသိချင်လဲ အရှိအတိုင်းရှိမယ်"
"အသိ ဟာ အရှိအတိုင်းပါပဲ"
"ရှာဖွေတတ်ဖို့ပဲလိုတာ"။  ။

(ခံစားမှု့စာစု)
Aung Zaw Htay
1 1 2019. 20:19

အမြင်

"အမြင်"
__________________________________

 အမြင့်ဆုံးကို မော့ကြည့်မိတယ်
 အနိုင်းအဆမဲ့ တိမ်ပြာပြာတွေနဲ့
 ကြည်လင်လှပသောမြင်ကွင်း
 ရှင်းလင်းတောက်ပ ကြည့်မ၀ ရှု့မ၀
 ဘယ်မှာအဆုံးသတ်ကြသလဲ....

 အနိမ့်ဆုံးကို ငုံ့ကြည့်မိတယ်
 အဆုံးအစမဲ့ချောက်ကမ်းပါး
 မဲမှောင်နေသော မီးခိုးငွေ့များ
 မျက်ရည်မိုးစက်များ      
 မကြည်ချင်သော်ငြား
 ဘယ်မှာအဆုံးသတ်သွားသလဲ....

 သြော်....ဘ၀ဆိုတာ
 မျက်စိတစ်မှိတ်
 လျှက်တစ်ပျက်
 တစ်ခဏတာလေးမှာ
 မြင်အောင်ကြည့်ပေးတတ်ဖို့ပဲလိုတာ။

AungZawHtay
30 12 2018

မိတ်ဆွေစစ်

"ဖတ်မိသမျှ  သုတရသစာပေအပိုင်းအစများ"

မိတ်ဆွေစစ်
========================
ကြောင်နဲ့ ဝက်က သူငယ်ချင်းတွေ။
တစ်နေ့ သူတို့နှစ်ယောက်လမ်းလျှောက်လာရင်း ကြောင် က မုဆိုးထောင်ထားတဲ့ ကျင်းကြီးထဲ ပြုတ်ကျသွားတယ်။
ဝက် ကကြိုးအရှည်တစ်ချောင်းသွားရှာလာတယ်။
ကြောင်က ဝက်ကို ကြိုးပစ်ချခိုင်းတယ်။
ဝက်က ကြိုးအခွေလိုက် ပစ်ချပေးလိုက်သည်။
ကြောင်က ဒေါသထွက်ပြီးပြောတယ်။
"နင် ဒီလိုပစ်ချတော့ ငါက ဘယ်လိုတက်လာရမလဲ.. " တဲ့

" ဒါဆို ငါဘယ်လိုလုပ်ရမှာလဲ " လို့ ဝက်က မေးတယ်။
"ကြိုးတစ်ဖက်ကို လက်ကကိုင်ထားရမှာလေ.." လို့ ကြောင်ကပြန်ဖြေတယ်
ဝက်က ချက်ချင်း ကျင်းထဲ ခုန်ချလိုက်ပြီး ကြိုးစ ကောက်ကိုင်လိုက်သည်။
" ပြော... ခု ငါဘာဆက်လုပ်ရမှာလဲ "
ကြောင် ငိုသွားတယ်.....................
...........................
.......
 ပျော်ပြီးဝက်ကိုထဖက်လိုက်သည်။

*** ( အချို့ လူတွေက သိပ်ဥာဏ်မကောင်းကျဘူး.. ဒါပေမယ့် သူတို့က သင့်ဘဝအဆုံးထိ ဘေးမှာထာဝရနေပေးသွားတယ် )***

ဤပိုစ့်ကို လူဗိုလ်ဘလော့မှကူးယူပါသည်။

ဖြေးဖြေးမောင်မှပေါ့

"ဖတ်မိသမျှ  ဟာသအပိုင်းအစများ"

ဖြေးဖြေးမောင်းမှပေါ့
========================
ညအချိန် လမ်းပေါ်က အရက်မူးသမား ၃ ယောက် တက္ကစီတစ်စီးကို တားလိုက်တယ်... တက္ကစီ ဒရိုင်ဘာက ကားရပ်ပြီး သူတို့ကို တံခါး ဖွင့်ပေး လိုက်တယ်... ၃ ယောက်စလုံး အရက် အလွန်အကျွံ မူးနေကြတာကို သတိပြုမိလိုက်တဲ့ ကားသမားက ကားခမြန်မြန်ရအောင် ရိုက်စားလုပ်ဖို့ ဆုံးဖြတ် လိုက်တယ်... ကားစက်ကို နှိုးလိုက်ပြီး စက်ကို ရုတ်တရက် ပြန်သတ်လိုက်တယ်... အဲဒီနောက် တက္ကစီမောင်းသမားက... "ခင်ဗျားတို့ပြောတဲ့ နေရာကို ရောက်ပါပြီဗျာ..." လို့ ပြောလိုက်တယ်...

ပထမအမူးသမားက ကားခထုတ်ပေးလိုက်တယ်... ဒုတိယ အမူးသမား ကတော့ ကျေးဇူးတင် စကားပြောပြီး... တတိယအမူးသမားကတော့ ကားသမားကို လက်နဲ့ဖြတ်ရိုက်လိုက်တယ်... ကားသမားလည်း အံ့အားသင့် သွားတယ်... ဒီအမူးသမားကတော့ သူ ရိုက်စားလုပ်လိုက်တာကို သိသွားပြီလို့ စဉ်းစားလိုက်ပြီး... "ခင်ဗျားက ကျုပ်ကို ဘာဖြစ်လို့ ရိုက်တာလဲ..." လို့ မေးလိုက်တယ်...

ဒီအခါ တတိယအမူးသမားက... "နောက်တစ်ခါဆို ခင်ဗျားရဲ့ကားကို အရှိန်လျှော့မောင်းပါ... ဒီမှာ ကျုပ်တို့ သေတော့မယ်ဗျ..." လို့ ဆိုလိုက်လေ သတည်း......။

ကိုမျိုး
ဤပိုစ့်ကို လွမ်းမပြေ သုတရပ်၀န်းဘလော့မှကူးယူပါသည်။

ဆိုက်ကားဆရာရဲကဗျာ

=================================
အမေစု ၇၂ နှစ်မွေးနေ့အကြို ကဗျာပြိုင်ပွဲက တတိယ ရတဲ့ ဆိုက်ကားဆရာရဲ့ကဗျာလေးထဲက အကြိုက်ဆုံးအပိုဒ်လေးပါ။ပြန်လည်မျှဝေလိုက်ပါတယ်။
==================================
သားတို့တစ်တွေရဲ့ မြတ်နိုးမှုကို
သရဖူလို ထိပ်မှာဆောင်းပြီး
ကောင်းကောင်းကြီး အသက်ရှည်ပေးပါ.....

မွေးနေ့အတွက် ပေးစရာ
ချစ်တာကလွဲ၍ ဘာမှလဲမရှိ
သိသလောက်ကလေး လုပ်ပေးရတာ
အားမရလိုက်တာ အမေရယ်.....

                          အမေ့သား
                             ထွဋ်မြတ်
                         ( ဆိုက်ကားသမား )

တောသားလူလည်

တောသားလူလည်
========================
  အဝေးပြေးဂိတ်မှာ တောသား ၅ ယောက် အငှါးကားလာငှါးတယ်။ လည်လည်၀ယ်၀ယ်ရှိပုံရတဲ့ တစ်ယောက်က ကားသမားနဲ့စျေးစကားပြောတယ်။
တောသား။  ။ရပ်ကွက် (၅)ကိုသွားမယ် ဘယ်လောက်လဲ။
ကားသမား။  ။၁၅၀/ိ- ကျပ်တော့ပေးလိုက်ပါ။
တောသား။  ။ငါတို့ကိုတောသား အ တယ်မှတ်နေလား ၉၀/ိ-ကျပ်ပေးမယ် ရလား မရဘူးလား။

ကားသမားကလဲ စျေးဦးပေါက်ဆို တော့ မထူးပါဘူး ခါတိုင်းလဲ ၉၀ိ/-ဆို လိုက်ကြတာဆိုတော့လက်ခံလိုက်တာပေါ့။

 သူတို့သွားချင်တဲ့နေရာရောက်တော့ အားလုံးဆင်းတယ် ခေါင်းဆောင်လုပ်သူက ကျန်တဲ့သူအဖေါ်တွေကိုပြောတယ် "ကဲကဲ ကိုယ့်ပိုက်ဆံကိုယ်ရှင်းကြဆိုပီး ၉၀ တန်တစ်ရွက်ထုတ်ပေးတယ်  ကျန်တဲ့သူတွေလဲ ၉၀ စီထုတ်ပေးသွားကြတယ်။

  ကားသမားကတော့ အံသြလေးစားအထင်ကြီးခြင်းများနဲ့ ပိုက်ဆံ ၄၅၀ိ/-ယူ  ပီးပြေးတာ တန်းလို့။နုတ်တောင်မဆက်အားဘူး။

=======================
မှတ်ချက်။   ။ ၁၉၉၇ခုနှစ်က ကိုယ့်တွေ့ဖြစ်ရပ်မှန်လေးပါ။အဲ့ခေတ်က မြို့တွင်းကားစင်းလုံးငှါးမှ ၉၀,၁၀၀,၁၅၀ ပါ။

အောင်ဇော်ဌေး

အာဘွား

'အာဘွား' -
========================
အခြားမြို့တစ်မြို့မှာ သွားရောက် အလုပ်လုပ်နေတဲ့ ခင်ပွန်းဖြစ်သူက သူ့မွေးရပ်မြေမှာရှိတဲ့ ဇနီးသည်ကို စာလှမ်းရေးတယ်....

"ချစ်ဇနီး..."

"ယခုတလော ကမ္ဘာ့စီးပွားရေး အကြပ်အတည်းက ကိုယ်တို့ကုမ္ပဏီကိုပါ လာပြီး ဂယက်ရိုက်နေလို့ ဒီလအတွက် လစာမပို့ပေးနိုင်ဘူးကွာ... အဲဒီအစား 'အာဘွား' အခါ ၁၀၀ ပို့ပေးလိုက်တယ်ကွာ..."

"မင်းဟာ ကိုယ်ရဲ့အချစ်ဆုံးပါ... ဒီလတော့ အဆင်ပြေသလို ကြည့်ပြီး နေလိုက်ပါအုံး... ကိုယ့်ကို နားလည်ပေးပါ..."

"မင်းရဲ့ ချစ်ခင်ပွန်း..."

ဒီအခါက ဇနီးဖြစ်သူက အောက်ပါအတိုင်း စာပြန်ရေးလိုက်တယ်...

"ဟေး! ဟန်နီ"

"'အာဘွား' အခါတစ်ရာ ပို့ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်...."

"အောက်က စာရင်းကတော့ ဒီလအတွက် 'အာဘွား' နဲ့ ပေးချေခဲ့ရတဲ့ ကုန်ကျစရိတ်တွေပါ..."

"၁။ နွားနို့ ၁ လစာအတွက် နို့ကုလားကို 'အာဘွား' ၂ ခါ..."

"၂။ လျှပ်စစ်မီတာ လာကောက်တဲ့ လူကြီးက မီတာခမပေးရင် မီးဖြတ်မယ်ပြောလို့ "အာဘွား" ၇ ခါ..."

"၃။ ကျမတို့ ငှားနေတဲ့အိမ် လခအတွက် အိမ်ပိုင်ရှင်ကို နေ့စဉ် "အာဘွား" ၂ ခါကနေ ၃ ခါ..."

"၄။ စူပါမားကတ် ပိုင်ရှင်ကတော့ ကျမပေးတဲ့ 'အာဘွား' ကို လက်မခံဘူး... ဒါနဲ့ ကျမလည်း တခြားဟာတွေ ပေးလိုက်ရတယ်... ရှင် သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်..."

"၅။ တခြား ဟိုနည်းနည်း ဒီနည်းနည်း ကုန်ကျစရိတ်တွေအတွက် 'အာဘွား' အခါ ၄၀..."

"ရှင် ကျမကို စိတ်မပူပါနဲ့!... ကျမမှာ ပေးဖို့ 'အာဘွား' ၃၅ ခါ ကျန်နေသေးတယ်..."

"ဒီလက်ကျန် 'အာဘွား' လေးနဲ့ ဒီလကုန်ထိတော့ ရပ်တည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..."

"လာမယ့် လအတွဒီလိုပဲ စီစဉ်လိုက်ရမှာလားဟင်???...

"ရှင့်ရဲ့ချစ်ဇနီး...."

လွမ်းမပြေ သုတရပ်၀န်းဘလော့့မှကူးယူပါသည်။

အလိမ်ဖေါ်စက်

"ဖတ်မိသမျှ  ရယ်မောစရာအပိုင်းအစများ"

အလိမ်ဖော်စက်
========================
တစ်နေ့မှာ လူတစ်ယောက်ဟာ အလိမ်ဖော်တဲ့ စက်ရုပ်တစ်ရုပ် ၀ယ်လာတယ်... ဒီစက်ရုပ်ရဲ့ လုပ်ဆောင်ချက်က အမှန်အတိုင်း မပြောပဲ လိမ်ညာပြီး ပြောတဲ့ သူတွေကို ပါးရိုက်ပြီး ဒဏ်ခတ်တယ်...

ဒီလိုနဲ့ သူဟာ မိသားစု စုံလင်တဲ့ ညစာစားတဲ့ အချိန်မှာ သားဖြစ်ကို စမ်းသပ်ဖို့ ဆုံးဖြတ် လိုက်တယ်... "ငါ့သား! မင်း မနေ့ညက ဘယ်ကို သွားသလဲ?"

"ကျွန်တော် စာကြည့်တိုက်မှာ ရှိပါတယ် ဖေဖေ "... လို့ ပြန်ဖြေလိုက်တဲ့ အချိန်မှာ စက်ရုပ်က သူ့ကို ပါးဖြတ်ရိုက် လိုက်တယ်...

ဒါနဲ့ သားဖြစ်သူလည်း... "ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့ အိမ်မှာပါ" ဆိုပြီး ၀န်ခံလိုက်ရတယ်...

"ဘာသွားလုပ်တာလဲ" လို့ အဖေက ဆက်ပြီး မေးလိုက်တဲ့အခါ သားဖြစ်သူက... "Toy Story ကာတွန်းကား သွားကြည့်တာပါ" လို့ ဖြေလိုက်တယ်... ဒီတစ်ခါလည်း စက်ရုပ်က သူ့ကို ပါးဖြတ်ရိုက် လိုက်ပြန်တယ်...

ဒါနဲ့ သားဖြစ်သူလည်း ကြောက်ကြောက်နဲ့ ၀န်ခံလိုက်ရပြန်တယ်..." လူကြီးကား (Porn) သွားကြည့်တာပါ"

"ဘာကွ!!! ငါ မင်းအသက် အရွယ်လောက်က Porn ဆိုတာ ဘာမှန်းတောင် မသိသေးဘူး" လို့ ဆိုပြီး အဖေဖြစ်သူက ဒေါသတကြီး ပြောလိုက်တယ်... ဒီအချိန်မှာ စက်ရုပ်က သူ့ကိုပါ ပါးဖြတ်ရိုက် လိုက်တယ်...

ဒါကို မြင်ပြီး ဇနီးဖြစ်သူက ရယ်ရယ်မောမောနဲ့..."အဲဒါ ရှင့်သားပဲလေ!!!" ဆိုပြီး ပြောလိုက်ချိန်မှာ ဒီတစ်ခါ ဇနီးသည်ပါ အရိုက်ခံရလေ သတည်း....။

ကိုမျိုး
ဤပိုစ့်ကို လွမ်းမပြေ သုတရပ်၀န်းဘလော့မှကူးယူပါသည်။

နောက်ဆုံးဟာသ

နောက်ဆုံးဟာသ
========================
အားလပ်ရက်မှာ သူငယ်ချင်း သုံးယောက် တရုတ်နိုင်ငံကို အလည်အပတ်ခရီး သွားကြတယ်... သူတို့အားလုံး ကြယ်ငါးလုံး ဟော်တယ်မှာ အတူတူ တည်းခိုကြတယ်... ရတဲ့အခန်းက အထပ် ၆၀ မြောက်မှာ ဖြစ်တယ်.. ဒီဟော်တယ်ရဲ့ စည်းမျဉ်း စည်းကမ်းအရ ဓာတ်လှေကားတွေဟာ ည ၁၂ ရီမှာ အမြဲတမ်း ပိတ်တယ်...

နောက်တစ်နေ့မှာ သူငယ်ချင်း သုံးယောက် ကားငှားပြီး မြို့ထဲ လည်ပတ်ကြတယ်... ပျော်ပျော်ပါးပါး လည်ပတ်ကြပြီးတဲ့ အခါမှာ ဟော်တယ်ကို ညဘက် သတ်မှတ်ထားတဲ့ အချိန်ထက် ၁၅ မိနစ် နောက်ကျပြီး ပြန်ရောက်လာကြတယ်... ဓာတ်လှေကားတွေ အားလုံးလည်း ထုံးစံအတိုင်း ပိတ်ကုန်ပြီ... အထပ် ၆၀ မြောက်မှာရှိတဲ့ သူတို့အခန်းကို ရောက်ဖို့ ရိုးရိုးလှေကား အသုံးပြုရုံကလွဲပြီး အခြားနည်းလမ်း မရှိ...

ဒီလိုနဲ့... ပထမ သူငယ်ချင်း တစ်ယောက်က စပြီး ပြောလိုက်တယ်.. "ဒီလိုလုပ်ဗျာ... ကျုပ်တို့ ရိုးရိုးလှေကားကနေ တက်ရမယ်... တက်ရတာ အားရှိအောင် အထပ် ၂၀ ရောက်တဲ့အထိ ကျုပ်က ရယ်စရာ ပြောသွားမယ်.."

ဒုတိယ သူငယ်ချင်းဖြစ်သူကို လက်ညှိးထိုးပြီး.. "ခင်ဗျားက နောက်ထပ် အထပ် ၂၀ အတွက် ရယ်စရာ ပြော..."

အဲဒီနောက် တတိယ သူငယ်ချင်းဘက်ကို လှည့် ပြီး... "ခင်ဗျားက ကျုပ်တို့ အခန်း ရောက်တဲ့အထိ ကျန်တဲ့ အထပ် ၂၀ ကို တာ၀န်ယူဗျာ..."

ဒီလိုနဲ့... အစီအစဉ်အတိုင်း ရယ်စရာပြောလိုက် ခွက်ထိုးခွက်လန် ရယ်လိုက် တက်လိုက်နဲ့ နောက်ဆုံး အထပ် ၆၀ မှာရှိတဲ့ သူတို့အခန်းရှေ့ကို ရောက်လာကြတယ်... ဒီအချိန်မှာ တတိယ သူငယ်ချင်းဖြစ်သူက... "ခင်ဗျားတို့ကို ပြောဖို့ ကျုပ်မှာ နောက်ဆုံး ရယ်စရာတစ်ခု ရှိသေးတယ်... ကျုပ်တို့ အခန်းတံခါးသော့ ကားထဲမှာ မေ့ကျန်ခဲ့တယ်ဗျာ!!!....."

ကိုမျိုး
ဤပိုစ့်ကိုလွမ်းမပြေသုတရပ်၀န်းဘလော့မှကူးယူပါသည်။

တီထွင်သူ့တံခါး

တီထွင်သူ့တံခါး
===============
လျှပ်စစ်မီးအပါအ၀င် တီထွင်မှုပေါင်း တစ်ထောင်ကျော်ကို လုပ်ဆောင်ခဲ့သူ အမေရိကန်ပညာရှင် “အက်ဒီဆင်” ၏ ခြံတံခါးကို အမြဲတမ်း ခက်ခက်ခဲခဲ ဖွင့်ရသဖြင့် မိတ်ဆွေများက ဝုိင်းပြောကြသည်။
“အမျိုးမျိုး တီထွင်တတ်သူလို့လည်း ပြောသေးတယ်၊ ကိုယ့်ခြံတံခါးကို အလွယ်တကူ ဖွင့်နိုင်အောင် ဘာဖြစ်လို့ မလုပ်တာလဲ”
“အက်ဒီဆင်” ပြန်ပြောသည်။
“ခြံတံခါးကို ကျွန်တော် အကောင်းဆုံးတီထွင်ပြီး လုပ်ထားတာပါဗျ”
“ဘာလဲ… ခင်ဗျား… ကျုပ်တို့ကို နောက်တာလား”
“မနောက်ပါဘူး၊ တံခါးကို အိမ်ကရေစုပ်စက်နဲ့ ဆက်ထားတာဗျ၊ ခင်ဗျားတို့ တံခါးကို တွန်းဖွင့်လိုက်တိုင်း ခေါင်မိုးပေါ်တင်ထားတဲ့ ရေတိုင်ကီဆီကို ရေလီတာသုံးဆယ် တင်ပြီးသား ဖြစ်သွားတယ်လေ”

( မောင်ကောင်းထိုက်-နှီးပဒေါ ၏ “သူတို့လည်း ရယ်စရာပြောတတ်သည်” စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )

Wednesday, October 2, 2019

ယာဉ်ကျေးမှု့

အပြန်အလှန်ယဉ်ကျေးမှု
==================
ဧည့်ခံပွဲတစ်ခုတွင် ၁၅-နှစ်သား လူပျိုပေါက်က မိမိနှင့် တွဲကပါရန် အမျိုးသမီးတစ်ဦးအား သွားဖိတ်သည်။

"ကျွန်မ ကလေးနဲ့ မကဘူး"

"တောင်းပန်ပါတယ်၊ ခင်ဗျား ကိုယ်၀န်နဲ့ဆိုတာ ကျွန်တော် မသိလို့ပါ"

မောင်ကောင်းထိုက်(နှီပဒေါး)

ဒေါသ

ဒေါသဖြစ်၍
ပူချစ်လောင်တောက် ၊
ငါစိတ်ဖောက်သည်
မြွေဟောက်
ပါးပျဉ်းနှယ်တကား ။
စာပေနှီးနှော၊
စကားပြော က
ဒေါသပြေခဲ့ဘူး၏ရှင့် ။
စာပေကြည့်လျက်၊
ကြံလေ့ကျက်က
အမျက် ပြေခဲ့ ဘူး၏ ရှင့်။
ဤတခါမူ
ပူသည် ဒေါသ၊
ထသည် အမျက်
ထွက်သည် စိတ်ကျန်း၊
မနိုင်စွမ်း၍
အေးချမ်းမေတ္တာ ၊
သုတ်ကိုနာသော်
ပမာတောက်ညီး ၊
တောင်ထက်မီးကို
မိုးကြီးငြှိမ်းသို့
ငြိမ်းသည်တည်း ။

              မင်းသု၀ဏ် -၁၉၆၀

သစ်ပင်အို

သစ်ပင်အို
========
သီး ပွင့် ရွက်ဝေ
ခူးလို ခူး ခြွေလို ခြွေ
တွေဝေမကြောက်
ခြောက်ခြောက်ကြွေကြွေ
သီးပွင့်နေမည်
ဒီမြေပေါ်မှာတည်သ၍။ ။

အောင်ဇော်ဌေး
6,8,2017 1:29pm

(Unicode)
သစ်ပင်အို
========
သီး ပွင့် ရွက်ေ၀
ခူးလို ခူး ခြွေလို ခြွေ
တွေေ၀မကြောက်
ခြောက်ခြောက်ကြွေကြွေ
သီးပွင့်နေမည်
ဒီမြေပေါ်မှာတည်သ၍။ ။

အောင်ဇော်ဌေး
6,8,2017 1:29pm

ပြန်လာပါချစ်ရယ်

=================================
တစ်ချိန်တုန်းက ကျောင်းအာစရိပူဇော်ပွဲ မောကိန္နရီတီးဝိုင်းနဲ့ ဆိုခဲ့ဖူးတဲ့ ကျနော်ရေးထားတဲ့ သီချင်းလေးပါ ၁၉၉၅ မှာ ဝိုင်ဝိုင်း "ဖြေသိပ့်လိုက်"အမည်နဲ့ ဆိုထားပါတယ်။မူရင်းသီချင်းအမည်က တရုတ်လို "ကမ်းပိန်း"အမည်ရပြီးတော့ အင်္ဂလိပ်သီချင်းအမည်ကတော့ "come to my dream tonight"ဖြစ်ပါတယ်။
==================================
ပြန်လာပါချစ်ရယ်

1¶ကြယ်လမရှိတဲ့ည ရင်မှာမင်းမရှိတဲ့ည တစ်ယောက်ထဲကြွေနေဆဲ အပူအပင်ကင်းလို့မင်းထွက်သွား တစ်ယောက်ထဲကိုယ့်ကိုထားခဲ့လား မင်းမရှိလို့မဖြစ်တဲ့ဘ၀ ကိုယ့်ရဲ့အသဲကိုမခွဲနဲ့လား စာနာကွယ်……¶
2¶…နှလုံးသားအသဲတံခါး ရင်မှာမင်းအတွက်အမြဲဖွင့်ထား မင်းပြန်၀င်လာမလား မျှော်လင့်ရင်းနဲ့ဆွေးရက်များ ရက် လ နှစ် တို့ပြောင်းရွှေ့သွား မင်းတော့ကိုယ့်အဖြစ်သိပါမလား ကိုယ့်ရဲ့အချစ်ကိုအမြဲယုံထား ပြန်လာကွယ်……¶
CHO::[မျှော်နေမယ် မိန်းခလေး ရက်လတွေ နှစ်တွေ ဘယ်လိုပဲ ကြာပါစေလေ ကြာပါစေ ကိုယ့်ရဲ့အချစ်ဟာအမြဲ အမြဲလေ အကြင်နာလမ်းလေး အလွမ်းပန်းခင်း မင်းလျှောက်ကာလှမ်းလာမယ်ဆိုရင် ကိုယ်ဟာလေဆီးကြိုမယ် မင်းလေးယုံကွယ် အချစ်ရယ်……]3#
music…………………………………………………………………………………………………1¶,2¶,CHO[  …  ]3#
ဟေ့ချစ်......မင်းလေးယုံကွယ်..............ချစ်လေး..................

၁၉၈၉/၉၀ လောက်က ရေးထားတာပါ
          အောင်ဇော်ဌေး

အိပ်ပျက်ရတဲ ည

အိပ်ပျက်ရတဲ့ ည
============

*ငါ   အိပ်ချင်တဲ့အခါ
 ငါ   အိပ်လိုက်တဲ့အချိန်မှာပေါ့
 ငါ့ရဲ့အတေွးတွေဟာ
 ဘယ်လို အရာတွေလဲ...?
*ငါ  နေချင်တဲ့နေရာ
 ငါ  နေရတဲ့နေရာ
 ငါ  နေသွားရမဲ့နေရာ
 ဘယ်ဟာ သေချာသလဲ...?
*ငါ   စားချင်တဲ့အစာ
 ငါ   စားနေရတဲ့အစာ
 ငါ   စားရအုန်းမဲ့အစာ
 ဘယ်ဟာ အဆိပ်ပါသလဲ...?
*ငါ   သွားချင်တဲ့ခရီး
 ငါ   သွားနေရတဲ့ခရီး
 ငါ   သွားရအုန်းမဲ့ခရီး
 ဘယ်ဟာ ပိုနီးသလဲ...?
*ငါ   လုပ်ရမဲ့အလုပ်
 ငါ   လုပ်နေရတဲ့အလုပ်
 ငါ   လုပ်ရအုန်းမဲ့အလုပ်
 ဘယ်ဟာ အရုပ်နဲ့ပိုတူသလဲ...?
*ငါ  ဖြစ်ချင်တဲ့ဆန္ဒ
 ငါ  ဖြစ်နေတဲ့ဘ၀
 ငါ  ဖြစ်နေရအုန်းမဲ့ အနာဂတ်
○ ဘာမှ ပြတ်ပြတ်သားသားမရှိခင်
 ငါ   ငါအိပ်ချင်လိုက်တာ
 ငါအိပ်ချင်တဲ့အခါ
 ငါအိပ်လိုက်တဲ့အချိန်မှာပေါ့
 ငါရဲ့အတွေးတွေဟာ...
 အင်း...........
 အခုထိ   ငါ
 မအိပ်ရသေးပါလား။   ။

            အောင်ဇော်ဌေး(ခံစားမှု့စာစု)
               22.02.2013 02း25am

ဘုန်းဘုန်းတောင်လန့်တယ်

ပြင်းပြင်းနဲ့ဘာတင်ရမှန်းမသိလို့
--------------------------------------------
ဘုန်းဘုန်းတောင်လန့်တယ် ဂယ်ပဲ
*******************************
ကောက်ညှင်းပေါင်းသည်က တောင်းကြီးရွက်ပီး စျေးရောင်းထွက်လာတယ်
မလှမ်းမကမ်း မျက်နာချင်းဆိုင်ကနေ ဘုန်းကြီးတစ်ပါးက ဆွမ်းခံကြွလာတယ်

အဲ့အချိန်မှာ စျေးသည်က ထမိန်ကျွတ်ကျပါရော
လက်ကလဲစျေးတောင်းကိုကိုင်ထားရတော့ ထမိန်ကိုဆွဲဖို့မမီလိုက်ဘူး

ဒါကိုဘုန်းကြီးကမြင်တော့ "ဒကာကြီးမကြီး မြင်လို့မကောင်းဘူး ထိုင်ချလိုက် ထိုင်ချလိုက်"လို့အကြံပေးတယ်
အဲ့မှာပဲ ဘုန်းကြီးခဗျာ ဟာခနဲ သပိတ်တောင်လွတ်ကျတယ်

$%&&**£€√√|`Π÷=^_{{[^€¢®©™

"ဒကာမကြီး ပြန်ထပြန်ထ ပိုဆိုးတယ်"တဲ့။

???????????ဘုန်းဘုန်းတောင်လန့်သွားတယ် ဂယ်ပဲ

မြန်မာစကားပုံအပြောင်အလဲ

မြန်မာစကားပုံ အပြောင်းအလဲ
#####################
"သူကြီးမကြောက်ရဘူး သူကြီးနောက်က သေနတ်ထမ်းတဲ့သူကိုကြောက်ရတယ်"

ခုပြောင်းသွားပြီ
"သူကြီးလဲမကြောက်ရဘူး
  နောက်ကသေနတ်ထမ်းတဲ့သူလဲ မကြောက်ရဘူး
  သူတိုဆွဲလာတဲ့ ""ခွေးကို""ပိုကြောက်နေရတယ်။  ။

                                   Aungzaw Htay

အရိုးစင်းဆုံးဆေးတစ်ခွက်

အရိုးစင်းဆုံးဆေးတစ်ခွက်
#####################
အဘိုးဖြစ်သူက မြေးဖြစ်သူကိုပြောသည်။

" မြေးလေး.. လက်သီးကို ကျစ်ကျစ်ဆုပ်ကြည့်စမ်း
ဘယ်လိုနေလဲ အဘိုးကိုပြောပြ.. "

မြေး   "နည်းနည်း ပင်ပန်းတယ်.. "

အဘိုး   " ပိုအားထည့်ဆုပ်ကြည့် .... အသက်ကို တင်းထား.. "

မြေး   " ပိုပြီးပင်ပန်းလာတယ်.. "

အဘိုး   " ဒါဆို ဖြည်ချလိုက်တော့ "

မြေးဖြစ်သူကလက်သီးဖြည်ချရင်း အသက်ရှုထုတ်လိုက်ပြီးပြောသည်..

" အခုမှပဲသက်သာသွားတော့တယ်ဘိုးဘိုး.. "

အဘိုး    " မှတ်ထား မြေးလေး..
ဘဝမှာ မွန်းကြပ်စရာအချို့ ကြုံတွေ့လာရင်
ချုပ်တည်းထားလေ ပိုတင်းကြပ်လေ ပိုပင်ပန်းလေပဲ...
 အဲအချိန်ကျရင် ဖြည်ချတတ်ဖို့ သတိရဖို့ လိုလိမ့်မယ် မြေးလေး ..."

---------------------------------------------------------------
ဒီတစ်ခါမှ ငြိမ်းချမ်းရေးမရရင်. ..............
...........................................................
.............................................................
..............................................................
လက်သီးဆုပ်တွေကို ဖြေရှော့ပေးကြပါလို့
အဖိုး-ကချင်
အဖွား-ရှမ်း
အမေ-ရှမ်းကချင်
အဖေ-ဗမာ
ကျနော်-ဗမာ+ကချင်+ရှမ်း
သုံးမျိုးစပ်သူတစ်ယောက်က တောင်းဆိုပါတယ်။

                                   အောင်ဇော်ဌေး
                               

မှတ်ချက်။    ။အရိုးစင်းဆုံးကနေ..........မြေးလေးအထိ ကူးယူဖေါ်ပြတာပါ။

တန်ဖိုး

                  တန်ဖိုး
         ***************

*´´အတ္တ``များနဲ့´´ကမ္ဘာ``
       ´´သုည``တွေနေရာရ
       ´´တစ်``ရဲ့ရှေ့ကဦးဆောင်
       ´´ပထမ``ဆိုတာတောင်မှ
       ´´အက္ခရာ``မကြတော့ဘူး.........
      ´´မညီ``´´မမျှ``ခြင်း
       ´´မပီ``´´မသ``ခြင်းတွေနဲ့
       ´´ကလေက၀``တွေသတင်းကြီး
       ´´မြင်းကြီးကိုစီးလို့ပေါ့``
       ´´အူဝဲအူဝဲ``ဆိုကထဲက
       ´´လူမွဲလူမွဲ``လို့ပညတ်ထားလား
       ´´ဓါတ်သက်``သွားရာမှာ
       ´´ဆဲတာ``လဲမတတ်ခဲ့ပါဘူး
       ´´ဒူးနေရာဒူး``
       ´´တော်နေရာတော်``
       ´´ငါ့လည်းခေါ်ပါပေါ့``
         ခုတော့ကွာ
       ´´ကမ္ဘာ``ကို´´အရှုး``လုပ်
       ´´သုည``တွေကတော့ဟုတ်လို့
       ´´တစ်``´´နှစ်``´´သုံး``တွေအဖို့
       ´´အတ္တ``ရဲ့အလို့ငှါ
         ကြိတ်မှိတ်ကာဘယ်နေရာရရ
       ´´တန်ဖိုး``သာအဓိကပါလေ။   ။

               (ခံစားမှု့စာစု)
        အောင်ဇော်ဌေး....25.5.2011

အောင်ဆန်းစုကြည်၏ကဗျာ

အောင်ဆန်းစုကြည်၏ ကဗျာ
**************************
*ဘ၀ ဟူသည်
တိုတောင်း လှပေစွ
ကန်ရေပြင်မှာတတ်သော
ရေပွက်မျှသာ ဖြစ်တယ်၊
*ကွေးသောလက်များ
ဆန့်မသွားမီ
မတည်သောအသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ မနိစ္စ
အမြဲမှန်ကန်သောအရာ
မမြဲခြင်းသာဖြစ်တယ်၊
*ဘုရားရှင်သော်မှ မလွဲနိုင်တဲ့တရား
အနိစ္စ သေဆုံးခြင်း၏တရား......
*တနေ့တချိန်
လေမှာလွင့်သော ပွင့်ချပ်နယ်
ကျွန်မ သေဆုံးပါလိမ့်မယ်၊
*ကျွန်မ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်၊
*ကျွန်မ ကိုယ် ကျွန်မ
ဖေဖေ့လို
အာဇာနည်လို့ မယူဆပါဘူး
အမှန်တရားနဲ့ဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေ့ရှု့သူသာဖြစ်တယ်၊
*အကယ်ရ်ျကျွန်မသေလွန်တဲ့အခါ
မငိုပါနဲ့မပူဆွေးကြပါနဲ့
ကြီးကြီးကျယ်ကျယ် စျာပနပွဲ
မလုပ်ကြပါနဲ့၊
ကျွန်မကို ချစ်သူမချစ်သူ
မည်သူမဆိုလာရှု့နိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘကမ္မဌာန်း
အိုနာ သေခြင်၏ မမြဲသောလမ်း၊
*ကျွန်မ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ
ကျွန်မ၏ အထွဠ်မြတ်ဆုံး ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ၊
ကျွန်မရဲ့မျက်ကြည်လွှာ
အလင်းမရသူကို လှူဒါန်းပေးပါ၊
ကျွှန်မရဲ့ နှလုံးသား ကျောက်ကပ်
အသည်းကလီဇာများ
ကောင်းသေးပါက
လိုသူများအားလှူဒါန်းပေးပါ၊
*မသာတစ်ခေါက်
ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ကိုကျော်သူ
ကျွန်မ အသက်မဲ့ ခန္ဓာကို
လှူပါတယ်
ဖုတ်ကျည်းသဂြိုလ်ပေးပါ၊
*ပုပ်ပွလာမဲ့ခန္ဓာအား
မီးသြ၈ိုလ်ပြီး
ရလာသောခန္ဒာ၏ပြာမြေဇာ
အပင်တို့အတွက်
မြေသြဇာကြွေးပေးပါ၊
*နောင်လာနောက်သားများအတွက်
ကျွန်မ၏နေအိမ်(သို့)
ကျမ၏အကျဉ်းထောင်
အင်းစိန်ထောင်ခွဲ
အမှတ်(၅၄)တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ပြတိုက်အဖြစ်
ကျွန်မ၏အသုံးအဆောင် စာအုပ်
တီးသူမဲ့ စန္ဒယား
ကျွန်မ၏ မြန်မာအ၀တ်အစား
ရိုးသားသော
မြန်မာအမျိုးသမီး၏တန်ဖိုးများ
နောင်လာနောက်သားများရှူ့မြင်စေ၊
*ကျွန်မ၏ကျန်ရစ်သော
ဘဏ်ငွေသားအနည်းငယ်
ကျမ၏စျာပန စရိတ်နှင့်
တရားနာလာ သံဃာအိုများအတွက်ကျန်းမာရေး
ဖိဝိတဒါန ဆေးအလှူ
ကွယ်လွန်သူ မိဘများအားအမှူထားရ်ျ
ကျမနှင့်ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှ ရေစက်ချ..အမျှဝေစေချင်ပါတယ်....
*ကျမရသော ငြိမ်းချမ်းရေး
 နိုဘယ်ဆုငွေသား
 $1.3 millionအား
 ကိုယ်ကျိုးအတွက်မသုံးစွဲ
 တပြားမချန်
 မြန်မာပြည်သူများအတွက်
 ကျန်းမာရေးနဲ့ပညာရေး ရံပုံငွေ
 လှူဒါန်းခဲ့ပါတယ်....
 ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ........
 ကြားကြားသမျှ အမျှ အမျှ အမျှ
 ယူတော်မူပါ၊
*အမျိုးအတွက်ထားတဲ့
 အမေ့ရဲ့စေတနာကို
 နားလည်ပါရမီဖြည်ပေးသူ သားများ
 အမေ့ဘ၀မှာ မွေးရကျိုးနပ်ပါတယ်
 အမေ့ဘ၀အတွက်အကောင်းဆုံး
 ဘုရားပေးသောဆုလာဒ်
 ဒီသားများသာဖြစ်ပါတယ်၊
*ဒီသားများအတွက်
 အမေမွေးခဲ့သော ဇီဝိတ အသက်
 အဖေပေးခဲ့သော ပညာမှတပါး
 အခြားပေးရန် စည်းစိမ်မွေမရှိ
 စိတ်ဓါတ်နှင့်ကြံခိုင်သော မျိုးရိုး၏အမွေ
 အောင်ဆန်းမျိုးရိုး..ဆက်ကျန်ပါစေ၊
*အတူနေ မမဒေါ်ခင်၀င်းနှင့်သမီးများ
 ကျွန်မအား...
 စောင့်ရှောက်သောကျေးဇူး
 အထူးမမေ့ပါ၊ ကျေးဇူးတင်ပါတယ်၊
*ဆေးဝါးကုသပေးသော
 မောင်ငယ် ဒေါက်တာ တင်မျိုး၀င်း
 သမားစိတ်ရင်းကြောင့်ကျမ
 အသက်ရှည်...
 ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
 ဦးချပြီး ဆပ်ပါရစေ၊
*ပြည်တွင်း ပြည်ပ
 ကျွန်မကို ချစ်ခင်ကြသော
 ကျွန်မကို အားပေးကြသော
 မိတ်ဆွေသင်္ဂဟ
 သိသူ မသိသူမှန်သမျှ
 ကျွန်မပြုသောကုသိုလ် အဖို့ဘာဂ
 ဝေမျှပါတယ်
 ရွှင်လန်းကြပါစေ၊
*ကျွန်မ၏တဦးတည်းသော
 ချစ်ရသော အကိုကြီး
 သွေးသားစပ်သူ ဦးအောင်ဆန်းဦးအတွက်
 ကျွန်မအဖေ၏ ပန်းချီတချပ်
 သူမသေခင်..ခေါင်းရင်းမှာချိတ်ဖို့
 ပေးအပ်ခဲ့တယ်၊
*အနှစ်၂၀
 သက်တမ်းရ သက်တော်ရှည်
 အဝေးရောက် ၀န်ကြီးချုပ်
 ကျွန်မ၏တ၀မ်းကွဲမောင်
 ဒေါက်တာစိန်၀င်း
 ကျွန်မရဲ့အနှစ်(၂၀)
 အချုပ်ကာလအတွင်း
 ကျွန်မရတဲ့ဆုတွေလက်ခံတဲ့အခါ
 စင်ပေါ်တက်
 မျက်နာပြဖေါ်ရတာ
 အထူးကျေးဇူးတင်ပါတယ်၊
*ဖေဖေ့မျက်နာနဲ့
 ကျွန်မအပေါ်မရှိတဲ့
 အပြစ်ကိုတင် အကွက်ဆင်
 အတင်းထောင်ချ
 သပ်ရှိုပြန်ကယ်ပြတဲ့
 အတုယူချီးပွမ်းထိုက်ပါသော
 မှူးကြီးသန်းရွှေရဲ့မေတ္တာ စေတနာ
 မှတ်ကျောက်စာထိုးခဲ့ပါတယ်
 ကလိမ်ခြုံ နအဖ၏
 ဂန္ဓ၀င် မိချောင်းမျက်ရည်၊
*ကွန်မ မခေါ်ဘဲ
 အလည်လာတဲ့ဧည့်သည်
 ကျွန်မအသက်ဘေးအတွက် သူ
 စိုးရိမ်တယ်..
 မောပမ်းမေ့လဲနေသော
 ဆီးချိုလူနာသည်သူ
 ပုတုဇနော ဥမ္မတကော အဆိုရှိ
 တကယ်မှန်မှန် မမှန်မှန်
 ဟုတ်သော်ရှိ  မဟုတ်သော်ရှိ
 ခမြာ စေတနာနဲ့
 သတိပေးရန်ကြံတဲ့အတွက်
 သူ၏ထားရှိသော ဂရုဏာ စေတနာ
 ကျေးဇူးတင်ထိုက်ပါတယ်၊
*ကျွန်မသွားတဲ့အခါ့
 တရား သံဝေဂရ
 မျက်ရည်မကျပါနဲ့
 မပြီးဆုံးသေးတဲ့ ကျွန်ရဲ့၀တ္တရား
 ကျရာနေရာ ကူညီပါအ၀င်
 ဖြည့်ဆည်းပေးကြပါ
 ကျွန်မအတွက်ထားတဲ့ ချစ်မေတ္တာ
 တိုင်းပြည်အမျိုးအတွက်
 လက်ဆင့်ကမ်းကြိုးစားပေးပါ
 အဖေ ပေးတဲ့လွတ်လပ်ရေး
 ကျွန်မ လက်ထက်မှာ မရသေးခင်
 ကျွန်မ သေလွန်ခဲ့ပါလျှင်
 ကျွန်မကိုယ်စား
 တာ၀န်ဆက်ယူပေးနိုင်ပါစေ
 တနေ့မှာ ဒေါင်းမျိုးနွယ်ဆက်
 ပြန်ခေါင်းထောင်ထကြပါစေ
ဒို့မြန်မာအမျိုး သိက္ခာ မျိုးနွယ်ဆွေ
 အာဏာရှင်စံနစ် ပြုတ်ကြပါစေ။   ။

           မှတ်ချက်။  ။အမေဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တိုင်ရေးကဗျာဖြစ်ပါသည်။
                         (22.06.2013)

ဘယ်သူသိသိ မသိသိ

ဘယ်သူသိသိ မသိသိ
*******************

* မြင်ရရုံလေး
 * ဟိုး ဝေးဝေးက
 * ငေး တမ်းတမိ
 * ခိုးခိုးကြည့်သည်
 * ချစ်သူသိသိမသိသိ...၊
 * ကြားရရုံလေး
 * ဟိုး ဝေးဝေးက
 * တွေးတမ်းတမိ
 * နားစွင့်ကြည်သည်
 * ချစ်သူသိသိမသိသိ...၊
 * မြင်ရုံကြားရုံ
 * လွမ်းရရုံနဲ့
 * စွမ်းအားတွေရှိ
 * အားတက်မိသည်
 * ချစ်သူသိသိမသိသိ....၊
.* တကယ်တော့..........
 * နှစ်ကိုယ်ထဲသိ
 * ချစ်ခွင့်ရှိသည်
 * ဘယ်သူသိသိမသိသိ....။ ။

                                       အောင်ဇော်ဌေး
                            (14,may,2011)17:20pm

လူစွာကြီး

*********************************************
               လူ စွာကြီး(ချိ ုမြိန်ဒုက္ခ)   *********************************************

  *စားချင်တာ         မစားရ
    မစားချင်တာ       စားရ
  *လုပ်ချင်တာ        မလုပ်ရ
    မလုပ်ချင်တာ      လုပ်ရ
  *သွားချင်တာ     မသွားရ
    မသွားချင်တာ       သွားရ
    ..................................
    အဲဒီလိုနဲ့ပဲ
  *မစားချင်တာ      စား
    မလုပ်ချင်တာ    လုပ်
    မသွားချင်တာ    သွား
    ရက်ပေါင်းများစွာ
    လ ပေါင်းများစွာ
    နှစ်ပေါင်းများစွာ
    "စွာ     စွာ     စွာ"
    "စွာ" တွေကြာလာတော့
    ကျင့်သား ရလာတာပေါ့.......
   *ခုတော့ဒါဟာ
     ချိ ုမြိန်ုတဲ့ဒုက္ခ
     လူတိုင်းရဖို့မသေချာ
     ငါ  လူစွာကြီးပေါ့။     ။

                       အောင်ဇော်ဌေး
                          ခံစားမှု့စာစု
                            7:39pm
                     7,8,2016 sunday

သမီးနဲ့သားကိုပြောလိုက်ပါ

သမီးနဲ့သားကိုပြောလိုက်ပါ
**********************
၁။
အဖေဆိုတာ
ငွေရှာတာတစ်ခုထဲလို့
သမီး သားတို့မယူဆဖို့
အမေတို့ကသွန်သင်
အမှန်ကိုမြင်အောင်ပြ
ဆုံးမပါ......မေ။
၂။
အဖေဆိုတာ
အဖေ့၀မ်းတစ်ထွာအရေး
သမီး သားတို့ထွေးချ
စားသောက်လို့ ၀ မှ
ကျန်သမျှလေးနဲ့
၀မ်း၀ သွားခဲ့တာ
တစ်နေ့ပြောပြပါ......မေ။
၃။
အဖေဆိုတာ
သမီးသားတို့ ဘ၀အလယ်မှာ
၀ံကြွားစွာဂုဏ်တင့်တယ်လို့
ခန့်ငြားဖို့ကိုလဲ
အ၀တ်အစား မဆင်းရဲအောင်
အလိုလိုက်အကြိုက်ဆောင်
ခေတ်နဲ့ညီအောင်ထားတာ
ပြောပြပါ.......မေ။
၄။
အဖေဆိုတာ
သူများတစ်ကာနဲ့ယှဉ်
ထာ၀စဉ်သာ စံပြ
သမီး နဲ့ သားသာရပါစေ
နောက်ဆုံးအခြေအနေထိ
လိုအပ်တာဖြည့်ဆည်း
ဘယ်တော့မှမငြီးတတ်တာ
ပြောပြပါ........မေ။
၅။
အဖေဆိုတာ
မတရားတာမလိုချင်
သတိ အသိနဲ့ယှဉ်လို့
သမီး သားတို့ကိုပြုပြင်
အမှန်ကိုမြင်အောင်ပြ
ဆုံးမတတ်တာ
ချစ်လို့ဆိုတာ
ပြောပြပါ.......မေ။
၆။
အဖေဆိုတာ
နေမကောင်း မကျန်းမာ
ကိုယ်လက်မအီမသာဖြစ်တုန်း
သမီး သားတို့ပြုံးပြ
အဲ့ဒီ အပြုံးတစ်စနဲ့
ပီတိကိုမျိုချ
အားတက်ခဲ့ရတာ
ပြောပြပါ......မေ။
၇။
အဖေဆိုတာ
ဘ၀ရဲ့လျောက်လမ်း
ဖြောင့်တန်းဖို့ရာ
သမီး သားတို့မှာ
အမှားတစ်ချို့တွေ့တဲ့အခါပေါ့
ငေါက်ငမ်းဆူဆဲတတ်တာ
ဂရုဏာဒေါသဆိုတာ
ပြောပြပါ......မေ။
၈။
အဖေဆိုတာ
သမီး သားတို့နောင်ရေး
စိတ်အေးရပြီဆိုရင်ပဲ
ဒီသံသရာထဲမှာ
မျှော်လင့်ချက်ဗလာနဲ့
ရှင်သန်နေလျှက်ပါ
အဒါ  သံသရာစမ်းရေ
အမြဲစီးဆင်းနေမှာ
ပြောဖြစ်အောင်ပြောလိုက်ပါ မေ
ဒါကြောင့်
အဖေဆိုတာ
ငွေရှာတာသက်သက်လို့
အမြင်စေချင်ရက်တာ
ဆက်ဆက်ပြောလိုက်ပါမေ။

                          ခံစားမှု့စာစု
                        အောင်ဇော်ဌေး
                 17,2,2013.   09:34am

အမှန်တရား

အမှန်တရား
*********************

လူညီလို့
ဤ ကို ကျွဲပဲဖတ်ဖတ်
လူညီလို့
ကျွဲ ကို ဤပဲဖတ်ဖတ်
အဲ့ဒီအထဲမှာ
ငါမပါ
ငါ့ဘာသာငါပဲ
အမှန်ဘက်ကအမြဲလို
ဤ ကို ဤ
ကျွဲ ကို  ကျွဲ
ငါ့တစ်ယောက်ထဲဖြစ်ဖြစ်
ဤ နဲ့ ကျွဲအစစ်
ဝေဖန်ဆန်းစစ်
အမှန်အတိုင်းပဲဖြစ်စေရမယ်။   ။

        အောင်ဇော်ဌေး(လားရှိုး)
       15,11,2013. 09:52am

ကဗျာဟာ ကဗျာပဲ

ကဗျာဟာ ကဗျာပဲ
*****************

စာစောင်မှာပါမှ    ကဗျာမဟုတ်
ဂျာနယ်မှာပါမှ      ကဗျာမဟုတ်
မဂ္ဂဇင်းမှာပါမှ       ကဗျာမဟုတ် ..........
     ကဗျာတစ်ပုဒ်ဖြစ်ဖိ့ု......့
     အချက်အလက်အချို့
     တိုက်ဆိုင်မှုအချို့
     ခံစားမှုအချို့
     အတွေ့အကြုံအချို့
     အချို့ အချို့
     အဲဒီအချို့တို့ကြုံကြိုက်တဲ့အခါမှ
     ကဗျာတစ်ပုဒ်ကိုရတယ် .............
ဒါ့ကြောင့်
     ကဗျာတစ်ပုဒ်မှာ..........
     အချက်အလက်တွေပါတယ်
     တိုက်ဆိုင်မှုတွေပါတယ်
     ခံစားမှုတွေပါတယ်
     အတွေ့အကြုံတွေပါတယ်
     အဲ့ဒါတွေကြုံကြိုက်လို့သာ
     ကဗျာပုဒ်ဖြစ်လာရတာ...........
     သူ့ခေတ်နဲ့ သူ့အခါ
 စကားလုံးအသုံးအနှုန်းကွာချင်ကွာမယ်
 နားလည်ပေးနိုင်မှုကွာချင်ကွာမယ်
  ကဗျာဆိုတာဟာ
  ကဗျာပါပဲ
  မခွဲခြားကြပါနဲ့။    ။

                     အောင်ဇော်ဌေး (လားရှိုး)
                    4,9,2015 fri.   08:21pmှ

မျှော်နေမဲ့ မနက်ဖြန်

မျှော်နေမဲ့ မနက်ဖြန်
*****************
မနေ့တုန်းက
ဒီနေ့ကျရင်ဆိုတဲ့ အတွေး
မနက်ဖြန်ဆိုတာ ဝေးစွ
သတိမရခဲ့တာအမှန်..........
ဒီနေ့ကျတော့
မနေ့ကဆိုတဲ့ အတွေး
မနက်ဖြန်ကို ငေးရင်း
နှမြောသတခြင်းတွေနဲ့............
မနက်ဖြန်ကျရင်တော့
မနေ့တနေ့က အတွေး
နောင်တ တွေကင်းဝေးအောင်
ပြီးခဲ့တာတွေ အမှောင်ချ
ကဲ
မနက်ဖြန်ကို မျှော်လိုက်ကြစို့။    ။

                             ခံစားမှု့စာစု
                          အောင်ဇော်ဌေး
                      10,2,2013 03:52pm

မြို့ကလေးရဲ့သခင်

မြို့ကလေးရဲ့ သခင်
*******************
ငါတို့ရဲ့ မြို့ကလေး
အဲဒီရဲ့နဘေးမှာ
ဓနိမိုးနဲ့ထံရံကာ
တဲ စုစုလေးတွေဟာ
ငါတို့နေတဲ့ ကမ္ဘာပေါ့........
ငါတို့အလုပ်လာရင်
ပေါဖော်တွေက သခင်
သီပေါမင်းဆိုတာ
ငါတို့အဖို့နောက်ဆုံး ဘုရင်ပါပဲ.......
အိမ်အပြန် လမ်းများမှာတော့
ပေါက်ဖော်တွေပေးလုပ်အားခ
၀မ်း၀ရုံလေးရ
ဒါတောင် ထိုင်ကတော့ရအတတ်
ကျေးဇူးကြီးမြတ်ပါပေ့
ပေါက်ဖော်ရေ
၀မ့်စွေ့ ၀မ့်စွေ့
၀မ့်၀မ့်စွေ့။   ။

                          အောင်ဇော်ဌေး
                      13,2,2013 07:18am

ယောင်ဝါး

ယောင်ဝါး
**************
     သိတယ်
     မတတ်တဲ့   သူ
     တတ်တယ်
     မသိတဲ့   သူ
     သိလဲ မသိ
     တတ်လဲ မတတ်တဲ့သူ
     သင် ဘယ်လိုလူလဲ    ?
     သိလဲ   သိ
     တတ်လဲ တတ်
     တစ်ကယ်ထက်မြတ်ရင်
     သင်ဟာ အရှင်သခင်ပေါ့
     ခုတော့
     မသိ  မတတ်
     ကိုယ့်ကိုယ် ကိုယ်
     အဟုတ်မှတ်လို့
     သိသယောင်ယောင်
     တတ်သယောင်ယောင်နဲ့
     သိအောင်တတ်အောင်မကြိုးစား
     ကိုယ့်အကျိုးများဖို့ပဲကြည့်
     ယောင်ဝါးတွေရှိနေသမျှ
     ကမ္ဘာလောကကြီးမလှနိုင်ဘူး။   ။

                           အောင်ဇော်ဌေး
                              ၅,၁၂,၂၀၁၂

အသုံးမကျတဲ့ ဂွ

အသုံးမကျတဲ 'ဂွ'
***************
 နတ်ဂေါင်းကို ကျတ်ဖို့
 နတ်ဂေါင်းကို လျှော့ဖို့
 ထောင့်မှန်ကျတဲ့ ဂွ တစ်ချောင်း
 လိုကောင်း လိုမယ်
 ဒါတောင် နတ်ဆိုဒ်နဲ့ ဂွဆိုဒ်
 ထိပ်တိုက်တူနေမှနော်.....
 နတ်ဂေါင်းအားလုံးအတွက်ဆိုရင်
 ထက်မြတ်ပြီးအသုံး၀င်
 ဂွရှင်ကောင်းကောင်းတစ်လက်
 လိုချင်ပါရဲ့.........
 ထိပ်က ကား
 အဖျားက ရှူး
 ဒီ တူးဘောက်စ်ဗူးထဲမှာ
 ဂွရှင်တစ်လက်ပါပေမဲ့
 လှည့်မရ ကျတ်မရ
 အဲဒီလို ဂွ
 အနူလက်လောက်တောင်
 စောက်သုံးမကျဘူး။   ။

                     အောင်ဇော်ဌေး
       ကားသမားဘ၀အမှတ်တရခံစားမှု့
               ၄ ၃ ၂၀၁၄ ၃၀း၀၈နံက်

အပေါင်းလက္ခဏာ



  အပေါင်းလက္ခဏာ
*************************

     ပျက်အစဉ်  ပြင်ခဏ
     ပြင်ရတော့မယ့်  အချိန်
     မလိမ်ကြပါနဲ့
     ပြင်ရင်ရတယ်ဆိုတာ
     ကိုယ်တိုင်တစ်ကယ်သိလာရင်
     ပြင်သာပြင်လိုက်ပါ
     မစိုးရိမ်ပါနဲ့
     ပျက်နေခဲ့သမျှ
     ကောင်းတော့မဲ့ ဒီခဏတာ
     ပြန်မဖျက်လိုက်ပါနဲ့
     ပြင်လို့ရလာရင်
     ပျက်နေခဲ့တဲ့ကာလ
     နှမျှော သတ
     မလွမ်းဆွတ်ကြနဲ့
     အကောင်းဆုံးရဲ့အစ
     ဒုက္ခ သုခအ၀၀
     အားတင်းထားလိုက်ကြစို့
     ငါတို့အတူတူ
     အတူတူ ငါတို့
     ပူးပေါင်းကြပါစို့။   ။

                             အောင်ဇော်ဌေး
                           31,march,2014
                                   20:51

အပြုံးများအားထုဆစ်ခြင်း

အပြုံးများအား ထုဆစ်ခြင်း
   ************************

အပြုံးတွေကို ငေးရင်း
အပြုံး ၏ အခြင်းအရာ
အပြုံးအကြောင်း ငါတွေး
အပြုံးလေးတွေအား ထုဆစ်
စာတစ်ပုဒ်ဖြစ်ခဲ့...............
ဟန်ဆောင်တဲ့ အပြုံး
မာန်ထောင်မဲ့ အပြုံး
ကပ်ဖားတဲ့ အပြုံး
ဖြတ်စားမဲ့ အပြုံး
အသနားခံတဲ့ အပြုံး
အထက်စီးဆန်တဲ့ အပြုံး
ဂရုဏာတွေနဲ့ အပြုံး
အတုဗလာတွေနဲ့ အပြုံး
သိပ်လှတဲ့ အပြုံး
စိတ်မချတဲ့ အပြုံး
စိတ်တိုနေတဲ့ အပြုံး
ကျိတ်ငိုနေတဲ့ အပြုံး
ပီတိဝေတဲ့ အပြုံး
အပူမိနေတဲ့ အပြုံး
လှိုက်လှိုက်လှဲလှဲ အပြုံး
မိုက်မိုက်မဲမဲ အပြုံး
အကြွားသန်မဲ့  အပြုံး
အစားခံမဲ့ အပြုံး
ရိုးသားတဲ့ အပြုံး
ခိုးစားမဲ့ အပြုံး
ဖေါ်ရွေတဲ့ အပြုံး
ဆော်ကြွေမဲ့ အပြုံး
အပြုံး  အပြုံး
အပြုံးပေါင်းများစွာ
အပြုံးတွေကို ငါငေး
အပြုံးအကြောင်း တွေးရင်း
ဒီစာတစ်ပုဒ်ရေးနေစဉ်မှာပေါ့
နှစ်နှစ်ကာကာ ပြုံးလိုက်မိပါတယ်
ငါဘာကြောင့် ပြုံးတာပါလိမ့်။    ။

                        ခံစားမှု့စာစု
                     အောင်ဇော်ဌေး
               13,2,2013.  03:18am

ပဲဟင်းစားသူများ

ပဲဟင်းစားသူများ
##############
*သူကြီးတည်မဲ့ ဘုရား
  ရွာသားများရဲ့ ကောင်းမှု
  အဲ့ဒါကို အကြောင်းပြုလျှက်
  အလှုလဖက်နဲ့ဘဲ
  စပ်ဗြဲဗြဲ မျက်နာလုပ်
  ကိုယ့်ဂုဏ်ပုဒ် ကိုယ်ဖေါ်
  ကိုယ့်ကိုယ် ကိုယ်တော်ကြောင်း
  လက်ခမောင်းခတ်
  ဘာမှ မတတ်ပေမဲ့
  ဒီအရပ်နဲ့
  ဒီဇါတ်ထဲမှာတော့
  မင်းသားပေါ့.............
*ကိုယ် "က"တဲ့ ဇါတ်
  ကိုယ်တိုင်အဆုံးသတ်ဖို့အရေး
  ကိုယ်တိုင်တွေးထားသလို
  မဖြစ်ခဲ့ဘူးဆိုရင်များ
  ဖင်မနိုင်တဲ့ ကုလား
  "ပဲဟင်းစားထားသလို"
   ရေစီးကမ်းပြို
   အဲဒီလိုဆိုတော့မှ
   မငိုပြနဲ့.....
   သနားတယ်။   ။

           အောင်ဇော်ဌေး
              ခံစားမှု့စာစု
               8:03 pm
           11,JULY,2015
 
  မှတ်ချက်။  ။ဘယ်သူကိုမှ မရည်ရွယ်ပါ တိုက်ဆိုင်မှုများရှိခဲ့ရင် တောင်းပန်ပါတယ်။