Wednesday, October 2, 2019

အိပ်ပျက်ရတဲ ည

အိပ်ပျက်ရတဲ့ ည
============

*ငါ   အိပ်ချင်တဲ့အခါ
 ငါ   အိပ်လိုက်တဲ့အချိန်မှာပေါ့
 ငါ့ရဲ့အတေွးတွေဟာ
 ဘယ်လို အရာတွေလဲ...?
*ငါ  နေချင်တဲ့နေရာ
 ငါ  နေရတဲ့နေရာ
 ငါ  နေသွားရမဲ့နေရာ
 ဘယ်ဟာ သေချာသလဲ...?
*ငါ   စားချင်တဲ့အစာ
 ငါ   စားနေရတဲ့အစာ
 ငါ   စားရအုန်းမဲ့အစာ
 ဘယ်ဟာ အဆိပ်ပါသလဲ...?
*ငါ   သွားချင်တဲ့ခရီး
 ငါ   သွားနေရတဲ့ခရီး
 ငါ   သွားရအုန်းမဲ့ခရီး
 ဘယ်ဟာ ပိုနီးသလဲ...?
*ငါ   လုပ်ရမဲ့အလုပ်
 ငါ   လုပ်နေရတဲ့အလုပ်
 ငါ   လုပ်ရအုန်းမဲ့အလုပ်
 ဘယ်ဟာ အရုပ်နဲ့ပိုတူသလဲ...?
*ငါ  ဖြစ်ချင်တဲ့ဆန္ဒ
 ငါ  ဖြစ်နေတဲ့ဘ၀
 ငါ  ဖြစ်နေရအုန်းမဲ့ အနာဂတ်
○ ဘာမှ ပြတ်ပြတ်သားသားမရှိခင်
 ငါ   ငါအိပ်ချင်လိုက်တာ
 ငါအိပ်ချင်တဲ့အခါ
 ငါအိပ်လိုက်တဲ့အချိန်မှာပေါ့
 ငါရဲ့အတွေးတွေဟာ...
 အင်း...........
 အခုထိ   ငါ
 မအိပ်ရသေးပါလား။   ။

            အောင်ဇော်ဌေး(ခံစားမှု့စာစု)
               22.02.2013 02း25am

No comments:

Post a Comment