Thursday, October 3, 2019

မရေးဖြစ်တဲ့စာ

"မရေးဖြစ်တဲ့ စာ"
📝📝📝📝📝📝📝

ဟိုတွေး ဒီတွေး
ဟိုဆွေး ဒီဆွေး
ဟိုရေး ဒီရေး
ဟိုငေး ဒီငေးနဲ့.....

ရေးချင်တာကများ
တွေးချင်တာကများ
ဟိုရောက်သွား
ဒီရောက်သွား
(တကယ်တမ်းတော့)
ငေးနေတာကများတယ်.....

တွေးရင်း ရေးရင်း
ဆွေးရင်း ရေးရင်း
ငေးရင်း ရေးရင်း
ရေးရင်း ရေးရင်း
လိုရင်းမရောက်
ဂယောင်ချောက်ခြား
ရေးရင်ဗျာများ
ဆက်မရေးအား
ဆက်မတွေးအား
ဆက်မငေးအား
အဲ့ဒီလိုနဲ့ပဲ ခဏနား
ဘာမှ မရေးသားလိုက်ရဘူး။

AungZawHtay
8 9 2019 20:58

No comments:

Post a Comment