"မဇ္ဈိမပဋိပဒါ" (အလယ်အလတ်လမ်းစဉ်)
_____________________________
လူ့ စိတ်သဘော
လူ့ မနောဟာ......
တစ်ခါတစ်ခါမှာ
အဆိုးတွေဖြစ်လာရင်
ကောက်ကျစ်မယ်
ယုတ်မာမယ်
မကောင်းကြံမယ်
ချောက်တွန်းမယ်
ညစ်ပတ်မယ်
တိုက်ခိုက်မယ်
ဂလဲ့စားချေမယ်
နှိမ့်ချမယ်.......
တစ်ခါတစ်ခါ
အကောင်းတွေကြုံလာရင်
ခွင့်လွတ်ချင်လာမယ်
စွန့်လွတ်ချင်လာမယ်
မမြင်ချင်ယောင်ဆောင်လာမယ်
မြင်ချင်ယောင်လဲဆောင်လာမယ်
ဖြူဖြူ မဲမဲ
ကွဲကွဲ မကွဲကွဲ
အကောင်းပဲမြင်
ဆင်ချင်လာမယ်.......
တကယ်တော့
စိတ်ရဲ့သဘော
မနောဆန္ဒ
မျှမျှ တတတွေး
သူ့ အရေး
ကိုယ့် အရေး
ဖေးဖေး မမ
အမှန်တရားဘက်ကရပ်တည်ကြရမှာ
အဲ့ဒါကို
"မဇ္ဈိမပဋိပဒါ" (အလယ်အလတ်လမ်းစဉ်)
လို့လဲခေါ်ပါတယ်........
အစွန်းမရောက်
မဖေါက်မပြန်
ဆင်ချင်ဉာဏ်သုံး
အပြုံးမပျက်
အမုန်းမဖက်
နောက်ဆုံးရက်အထိပေါ့......
ကျနော့သဘော
စိတ်မနောက
အတူတူ ညီမျှ
တရားမျှတပါစေ
ကျေနပ်နေမှာ
"မဇ္ဈိမပဋိပဒါ"
ကျနော်.......
ကိုးကွယ်ရာလဲဖြစ်သည်။ ။
AungZawHtay
24 12 2019 19:38
No comments:
Post a Comment