"ကြိုဆိုခြင်း"
🕛🕧🕐🕜🕑🕝🕒🕞🕓
ဒီရုပ် ခန္နာ
မမြဲတာသိ
မြင်အောင်ကြည့်လို့
သေ ဖို့ကိုလဲ
ရင်ဆိုင်ရဲပြီ......
ဒီပိုင်ဆိုင်ခြင်း
လောဘကင်းစေ
သေ ရင်မပါ
စိတ်မှာတွေးသိ
စွန့်ဖိုအသင့်ရှိခဲ့......
ဒီဂုဏ်ဓန
တမလွန်ကျရင်
အသုံးမ၀င်
ပါဝါပြချင်လို့မရ
ထားခဲ့ရဖို့သိခဲ့ပြီ......
ချစ်ခြင်း မုန်းခြင်း
တပ်မက်ခြင်းတွေ
သေ ရင်မပါ
မသေခင် ငါအခု
အရာရာတိုင်းကို
ဥပေက္ခာပြုတတ်ဖို့
နေသာသလို နေရမယ်
ဖြေသာသလို ဖြေရမယ်
သေ မှာကိုလဲ
ကြိုရမယ်။ ။
ခံစားမှု့စာစု
AungZawHtay
3 12 2019 19:28
No comments:
Post a Comment