""ထန်းလက်ခုံလေး""
__________________
 စိတ်အမောဖြေဖို့အရေး
 ထန်းလက်ခုံပက်လက်ကလေး
 အညာဒေသလေးဆီက
 အမှတ်တရ၀ယ်လာခဲ့တယ်
 အိမ်ရှေ့လေးမှာထိုင်မယ်ပေါ့.......
 အားလပ်ချိန်လေး
 ကိုယ့်ဘာသာထိုင်ရင်းငေးရင်း
 တွေးရင်းစိတ်ဖြေ
 ဗာဒံပင်ခြေနဘေး
 အိမ်ရှေ့နေရာလေးက
 အရိပ်အေးလေးအောက်မှာ
 ချထားတာကြာ
 ထိုင်ဖို့ရာပေါ့.......
 နေ၀င်ဆည်းဆာအချိန်
 တိမ်တွေလဲတောက်လို့
 ငါ့အဖို့ခဏလောက်အား
 အပန်းများပြေမလားရယ်
 ဗာဒံခြေပင်အရိပ်နား
 ခုံလေးချဖို့သွား
 နားမလို့ပေါ့လေ......
 နားနေမဲ့စိတ်ကူးကလေး
 မနက်ဖြန်များကိုငေးရင်း
 ဟိုသတင်း ဒီသတင်း
 ဟိုအချင်း ဒီအချင်း
 အဆင်ပြေမလားတွေးရင်း
 ပြင်ရင်းဆင်ရင်းက
 အဲ့ဒီနေ့ကလဲ
 မထိုင်ဖြစ်ခဲ့ဘူးပဲ......
 စိတ်အမောဖြေဖို့အတွက်
 ထန်းလက်ခုံပက်လက်ကလေး
 အညာဒေကလေးဆီက
 အမှတ်တရ၀ယ်လာခဲ့တယ်
 အိမ်ရှေ့လေးမှာထိုင်မယ်ပေါ့
 အငြးးးးးးးးး
 တစ်နေ့တော့ ထိုင်ဖြစ်မှာပါ။။
      (ခံစားမှု့စာစု)
AungZawHtay
9 10 2019 20:27
No comments:
Post a Comment