Saturday, November 9, 2019

"ဘ၀မေ့သူ"

ကျနော်ဖေ့ဘုတ်မှာ ဟာသလေးတွေတင်ရင်း likeကလေးရေတွက်ရင်း commentလေးတွေကြည့်ရင်းနဲ့ ကျေနပ်နေရင်း ကျနော်ချစ်တဲ့ကဗျာလေးတွေ မရေးဖြစ်ခဲ့တာကြာလာလို့ ရေးမယ်လုပ်တော့ ဘာကာရံမှထွက်မလာဘူး ကဗျာဆိုတာညှစ်ထုတ်တိုင်းထွက်တာမှမဟုတ်တာပဲလေ ဒါနဲ့ပဲကျနော့ကို ကျနော် သတိပေးဆုံးမတဲ့ ခုလို ခံစားမှု့စာစုလေး ရေးဖြစ်ပါတယ်။

    "ဘဝမေ့သူ"
______________________AungZawHtay
မရေးဖြစ်တာကြာ
မတွေးဖြစ်တာကြာ
ဒီလိုနဲ့ငါ
ကဗျာကိုမေ့လို့........

မဆွေးဖြစ်တာကြာ
မငေးဖြစ်တာကြာ
ဒီလိုနဲ့ ငါ
အလွမ်းဆိုတာမေ့လို့.........

မငိုမိတာကြာ
မပြိုမိတာကြာ
ဒီလိုနဲ့ငါ
ကြေကွဲတာကိုမေ့လို့.........

မပြောမိတာကြာ
မဟောမိတာကြာ
ဒီလိုနဲ့ငါ
စကားတွေပါမေ့လို့.........

မဆဲမိတာကြာ
မဆူမိတာကြာ
ဒီလိုနဲ့ငါ
ကြမ်းတမ်းတာတွေမေ့လို့.........

မပျော်မိတာကြာ
မမော်မိတာကြာ
ဒီလိုနဲ့ငါ
ကြည်နူးစရာတွေမေ့လို့.........

မေ့ ထားတာတွေကြာ
နေ့ များစွာတွေကြာ
ဒီလိုပဲအနေကြာလာလိုက်တာ
ငါဟာ
ငါ့ကဗျာ
ငါ့ဝါသနာတောင့်မေ့လို့.........

ဒီလိုနဲ့ပဲ................
မရေးဖြစ်တာကြာ
မတွေးဖြစ်တာကြာ
ဒီလိုနဲ့ငါ
ကဗျာကိုမေ့လို့။   ။

AungZawHtay
    19:15
(ခံစားမှု့စာစု)
၁၉ ၁ ၂၀၁၈

No comments:

Post a Comment