ဒေါသဖြစ်၍
ပူချစ်လောင်တောက် ၊
ငါစိတ်ဖောက်သည်
မြွေဟောက်
ပါးပျဉ်းနှယ်တကား ။
စာပေနှီးနှော၊
စကားပြော က
ဒေါသပြေခဲ့ဘူး၏ရှင့် ။
စာပေကြည့်လျက်၊
ကြံလေ့ကျက်က
အမျက် ပြေခဲ့ ဘူး၏ ရှင့်။
ဤတခါမူ
ပူသည် ဒေါသ၊
ထသည် အမျက်
ထွက်သည် စိတ်ကျန်း၊
မနိုင်စွမ်း၍
အေးချမ်းမေတ္တာ ၊
သုတ်ကိုနာသော်
ပမာတောက်ညီး ၊
တောင်ထက်မီးကို
မိုးကြီးငြှိမ်းသို့
ငြိမ်းသည်တည်း ။
မင်းသု၀ဏ် -၁၉၆၀
No comments:
Post a Comment