Wednesday, October 2, 2019

မြို့ကလေးရဲ့သခင်

မြို့ကလေးရဲ့ သခင်
*******************
ငါတို့ရဲ့ မြို့ကလေး
အဲဒီရဲ့နဘေးမှာ
ဓနိမိုးနဲ့ထံရံကာ
တဲ စုစုလေးတွေဟာ
ငါတို့နေတဲ့ ကမ္ဘာပေါ့........
ငါတို့အလုပ်လာရင်
ပေါဖော်တွေက သခင်
သီပေါမင်းဆိုတာ
ငါတို့အဖို့နောက်ဆုံး ဘုရင်ပါပဲ.......
အိမ်အပြန် လမ်းများမှာတော့
ပေါက်ဖော်တွေပေးလုပ်အားခ
၀မ်း၀ရုံလေးရ
ဒါတောင် ထိုင်ကတော့ရအတတ်
ကျေးဇူးကြီးမြတ်ပါပေ့
ပေါက်ဖော်ရေ
၀မ့်စွေ့ ၀မ့်စွေ့
၀မ့်၀မ့်စွေ့။   ။

                          အောင်ဇော်ဌေး
                      13,2,2013 07:18am

No comments:

Post a Comment