အောင်ဆန်းစုကြည်၏ ကဗျာ
**************************
*ဘ၀ ဟူသည်
တိုတောင်း လှပေစွ
ကန်ရေပြင်မှာတတ်သော
ရေပွက်မျှသာ ဖြစ်တယ်၊
*ကွေးသောလက်များ
ဆန့်မသွားမီ
မတည်သောအသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ မနိစ္စ
အမြဲမှန်ကန်သောအရာ
မမြဲခြင်းသာဖြစ်တယ်၊
*ဘုရားရှင်သော်မှ မလွဲနိုင်တဲ့တရား
အနိစ္စ သေဆုံးခြင်း၏တရား......
*တနေ့တချိန်
လေမှာလွင့်သော ပွင့်ချပ်နယ်
ကျွန်မ သေဆုံးပါလိမ့်မယ်၊
*ကျွန်မ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်၊
*ကျွန်မ ကိုယ် ကျွန်မ
ဖေဖေ့လို
အာဇာနည်လို့ မယူဆပါဘူး
အမှန်တရားနဲ့ဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေ့ရှု့သူသာဖြစ်တယ်၊
*အကယ်ရ်ျကျွန်မသေလွန်တဲ့အခါ
မငိုပါနဲ့မပူဆွေးကြပါနဲ့
ကြီးကြီးကျယ်ကျယ် စျာပနပွဲ
မလုပ်ကြပါနဲ့၊
ကျွန်မကို ချစ်သူမချစ်သူ
မည်သူမဆိုလာရှု့နိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘကမ္မဌာန်း
အိုနာ သေခြင်၏ မမြဲသောလမ်း၊
*ကျွန်မ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ
ကျွန်မ၏ အထွဠ်မြတ်ဆုံး ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ၊
ကျွန်မရဲ့မျက်ကြည်လွှာ
အလင်းမရသူကို လှူဒါန်းပေးပါ၊
ကျွှန်မရဲ့ နှလုံးသား ကျောက်ကပ်
အသည်းကလီဇာများ
ကောင်းသေးပါက
လိုသူများအားလှူဒါန်းပေးပါ၊
*မသာတစ်ခေါက်
ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ကိုကျော်သူ
ကျွန်မ အသက်မဲ့ ခန္ဓာကို
လှူပါတယ်
ဖုတ်ကျည်းသဂြိုလ်ပေးပါ၊
*ပုပ်ပွလာမဲ့ခန္ဓာအား
မီးသြ၈ိုလ်ပြီး
ရလာသောခန္ဒာ၏ပြာမြေဇာ
အပင်တို့အတွက်
မြေသြဇာကြွေးပေးပါ၊
*နောင်လာနောက်သားများအတွက်
ကျွန်မ၏နေအိမ်(သို့)
ကျမ၏အကျဉ်းထောင်
အင်းစိန်ထောင်ခွဲ
အမှတ်(၅၄)တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ပြတိုက်အဖြစ်
ကျွန်မ၏အသုံးအဆောင် စာအုပ်
တီးသူမဲ့ စန္ဒယား
ကျွန်မ၏ မြန်မာအ၀တ်အစား
ရိုးသားသော
မြန်မာအမျိုးသမီး၏တန်ဖိုးများ
နောင်လာနောက်သားများရှူ့မြင်စေ၊
*ကျွန်မ၏ကျန်ရစ်သော
ဘဏ်ငွေသားအနည်းငယ်
ကျမ၏စျာပန စရိတ်နှင့်
တရားနာလာ သံဃာအိုများအတွက်ကျန်းမာရေး
ဖိဝိတဒါန ဆေးအလှူ
ကွယ်လွန်သူ မိဘများအားအမှူထားရ်ျ
ကျမနှင့်ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှ ရေစက်ချ..အမျှဝေစေချင်ပါတယ်....
*ကျမရသော ငြိမ်းချမ်းရေး
နိုဘယ်ဆုငွေသား
$1.3 millionအား
ကိုယ်ကျိုးအတွက်မသုံးစွဲ
တပြားမချန်
မြန်မာပြည်သူများအတွက်
ကျန်းမာရေးနဲ့ပညာရေး ရံပုံငွေ
လှူဒါန်းခဲ့ပါတယ်....
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ........
ကြားကြားသမျှ အမျှ အမျှ အမျှ
ယူတော်မူပါ၊
*အမျိုးအတွက်ထားတဲ့
အမေ့ရဲ့စေတနာကို
နားလည်ပါရမီဖြည်ပေးသူ သားများ
အမေ့ဘ၀မှာ မွေးရကျိုးနပ်ပါတယ်
အမေ့ဘ၀အတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာဖြစ်ပါတယ်၊
*ဒီသားများအတွက်
အမေမွေးခဲ့သော ဇီဝိတ အသက်
အဖေပေးခဲ့သော ပညာမှတပါး
အခြားပေးရန် စည်းစိမ်မွေမရှိ
စိတ်ဓါတ်နှင့်ကြံခိုင်သော မျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်ပါစေ၊
*အတူနေ မမဒေါ်ခင်၀င်းနှင့်သမီးများ
ကျွန်မအား...
စောင့်ရှောက်သောကျေးဇူး
အထူးမမေ့ပါ၊ ကျေးဇူးတင်ပါတယ်၊
*ဆေးဝါးကုသပေးသော
မောင်ငယ် ဒေါက်တာ တင်မျိုး၀င်း
သမားစိတ်ရင်းကြောင့်ကျမ
အသက်ရှည်...
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး ဆပ်ပါရစေ၊
*ပြည်တွင်း ပြည်ပ
ကျွန်မကို ချစ်ခင်ကြသော
ကျွန်မကို အားပေးကြသော
မိတ်ဆွေသင်္ဂဟ
သိသူ မသိသူမှန်သမျှ
ကျွန်မပြုသောကုသိုလ် အဖို့ဘာဂ
ဝေမျှပါတယ်
ရွှင်လန်းကြပါစေ၊
*ကျွန်မ၏တဦးတည်းသော
ချစ်ရသော အကိုကြီး
သွေးသားစပ်သူ ဦးအောင်ဆန်းဦးအတွက်
ကျွန်မအဖေ၏ ပန်းချီတချပ်
သူမသေခင်..ခေါင်းရင်းမှာချိတ်ဖို့
ပေးအပ်ခဲ့တယ်၊
*အနှစ်၂၀
သက်တမ်းရ သက်တော်ရှည်
အဝေးရောက် ၀န်ကြီးချုပ်
ကျွန်မ၏တ၀မ်းကွဲမောင်
ဒေါက်တာစိန်၀င်း
ကျွန်မရဲ့အနှစ်(၂၀)
အချုပ်ကာလအတွင်း
ကျွန်မရတဲ့ဆုတွေလက်ခံတဲ့အခါ
စင်ပေါ်တက်
မျက်နာပြဖေါ်ရတာ
အထူးကျေးဇူးတင်ပါတယ်၊
*ဖေဖေ့မျက်နာနဲ့
ကျွန်မအပေါ်မရှိတဲ့
အပြစ်ကိုတင် အကွက်ဆင်
အတင်းထောင်ချ
သပ်ရှိုပြန်ကယ်ပြတဲ့
အတုယူချီးပွမ်းထိုက်ပါသော
မှူးကြီးသန်းရွှေရဲ့မေတ္တာ စေတနာ
မှတ်ကျောက်စာထိုးခဲ့ပါတယ်
ကလိမ်ခြုံ နအဖ၏
ဂန္ဓ၀င် မိချောင်းမျက်ရည်၊
*ကွန်မ မခေါ်ဘဲ
အလည်လာတဲ့ဧည့်သည်
ကျွန်မအသက်ဘေးအတွက် သူ
စိုးရိမ်တယ်..
မောပမ်းမေ့လဲနေသော
ဆီးချိုလူနာသည်သူ
ပုတုဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန်မှန် မမှန်မှန်
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ စေတနာနဲ့
သတိပေးရန်ကြံတဲ့အတွက်
သူ၏ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ထိုက်ပါတယ်၊
*ကျွန်မသွားတဲ့အခါ့
တရား သံဝေဂရ
မျက်ရည်မကျပါနဲ့
မပြီးဆုံးသေးတဲ့ ကျွန်ရဲ့၀တ္တရား
ကျရာနေရာ ကူညီပါအ၀င်
ဖြည့်ဆည်းပေးကြပါ
ကျွန်မအတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ
အဖေ ပေးတဲ့လွတ်လပ်ရေး
ကျွန်မ လက်ထက်မှာ မရသေးခင်
ကျွန်မ သေလွန်ခဲ့ပါလျှင်
ကျွန်မကိုယ်စား
တာ၀န်ဆက်ယူပေးနိုင်ပါစေ
တနေ့မှာ ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့မြန်မာအမျိုး သိက္ခာ မျိုးနွယ်ဆွေ
အာဏာရှင်စံနစ် ပြုတ်ကြပါစေ။ ။
မှတ်ချက်။ ။အမေဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တိုင်ရေးကဗျာဖြစ်ပါသည်။
(22.06.2013)
No comments:
Post a Comment