တီထွင်သူ့တံခါး
===============
လျှပ်စစ်မီးအပါအ၀င် တီထွင်မှုပေါင်း တစ်ထောင်ကျော်ကို လုပ်ဆောင်ခဲ့သူ အမေရိကန်ပညာရှင် “အက်ဒီဆင်” ၏ ခြံတံခါးကို အမြဲတမ်း ခက်ခက်ခဲခဲ ဖွင့်ရသဖြင့် မိတ်ဆွေများက ဝုိင်းပြောကြသည်။
“အမျိုးမျိုး တီထွင်တတ်သူလို့လည်း ပြောသေးတယ်၊ ကိုယ့်ခြံတံခါးကို အလွယ်တကူ ဖွင့်နိုင်အောင် ဘာဖြစ်လို့ မလုပ်တာလဲ”
“အက်ဒီဆင်” ပြန်ပြောသည်။
“ခြံတံခါးကို ကျွန်တော် အကောင်းဆုံးတီထွင်ပြီး လုပ်ထားတာပါဗျ”
“ဘာလဲ… ခင်ဗျား… ကျုပ်တို့ကို နောက်တာလား”
“မနောက်ပါဘူး၊ တံခါးကို အိမ်ကရေစုပ်စက်နဲ့ ဆက်ထားတာဗျ၊ ခင်ဗျားတို့ တံခါးကို တွန်းဖွင့်လိုက်တိုင်း ခေါင်မိုးပေါ်တင်ထားတဲ့ ရေတိုင်ကီဆီကို ရေလီတာသုံးဆယ် တင်ပြီးသား ဖြစ်သွားတယ်လေ”
( မောင်ကောင်းထိုက်-နှီးပဒေါ ၏ “သူတို့လည်း ရယ်စရာပြောတတ်သည်” စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment