"အမြင် 'မှန်' လေး... အမြန် ' မြင်' ပေးပါ"
########################
လူ ကို လူချင်း
စာနာခြင်း
ညှာတာခြင်းသည်
"လူ"လို့မည်၏......
ဖြူ ချင် ဖြူ
မဲ ချင် မဲ
လူ ထဲက လူ
သင် လဲ လူ
ငါ လဲ လူ
ဘာသာ တူတူ မတူတူ
ပါဝါတူတူ မတူတူ
အလွှာတူတူ မတူတူ
သေ ရင်တော့အတူတူပဲ
မခွဲချင်လဲ ခွဲ
မခွဲချင်ပဲ ခွဲ
ဘာမှ မမြဲ
ဘာမှ အစွဲမထားနဲ့.......
မသေခင် ခဏ
ဆုံရတဲ့အခိုက်မှာ
သင် နဲ့ ငါ
ငါ နဲ့ သင်
နင် ဘုရင်
ငါ ဘုရင်
နင် သခင်
ငါ သခင်
ဘာမှယှဉ်မနေနဲ့
သင် နဲ့ ငါ နဲ့
ငါ နဲ့ သင် နဲ့
ခင်ခင်မင် မိတ်ဆွေဖွဲ့
အတိတ်တွေ့ထားခဲ့လိုက်ပါ.......
သင် နဲ့့ ငါ
အမှန်တရားကို မညာကြေး
တွေးတွေး ဆဆ
ဖေးဖေး မမ နဲ့
ကမ္ဘာကြီးရဲ့အနာဂတ် လှ ဖို့
ငါတို့ သင်တို့
လူ ကို လူ ချင်း
စာနာခြင်း
ညှာတာခြင်းနဲ့အတူ
ကမ္ဘာကြီးကိုထူထောင်ဖို့
"အမြင်မှန်"လေး
"အမြန်မြင်"ပေးပါ။ ။
Aungzaw Htay
19:39 7 4 2019
(ကမ္ဘာမြေငြိမ်းချမ်းပါစေ)
No comments:
Post a Comment