Tuesday, October 22, 2019

"အသင့်ပြင်ပါ"

"အသင့်ပြင်ပါ"
🚩🚩🚩🚩🚩🚩🚩

  ဘယ်သူတွေဘာလုပ်လုပ်
  ကိုယ့်အလုပ် ကိုယ်လုပ်ကြမယ်
  လုပ်စရာတွေအများကြီး
  2020 နီးပြီ
  NLD အပေါင်းတို......

  ဘယ်သူတွေဘာပြောပြော
  ကိုယ့်သဘောနဲ့ကိုယ်
  လိုအပ်တာကိုတွေး
  NLD ကိုဖေးမ
  2020 မှာအနိုင်ရဖို့......
 
  ဘယ်သူတွေဘာထင်ထင်
  အဖြစ်မှန်ကိုရှင်း
  ပြည်သူ့ကိုအလင်းပြ
  NLD ဆိုတာ
  2020 မှာ နိုင်ကိုနိုင်ရမယ်.....

  အခြေအနေတိုင်း
  NLD သမိုင်းဟာ
  ဘယ်တော့မှမရိုင်းစေရ
  ပြည်သူတွေနဲ့ တစ်သားထဲကျကြောင်း
  သက်သေကောင်းကောင်းပြ
  2020 အတွက် အသင့်ပြင်ကြရအောင်။

စာကြွင်း။ ။ (ယခုစာစုလေးဟာ စိတ်တူကိုယ်တူ အမေစုကိုချစ်မြတ်နိုးထောက်ခံသူ မိဘဆရာ မိတ်ဆွေ သူငယ်ချင်း အပေါင်အသင်းများကို ကိုယ်အလုပ်ကိုယ်လုပ်ဖို့ 2020အတွက် ပိုပြီးအာရုံစိုက်နိုင်ဖို့ရည်ရွယ်ပါတယ် အမှားပါရင်တောင်းပန်ပါတယ်)

AungZawHtay
22 10 2019 20:51

No comments:

Post a Comment