Wednesday, October 2, 2019

အပြုံးများအားထုဆစ်ခြင်း

အပြုံးများအား ထုဆစ်ခြင်း
   ************************

အပြုံးတွေကို ငေးရင်း
အပြုံး ၏ အခြင်းအရာ
အပြုံးအကြောင်း ငါတွေး
အပြုံးလေးတွေအား ထုဆစ်
စာတစ်ပုဒ်ဖြစ်ခဲ့...............
ဟန်ဆောင်တဲ့ အပြုံး
မာန်ထောင်မဲ့ အပြုံး
ကပ်ဖားတဲ့ အပြုံး
ဖြတ်စားမဲ့ အပြုံး
အသနားခံတဲ့ အပြုံး
အထက်စီးဆန်တဲ့ အပြုံး
ဂရုဏာတွေနဲ့ အပြုံး
အတုဗလာတွေနဲ့ အပြုံး
သိပ်လှတဲ့ အပြုံး
စိတ်မချတဲ့ အပြုံး
စိတ်တိုနေတဲ့ အပြုံး
ကျိတ်ငိုနေတဲ့ အပြုံး
ပီတိဝေတဲ့ အပြုံး
အပူမိနေတဲ့ အပြုံး
လှိုက်လှိုက်လှဲလှဲ အပြုံး
မိုက်မိုက်မဲမဲ အပြုံး
အကြွားသန်မဲ့  အပြုံး
အစားခံမဲ့ အပြုံး
ရိုးသားတဲ့ အပြုံး
ခိုးစားမဲ့ အပြုံး
ဖေါ်ရွေတဲ့ အပြုံး
ဆော်ကြွေမဲ့ အပြုံး
အပြုံး  အပြုံး
အပြုံးပေါင်းများစွာ
အပြုံးတွေကို ငါငေး
အပြုံးအကြောင်း တွေးရင်း
ဒီစာတစ်ပုဒ်ရေးနေစဉ်မှာပေါ့
နှစ်နှစ်ကာကာ ပြုံးလိုက်မိပါတယ်
ငါဘာကြောင့် ပြုံးတာပါလိမ့်။    ။

                        ခံစားမှု့စာစု
                     အောင်ဇော်ဌေး
               13,2,2013.  03:18am

No comments:

Post a Comment