**************
သိတယ်
မတတ်တဲ့ သူ
တတ်တယ်
မသိတဲ့ သူ
သိလဲ မသိ
တတ်လဲ မတတ်တဲ့သူ
သင် ဘယ်လိုလူလဲ ?
သိလဲ သိ
တတ်လဲ တတ်
တစ်ကယ်ထက်မြတ်ရင်
သင်ဟာ အရှင်သခင်ပေါ့
ခုတော့
မသိ မတတ်
ကိုယ့်ကိုယ် ကိုယ်
အဟုတ်မှတ်လို့
သိသယောင်ယောင်
တတ်သယောင်ယောင်နဲ့
သိအောင်တတ်အောင်မကြိုးစား
ကိုယ့်အကျိုးများဖို့ပဲကြည့်
ယောင်ဝါးတွေရှိနေသမျှ
ကမ္ဘာလောကကြီးမလှနိုင်ဘူး။ ။
အောင်ဇော်ဌေး
၅,၁၂,၂၀၁၂
No comments:
Post a Comment