တောသားလူလည်
========================
အဝေးပြေးဂိတ်မှာ တောသား ၅ ယောက် အငှါးကားလာငှါးတယ်။ လည်လည်၀ယ်၀ယ်ရှိပုံရတဲ့ တစ်ယောက်က ကားသမားနဲ့စျေးစကားပြောတယ်။
တောသား။ ။ရပ်ကွက် (၅)ကိုသွားမယ် ဘယ်လောက်လဲ။
ကားသမား။ ။၁၅၀/ိ- ကျပ်တော့ပေးလိုက်ပါ။
တောသား။ ။ငါတို့ကိုတောသား အ တယ်မှတ်နေလား ၉၀/ိ-ကျပ်ပေးမယ် ရလား မရဘူးလား။
ကားသမားကလဲ စျေးဦးပေါက်ဆို တော့ မထူးပါဘူး ခါတိုင်းလဲ ၉၀ိ/-ဆို လိုက်ကြတာဆိုတော့လက်ခံလိုက်တာပေါ့။
သူတို့သွားချင်တဲ့နေရာရောက်တော့ အားလုံးဆင်းတယ် ခေါင်းဆောင်လုပ်သူက ကျန်တဲ့သူအဖေါ်တွေကိုပြောတယ် "ကဲကဲ ကိုယ့်ပိုက်ဆံကိုယ်ရှင်းကြဆိုပီး ၉၀ တန်တစ်ရွက်ထုတ်ပေးတယ် ကျန်တဲ့သူတွေလဲ ၉၀ စီထုတ်ပေးသွားကြတယ်။
ကားသမားကတော့ အံသြလေးစားအထင်ကြီးခြင်းများနဲ့ ပိုက်ဆံ ၄၅၀ိ/-ယူ ပီးပြေးတာ တန်းလို့။နုတ်တောင်မဆက်အားဘူး။
=======================
မှတ်ချက်။ ။ ၁၉၉၇ခုနှစ်က ကိုယ့်တွေ့ဖြစ်ရပ်မှန်လေးပါ။အဲ့ခေတ်က မြို့တွင်းကားစင်းလုံးငှါးမှ ၉၀,၁၀၀,၁၅၀ ပါ။
အောင်ဇော်ဌေး
No comments:
Post a Comment