"ပုံမှန်အတိုင်းပါပဲ"
☑️☑️☑️☑️☑️☑️
ငါဟာ 'နေမင်း'
ငါ့အလင်းတွေ
ကမ္ဘာမြေအတွက်
နေ့စဉ်ရက်ဆက်
ထွန်းလင်းလျှက်.......
ငါဟာ 'လမင်း'
ငါ့အလင်းတွေ
ကမ္ဘာမြေအတွက်
ညစဉ်ရက်ဆက်
အလင်းပြလျှက်........
"နေမင်း"
"လမင်း"
ဒီအလင်းက
နေ့နေ့ ညည
ပုံမှန်နေသားကျလို့.......
အခိုက်အတန့်
အခန့်မသင့်
အဆင်သင့်မဖြစ်ခင်
ဥတုတွေဖေါက်ပြန်ရင်ပေါ့
သူတို 'အလင်း'တွေ
ကမ္ဘာမြေဆီမရောက်တော့ဘူး........
အဲ့ဒီအခါ
'နေ' ရော 'လ' ပါ
သူတို့မှာတာ၀န်မရှိ
နဂိုအတိုင်း
သူတို့ "အလင်း"နဲ့သူတို့
ပုံမှန်အတိုင်းရှိလို့ပါပဲ။ ။
AungZawHtay
20 10 2019 19:10
No comments:
Post a Comment