"အဖေ" ပေးတဲ့ "အမွေ"
-----------------------------
*အဖေ.....................
ရိုးရှင်းတဲ့ နာမ်စား
မိသားစုတွေကြားမှာ
တော်တော်လေး အရေးပါ
အစားထိုးဖွယ်ရာမရှိ
တန်ဖိုးဆိုတာခုမှသိရ
နောက်ကျခဲ့ပြီလေ.........
*"ဖေကြီး.....ပုံပြောပြ"
"ဖေကြီး.....သီချင်းဆိုပြ"
"ဖေကြီး.....အိမ်ပြန်နောက်မကျနဲ့"
"အိမ်ပေါက်၀က ကျွန်တော်
ဖေကြီးကို မျှော်နေမှာနော်"
"စားစရာ.........၀ယ်ခဲ့"
"ကစားစရာ.....၀ယ်ခဲ့"
ငယ်ဘဝလေးရဲ့ "ရသ"
အဖေ့ဆီကပဲရခဲ့တာ......
အဖေဟာ
သင်ခွင့်ပေးခဲ့တဲ့ ဆရာ
မြင်ခွင့်ပေးခဲ့တဲ့ ဆရာ
ကြားခွင့်ပေးခဲ့တဲ့ ဆရာ
ကျွန်တော့်အတွက်တော့ ကမ္ဘာ
အန္နတဂိုဏ်း၀င်ပါ......
ခုနေခါတော့
*အဲ့ဒီ "အဖေ့"နေရာမှာ
"အဖေ့ ခြေရာ"မှီဖို့
"သမီး...သား"တို့"အဖိုး"ဆီက
"ကျွန်တော်မျိုး"ရလိုက်သော"အမွေ"
မင်းတို့ရဲ့"အဖေ"ပေါ့။ ။
(၁၂,၃,၂၀၁၇ တပေါင်းလပြည့် အဖေနေ့အမှတ်တရ)
ခံစားမှု့စာစု
အောင်ဇော်ဌေး
11,3,2017 20:34
No comments:
Post a Comment