"တမ်းခြင်း ၁"
#########
ကျနော့်သမီးက" ကြောင်" လေးကိုချစ်တယ်
ထို့ကြောင့် ကျနော်" ကြောင်" လေးကိုချစ်တယ်.....
ကျနော် သား က" ခွေး"လေးးကိုချစ်တယ်
ထို့ကြောင့် ကျနော့" ခွေး" လေးကိုချစ်တယ်.....
ခွေး နဲ့ ကြောင် မတည့်ကျဘူး ကမ္ဘာဦးထဲက
ခုတော့.......
" ခွေး" ရော" ကြောင်" ရော
"သမီးသေဘာ သား သေဘာ"
"သခင့်" သဘောကိုပါ သိ သလိုလိုနဲ့
"ငြမ်းချမ်းမှု့"တွေ ရနေလေရဲ့......
"ဒီ ခွေး ဒီကြောင် လို
ဒီမောင်နှမ အတုယူကြ
ငြိမ်းချမ်းချစ်ခင်ကြစေ
တောင်းဆုချွေသည်။ "
အဖေ နဲ့ အမေ ကလေ.....
" ခွေး" လေးကို ချော့ရင်း
"ကြောင်" လေးကို 'စ'ရင်း
သမီး တို့ သား တို့ကို တမ်းတရင်း
"သတိရခြင်းတွေ"ကိုဖြေသိပ်
"ခွေး "လေးကိုလဲ စိတ်မချ
"ကြောင်" လေးကိုလဲ စိတ်မချ
"ခွေး နဲ့ ကြောင် လဲ
ကောင်းကောင်းကိုမနေရ
အဖေ နဲ့ အမေ က
သူတို့ကိုလိုက်လိုက် "စ"နေလို့။ ။
မှတ်ချက်။ ။မိသားစုခံစားမှု့သက်သက် တိုက်ရိုက်ချရေးထားသော စာစုတစ်ခုဖြစ်ပါသည် မိသားစုမှလွှဲ၍မည်သူနှင့်မျှမသက်ဆိုင်ပါ။
ခံစားမှု့စာစု
Aung Zaw Htay
23 5 2019/21:28
No comments:
Post a Comment