Thursday, October 3, 2019

""နုတ်ဆက်ခြင်း""

""နုတ်ဆက်ခြင်း""
🌪🌪🌪🌪🌪🌪🌪

ဒီအကောင့်လေးဆီက
like လဲမရ...
comment လဲမရ...
haha လဲမရ...
စတေကာကာလေးတွေလဲမရ...
ပိုစ့်တွေတင်တာလဲမတွေ့ရတော့ရင်......
ကြိုပြောထားချင်မိ
နုတ်ဆက်ကြည့်ပါရစေ။

သင်သတိထားချင်မှထားမိမယ်
သင်သတိထားရင်လဲထားမိမယ်
သတိထားထား မထားထား
မကြည့်အားအား ကြည့်အားအား
(ဒီအကောင့်လေး)
နုတ်ဆက်လက်ပြ
ခွဲခွာရမယ်...........
အားလုံးဟာ ဧည့်သည်လေ။

ဘယ်နေ့ ဘယ်ရက်
ခန့်မှန်းဖို့ခက်ပေမဲ့
အခုလား တော်ကြာလား
နက်ဖြန်လား သဘက်ခါလား
လား...လား... လား
ကွေးသောလက်တွေ မဆန့်အားခင်
သေချင် သေမယ်
သွေဖယ်လို့မရ
အနိစ္စ ဒုက္ခ အနတ္တ
သင်္ခါရသဘော
မမြဲသောအသိနဲ့
နုတ်ဆက်ကြည့်ခဲ့ပါရစေ...

ဒီအကောင့်လေးဆီက
like လဲမရ...
comment လဲမရ...
haha လဲမရ...
စတေကာကာလေးတွေလဲမရ...
ပိုစ့်တွေတင်တာလဲမတွေ့ရတော့ရင်......
ကြိုပြောထားခဲ့မယ်
နုတ်ဆက်ခဲ့ပါတယ်လို့ပေါ့။    ။

AungZawHtay
19 8 2019 20:23

No comments:

Post a Comment