"ဥပေက္ခာလောကသား"
🦇🦇🦇🦇🦇🦇
သိ တယ်
မသိ သလိုနတော
ခဏခဏတော့
လာလာ မညာနဲ့.....
တတ်တယ်
မတတ်သလိုနေတာ
ဆရာကြီးအထာနဲ့
သင်ပြမနေနဲ့.....
မြင်တယ်
မမြင်ချင်သလိုနေတာ
မမြင်ရဘူးထင်ပြီး
မရှင်းမရှင်းမလုပ်နဲ့......
ကြားတယ်
မကြားချင်သလိုနေတာ
မကြားဘူးထင်ပြီး
နုတ်စည်းမစောင့်မလုပ်နဲ့......
'သိ' 'တတ်' 'မြင်' 'ကြား'
အရုံခံစားရင်း
ငါကြီးပြင်းခဲ့တာ
တော်တော်တောင်ကြာပေါ့.....
ကြာလာတာနဲ့အမျှ
နေသားလဲကျပြီ
အတိုက်အခံလုပ်ဖို့မရည်ရွယ်
ဥပေက္ခာပြုနိုင်မဲ့တစ်နေ့
အားလုံး မေ့ ထားလိုက်မယ်။
AungZawHtay
21 10 2019 19:48
No comments:
Post a Comment