Wednesday, October 2, 2019

မျှော်နေမဲ့ မနက်ဖြန်

မျှော်နေမဲ့ မနက်ဖြန်
*****************
မနေ့တုန်းက
ဒီနေ့ကျရင်ဆိုတဲ့ အတွေး
မနက်ဖြန်ဆိုတာ ဝေးစွ
သတိမရခဲ့တာအမှန်..........
ဒီနေ့ကျတော့
မနေ့ကဆိုတဲ့ အတွေး
မနက်ဖြန်ကို ငေးရင်း
နှမြောသတခြင်းတွေနဲ့............
မနက်ဖြန်ကျရင်တော့
မနေ့တနေ့က အတွေး
နောင်တ တွေကင်းဝေးအောင်
ပြီးခဲ့တာတွေ အမှောင်ချ
ကဲ
မနက်ဖြန်ကို မျှော်လိုက်ကြစို့။    ။

                             ခံစားမှု့စာစု
                          အောင်ဇော်ဌေး
                      10,2,2013 03:52pm

No comments:

Post a Comment