""ခဏလေးပါပဲ""
👣👣👣👣👣👣👣
အချစ်နဲ့အမုန်း
အပြုံးနဲ့အမဲ့
အရွဲ့နဲ့အစောင်း
အကောင်းနဲ့အဆိုး
အကျိုးနဲ့အပြစ်
အစစ်နဲ့အတု
တစ်ခုမှ ငါ
မပိုင်တာသိ
တွေးဆမိရင်း
ချစ်ခြင်း
မုန်းခြင်း
ပိုင်ဆိုင်ခြင်းမှာ
သေချာတွေး
သေချာငေးရင်း
ဖြစ်ခြင်းပျက်ခြင်း
ချိန်ဆရင်း ငါ
နောက်ဆုံးမှာ
ဗလာနတ္ထိ
(သေရာပါတာ)
ဘာမှမရှိ
ဒီ.. အသိလေး
တခဏတွေး
တခဏငေး
တခဏဆွေး
ဪ........
တခဏလေးပါပဲ။ ။
(ခံစားမှု့စာစု)
AungZawHtay
8 9 2019 19:33
No comments:
Post a Comment