Wednesday, October 2, 2019

ဘယ်သူသိသိ မသိသိ

ဘယ်သူသိသိ မသိသိ
*******************

* မြင်ရရုံလေး
 * ဟိုး ဝေးဝေးက
 * ငေး တမ်းတမိ
 * ခိုးခိုးကြည့်သည်
 * ချစ်သူသိသိမသိသိ...၊
 * ကြားရရုံလေး
 * ဟိုး ဝေးဝေးက
 * တွေးတမ်းတမိ
 * နားစွင့်ကြည်သည်
 * ချစ်သူသိသိမသိသိ...၊
 * မြင်ရုံကြားရုံ
 * လွမ်းရရုံနဲ့
 * စွမ်းအားတွေရှိ
 * အားတက်မိသည်
 * ချစ်သူသိသိမသိသိ....၊
.* တကယ်တော့..........
 * နှစ်ကိုယ်ထဲသိ
 * ချစ်ခွင့်ရှိသည်
 * ဘယ်သူသိသိမသိသိ....။ ။

                                       အောင်ဇော်ဌေး
                            (14,may,2011)17:20pm

No comments:

Post a Comment