""လုပ်ချင်တာလုပ်""
🗣🗣🗣🗣🗣🗣🗣
🇲🇲သိမ်းမယ်ဆိုလဲ အမြန်သိမ်း
    အာဏာကိုမှိန်းမော
    ဟိုပြောဒီပြောမလုပ်နဲ့.....
👮လုပ်မယ်ဆိုလဲ အမြန်လုပ်
    ဟိုမဟုတ် ဒီမဟုတ်
    ကြောင်တောင်တောင်တွေမလုပ်နဲ့......
✋၀န်ခံမယ်ဆိုလဲ အမြန်၀န်ခံ
    တကယ်အမြင်မှန်ရမှ
    ဟိုဆွ ဒီဆွတော့မလုပ်နဲ့...... 🙏
👮မှားရင် မှားတယ်
    မှန်ရင် မှန်တယ်
    နှစ်သွယ်ဒီလမ်း
    ရဲရဲလှမ်း
    ရဲရဲလျှောက်
    ကိုယ်လမ်းကိုယ်ဖေါက်
    မကြောက်ပါနဲ့.....
🌏ကိုယ့်သမိုင်းနဲ့ ကိုယ်
    ကိုယ့်လိုင်းနဲ့ ကိုယ်
    ချိုသလား ခါးသလား
    အချိန်ကပဲ အဆုံးအဖြတ်ပေးသွားမှာပါ။
     (ခံစားမှု့စာစု)
🕊AungZawHtay🕊
  24 9 2019 20:05
No comments:
Post a Comment