Tuesday, December 24, 2019

"ရင့်ကျက်ကြပါစေ"

"ရင့်ကျက်ကြပါစေ"
_______________

ရင့်ကျက်ဖို့ကို
ရက်နဲ့ကျင့်လို့မရ....

ရက် နဲ့ကျင့်ကျင့်
လ နဲ့ကျင့်ကျင့်
နှစ် နဲ့ကျင့်ကျင့်
ရင့်ကျက်ဖို့ဆို
အတွေ့အကြုံတစ်ချို့လိုတယ်.....

တွေ့ မြင် ကြုံ လဲ
အသိတရားနည်းရင်
ပိုနေမြဲ ကျားနေမြဲ
အရင်လိုပါပဲလေ.....

တွေ့ မြင် ကြုံ သိ
ထိတွေ့သမျှ
ယူတတ် ရမယ်
ယူတတ်ရင် ရတယ်
ယူတတ်ကြဖို့ပဲလိုတာ.....

ကဲ....ရင့်ကျက်ဖို့ဆို
ကိုယ့်မှာ ဘာလိုသလဲ
ဝေခွဲဆန်းစစ်
ရင့်ကျက် ကြပါစေ။  ။

AungZawHtay
19 12 2019
19:18

No comments:

Post a Comment