"" အညာခံရသော နိုင်ငံရေး""
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
ဟုတ်ပြီ ........
ဘယ်ကပစ်မှန်းမသိ
ဘယ်သူပစ်မှန်းမသိ
ဘယ်ကိုပစ်မှန်းမသိ
"ဝုန်း ဆိုပြီး"
ကိုယ့်ကို(ကိုယ့်မိသားစုအိမ်ပေါ်) လာထိမှ
နာကြည်းပြ
မုန်းတီးပြ
ကြေကွဲပြ
အသနားခံပြလိုလဲ
အပိုပဲဖြစ်မှာပါ.......
(ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တွေ)
" အညာခံနေရတာ"
" နှစ်တွေအတော်တောင်ကြာပြီပဲ"........
ဒီတော့.....
"ငတ်" မှာတစ်ခုထဲမတွေးနဲ့
" သေနတ်"တွေလဲ သတိထားပါ
"ပါးစပ်"တွေလဲ သတိထားပါ...
"ပါးစပ်တွေက ညာ"
"သေနတ်တွေက ဖွါ"
"ငတ်ပြီး သေတာကမှ"
" ဖြေသာသေးတယ်"....
ခုတော့........
ဘယ်ကပစ်မှန်းမသိ
ဘယ်သူပစ်မှန်းမသိ
ဘယ်ကိုပစ်မှန်းမသိ
တစ်ကယ်တမ်း
ကိုယ့်ကို(ကိုယ့်မိသားစုအိမ်ပေါ်) လာထိမှ
ကျိတ်မနိုင် ခဲမရ
လက်ညိုးထိုးပြစရာမရှိ
စိတ်ဒါဏ်ရာတွေပိ
"သေ" မှန်းတောင်မသိလိုက်ဘူး.....
အဲဒီတော့........
""နိင်ငံရေး"" ဆိူတာလေး
""စိတ်၀င်စားပေးပါ""
""ငါတို့ မျိုးဆက်တွေ""
""အညာမခံရအောင်ပေါ့""။ ။
AungZawHtay
1 9 2019 20:04
မှတ်ချက်။ ။ဒီစာစုလေးမှာ အမှားပါခဲ့ရင် နားလည်ခွင့်လွတ်ပေးပါ။
No comments:
Post a Comment