Wednesday, October 2, 2019
အပေါင်းလက္ခဏာ
အပေါင်းလက္ခဏာ
*************************
ပျက်အစဉ် ပြင်ခဏ
ပြင်ရတော့မယ့် အချိန်
မလိမ်ကြပါနဲ့
ပြင်ရင်ရတယ်ဆိုတာ
ကိုယ်တိုင်တစ်ကယ်သိလာရင်
ပြင်သာပြင်လိုက်ပါ
မစိုးရိမ်ပါနဲ့
ပျက်နေခဲ့သမျှ
ကောင်းတော့မဲ့ ဒီခဏတာ
ပြန်မဖျက်လိုက်ပါနဲ့
ပြင်လို့ရလာရင်
ပျက်နေခဲ့တဲ့ကာလ
နှမျှော သတ
မလွမ်းဆွတ်ကြနဲ့
အကောင်းဆုံးရဲ့အစ
ဒုက္ခ သုခအ၀၀
အားတင်းထားလိုက်ကြစို့
ငါတို့အတူတူ
အတူတူ ငါတို့
ပူးပေါင်းကြပါစို့။ ။
အောင်ဇော်ဌေး
31,march,2014
20:51
Subscribe to:
Post Comments (Atom)
No comments:
Post a Comment