Thursday, October 3, 2019

၀ိညာဉ်များနှင့် ကခုန်ခြင်း

၀ိညာဉ်များနှင့် ကခုန်ခြင်း
🌪🌪🌪🌪🌪🌪

မတွေးချင်...
မမြင်ချင်...
မကြားချင်...

လက်တွေ့...သိ
လက်တွေ့... မြင်
လက်တွေ့... နားနဲ့ဆတ်ဆတ်ကြား
ကိုယ်ချင်းစာတရားနဲ့
ဘယ်လို့မှခံစားလို့မရ
ဆွံအ ကြေကွဲ
မျက်ရည်ဝဲမိ
ကြုံဖူးမှသိမယ်။

ကံ ကံ၏အကျိုးမို့
ဆိုးဆိုးကောင်းကောင်း
အတိတ်ကံ အကြောင်းလို့ပဲ
ခွင့်လွတ်နေဆဲလား?

ကိုယ် ဘ၀ ကိုယ်
"ကံ ညဏ် ၀ရိယ"
အသုံးချ "ရုန်းထ"နေတုန်း
"ဝုန်း" ဆို ပြီးဆုံး
(အသင်တို့ရဲ့ ဝိညာဉ်တွေ)
ဘယ်မှာအဆုံးသတ်
ဘယ်ခရီးကိုဆက်ကြမလဲ.....

၀ိညာဉ်တွေ....
၀ိညာဉ်တို့ရေ
"သေခြင်း" နဲ့ "ရှင်ခြင်း"အကြား
ဘ၀ တစ်ခုမခြားခင်
အမှန်တရားတစ်ခုကိုမြင်စေချင်တယ်
ငါတို့ ဘယ်လိုဖြစ်တာလဲ?
ငါတို့ ဘာကြောင့်ဖြစ်တာလဲ?
သဲသဲကွဲကွဲ
စွဲစွဲမြဲမြဲ မသိခင်
ဒီ "သေခြင်း"တရားနဲ့
ထိုက်တန်ရဲ့လား......

ကဲ  ဝိညာဉ်တို့ရေ
ဘယ်မှမသွားပဲ
"အမှန်တရား"  နဲ့
ကခုန် လိုက်ပါ။   ။

AungZawHtay
11 8 2019 21:11

No comments:

Post a Comment