ကဗျာဟာ ကဗျာပဲ
*****************
စာစောင်မှာပါမှ ကဗျာမဟုတ်
ဂျာနယ်မှာပါမှ ကဗျာမဟုတ်
မဂ္ဂဇင်းမှာပါမှ ကဗျာမဟုတ် ..........
ကဗျာတစ်ပုဒ်ဖြစ်ဖိ့ု......့
အချက်အလက်အချို့
တိုက်ဆိုင်မှုအချို့
ခံစားမှုအချို့
အတွေ့အကြုံအချို့
အချို့ အချို့
အဲဒီအချို့တို့ကြုံကြိုက်တဲ့အခါမှ
ကဗျာတစ်ပုဒ်ကိုရတယ် .............
ဒါ့ကြောင့်
ကဗျာတစ်ပုဒ်မှာ..........
အချက်အလက်တွေပါတယ်
တိုက်ဆိုင်မှုတွေပါတယ်
ခံစားမှုတွေပါတယ်
အတွေ့အကြုံတွေပါတယ်
အဲ့ဒါတွေကြုံကြိုက်လို့သာ
ကဗျာပုဒ်ဖြစ်လာရတာ...........
သူ့ခေတ်နဲ့ သူ့အခါ
စကားလုံးအသုံးအနှုန်းကွာချင်ကွာမယ်
နားလည်ပေးနိုင်မှုကွာချင်ကွာမယ်
ကဗျာဆိုတာဟာ
ကဗျာပါပဲ
မခွဲခြားကြပါနဲ့။ ။
အောင်ဇော်ဌေး (လားရှိုး)
4,9,2015 fri. 08:21pmှ
No comments:
Post a Comment