Thursday, October 3, 2019

ခရီးရှည်

"ခရီးရှည်"
👣👣👣👣👣

ဘ၀ဆိုတာကို
သန္ဓေတည်ခြင်းကစ
ဒီလောကထဲ
ခြေချခဲ့ကြတယ်......

မွေးဖွားခြင်းအတွက်
လက်သည်ကိုအားကိုး
ကိုယ်တိုင်လဲကြိုးစား
ညှစ်အားလေးတော့လိုတာပေါ့.....

ရပ်တည်ရှင်သန်ခြင်းအတွက်
အဖက်ဖက်ကသင်ယူ
ကိုယ်တိုင် ထူ
ကိုယ်တိုင် ထ
ကိုယ်လုပ်မှကိုယ်ရတယ်ဆိုပေမဲ့
တရားမျှတဖို့လဲလိုတယ်.....

အခြေအနေအရ
လောဘ ဒေါသ မောဟ တွေ
လူတိုင်းဆီမှာရှိနေကြတယ်
ရှိနေကြမယ်
ရှိနေရအုံးမယ်လေ.....

ဒါတွေဟာတစ်နေ့ကျ
သံဝေဂရရ မရရ
ကျောခိုင်းထားခဲ့ရမယ်.....

သန္ဓေတည်ခြင်းနဲ့စတဲ့ ဘ၀
သန္ဓေတည်ခြင်းရဲ့အဆုံး
ရှင်သန်နေတုန်းလေး
နိဂုံးလဲလှစေ
ဘ၀ ဘ၀ တွေအဆက်ဆက်
ခရီး ခရီး တွေဆက်နိုင်ပါစေ။

👣👣👣👣👣👣👣👣👣👣👣👣
Aung Zaw Htay
1 7 2019  07:38 am

No comments:

Post a Comment