""ကိုယ့်လမ်း ကိုယ်ဖောက် ကိုယ်တိုင်လျှောက်""
🚶🚶🚶🚶🚶🚶🚶🚶🚶🚶🚶🚶🚶🚶
ဘယ်သူတွေ ဘယ်လိုချမ်းသာတယ်
ဘယ်သူတွေ ဘယ်လိုသုံးနိုင်တယ်
ဘယ်သူတွေ ဘာလုပ်တယ်မသိ
အဲဒါကိုကြည့်ပြီး
ကိုယ့်ဘ၀ ကိုယ် မငြီးစမ်းပါနဲ့......
စားခါနီး ဆဲဆဲ
ငါတို့စားမဲ့ ထမင်းလုပ်ထဲမှာ
လောဘ မပါ
ဒေါသ မပါ
မောဟ မပါ
အပူပင်ကင်းပါစေ
ငါတို့ကျေနပ်နေရမယ်........
သွားခါနီး ဆဲဆဲ
ခြေလှမ်းတိုင်းမှာလဲ
ရဲရဲ လှမ်း
ရဲရဲ လျှောက်
နောက်ကြောင်းကင်းစေ
ပန်းတိုင်တွေဆီသို့
ဆက်လျှောက်နေဖို့ပဲလိုတယ်
တစ်နေ့တော့ရောက်မယ်........
အသွားမတော် တစ်လှမ်း
အစားမတော် တစ်လုပ်
ငါတို့ရဲ့လုပ်ရပ်ကြောင့်
ဘ၀အဆုံးမသတ်စေနဲ့
လမ်းမှန်တွေဖောက်
ဆက်လျှောက်ရမယ်.......
လက်ရှိဘ၀
လက်တွေ့ကျကျ
သမာအာဇီနဲ့
ငါတို့ရဲ့အနာဂတ်တွေ
အဓွန့်ရှည်ရှည်
တည်တန့်စေဖို့
ငါတို့ ရုန်းကန်နေကြတယ်......
စားတုန်း သွားတုန်း ရုန်းကန်တုန်းမှာ
ဘယ်သူတွေ ဘယ်လိုချမ်းသာတယ်
ဘယ်သူတွေ ဘယ်လိုသုံးနိုင်တယ်
ဘယ်သူတွေ ဘာလုပ်တယ်မသိ
အဲဒါကိုကြည့်ပြီး
ကိုယ့်ဘ၀ ကိုယ်ငြီးနေမဲ့အစား
ခြေလှမ်းတွေမမှားဖို့
ကိုယ့်လမ်း ကိုယ့်ဖောက်
ကိုယ့်လမ်း ကိုယ်လျှောက်
ရောက်သလောက်ပေါ့။။ ။
AungZawHtay
19:38. 3 11 2019
No comments:
Post a Comment