Sunday, June 28, 2020

"ဒီနေ့ လူနာ"

"ဒီနေ့ လူနာ "
☠️☠️☠️☠️☠️☠️☠️

 ရေးလိုက် ဖျက်လိုက်
 စာရွက်တွေဖြဲလိုက်
 လုံးချေလိုက် လွှင့်ပစ်လိုက်
 ပြန်ရေးလိုက် ပြန်တွေးလိုက်
 ပြန်ငေးလိုက် ပြန်ဆွေးလိုက်
 အိပ်ငိုက်ရင်းရေး
 ဆေးပေါ့လိပ်လေးဖွါ
 အပ်ကြောင်းထပ်နေတဲ့ကဗျာ
 နောက်ကြောင်း‌တွေပဲပြန်ပြန်လာနေ
 အတိတ်တွေကအမှတ်တရ
 မလှပပေသော်ငြား
 မေ့ဖျောက်ဖို့အင်းအားမရှိ
 မနေ့ကအထိငါ
 "သေဆုံး"နေခဲ့တာ
  ဒီနေ့လဲ "လူနာ" ပါပဲ။  ။

Aung Zaw Htay
29 6 2020 08:40

No comments:

Post a Comment