Tuesday, June 2, 2020

"ပိတောက်မှတ်တမ်း"

"ပိတောက်မှတ်တမ်း"

        (၁)

ဒီတစ်နွေ ဒီပိတောက်
အခေါက်ခေါက် အခါခါ
သံသရာ သက်တစ်ဆုံး
အပြုံးမပျက် ဖူးလျှက်ပွင့်လျှက်
သခင်နှစ်သက်စေ
ခူးလို ခူး ခြွေလို ခြွေ
သခင်ဝေလိုရာ ဝေနိူင်သည်
သခင်နေပါဆို နေနိုင်သည်
သခင်စေလိုရာ စေနိုင်သည်......

       (၂)

ဒီနှစ် ဒီလ
ဒီလိုအချိန်ကျရင်
ဖူးနေကျ ပွင့်နေကျ
တမ်းတမ်းတတ မတတ
တတလွမ်းလွမ်း မလွမ်းလွမ်း
တတ်စွမ်းသမျှ ဖူးနေကျ ပွင့်နေကျ
လှူရ တန်းရ လှူကျတမ်းကျစေ
ပိတောက်ပန်းတွေ တစ်ပင်လုံးဝေလို့......

     (၃)

ဒီပိတောက်ပန်း
သခင်နမ်းနမ်း မနမ်းနမ်း
သခင့်ကိုလွမ်းရင်း နွေနေ့ခင်းမှာ
ဖူးလာ ပွင့်လာ ပန်လှည့်ပါတော့
မျှော်နေရော့ထင် သခင်သိစေ
နွေရက်တွေတိုင်း နွေနေ့တိုင်းပေါ့.........

Aung Zaw Htay
14 4 2019 9:11

No comments:

Post a Comment