Sunday, June 28, 2020

"‌ေရေငတ်နေသောတိုင်းပြည်"

"ရေငတ်နေသောတိုင်းပြည်"
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

 "ပြန်မပြော"ပေမဲ့
 "နားမထောင်"မှန်းလဲသိရဲ့နဲ့
  ဆိုဆုံးမခဲ့.....

 "ညာ"ပြောနေမြဲ
 "လိမ်"နေမှန်းသိရဲ့နဲ့
 "ယုံကြည်"နေခဲ့.....

  ရေဗူးပေါက်တာမသိ
  ရေပါဖို့ပဲဆန္ဒရှိ
  အဲ့ဒီ အသိ‌လောက်လေးနဲ့
  ဒီနေ့ထက်ထိသူတို့
  ဒီနိုင်ငံမှာရှိတုန်း.....

   ချောက်ထဲကျဖို့
  "လက်နှစ်လုံး"ဆိုလား
   ကယ်တင်ရှင်ကြီးများ
   ဒီလိုနဲ့ကြီးပွါးသွားလိုက်တာ
   နှစ်ခြောက်ဆယ်‌ကျော်ကြာပေါ့......

    "နားလိုက်" "တိုက်လိုက်"
    "စားလိုက်" "အိပ်လိုက်"
     အဆုံးမဲ့တိုက်ပွဲ
     အပစ်အခတ်"ရပ်ဆဲ‌"ရေးဆိုတာ
     ငြိမ်းချမ်းရေးဘာညာနဲ့
    "ရပ်လိုက်" "ဆဲလိုက်"ပါပဲ......

    ရဟန်းရှင်လူ
    ပြည်သူအများ
    ကလေးသူငယ်များပါမကျန်
    ခံရပေါင်းလဲများတော့
    ကျင့်သားတွေတောင်ရလို့ပဲလား
    ကိုယ့်ကိုယ် ကိုယ်တောင်မသနားဘူး......

    တကယ်တော့
    ဒီပြဿနာ
    အဖြေရှာကြည့်
    ရှိနှင့်ပြီးသား
    သင့်တို့နားမှာ
    ရေဗူးကလဲပေါက်နေတုန်း
    ရေတွေကလဲ ပါနေတုန်း
    ပြည်သူကလဲ ငတ်နေတုန်း......။  ။
   

Aung Zaw Htay
28 6 2020 13:27

No comments:

Post a Comment