Monday, June 29, 2020

"ပြိုင်ဖို့မဟုတ်သောကဗျာ"

" ပြိုင်ဖို့မဟုတ်သောကဗျာ"
🖋️🖋️🖋️🖋️🖋️🖋️🖋️🖋️

သင်ထား မြင်ထား ကြားထား
ဆရာကြီးများ သမ္ဘာကြီးများ
ဝါရင့်များစွာ လေးစားပါကြောင်း......

ကျွန်တော့ကဗျာ ကျွန်တော့စာစု
ဤဂရုမှာ ပြိုင်ဖို့ရာမဟုတ်
ကျွန်ုပ်ကိုကျွန်ုပ်ပဲ ပြိုင်ဖို့အားခဲ
ကဗျာလေးတွေဖတ်နေဆဲ
ကဗျာလေးတွေမှတ်နေဆဲ
ကဗျာလေးတွေမြတ်နိုးနေဆဲ
ကဗျာဆရာတွေအားလုံးလဲ
နှလုံးသားလေးတွေလှ‌ပနေမြဲဆိုတာ
အကြွင်းမဲ့ယုံကြည်ပါတယ်......

"ကဗျာဝါသနာပါသူများ"ဂရု
ဒီအစုအဖွဲ့လေး တစ်ယောက်ကိုတစ်ယောက်ဖေးမ
ချစ်တတ်ကြပါစေ......

ကဗျာတွေဖတ်နေချင်လို့
ကဗျာတွေမှတ်နေချင်လို့
ကဗျာကိုလေ မြတ်နိုးချစ်ခင်လွန်းလို့
ဘယ်သူနဲ့မှ ပြိုင်ဖို့မကြိုးစား
အားလုံးကိုလေးစားနေမယ်။  ။

Aung Zaw Htay
30 6 2020 08:20

No comments:

Post a Comment