" ပြိုင်ဖို့မဟုတ်သောကဗျာ"
🖋️🖋️🖋️🖋️🖋️🖋️🖋️🖋️
သင်ထား မြင်ထား ကြားထား
ဆရာကြီးများ သမ္ဘာကြီးများ
ဝါရင့်များစွာ လေးစားပါကြောင်း......
ကျွန်တော့ကဗျာ ကျွန်တော့စာစု
ဤဂရုမှာ ပြိုင်ဖို့ရာမဟုတ်
ကျွန်ုပ်ကိုကျွန်ုပ်ပဲ ပြိုင်ဖို့အားခဲ
ကဗျာလေးတွေဖတ်နေဆဲ
ကဗျာလေးတွေမှတ်နေဆဲ
ကဗျာလေးတွေမြတ်နိုးနေဆဲ
ကဗျာဆရာတွေအားလုံးလဲ
နှလုံးသားလေးတွေလှပနေမြဲဆိုတာ
အကြွင်းမဲ့ယုံကြည်ပါတယ်......
"ကဗျာဝါသနာပါသူများ"ဂရု
ဒီအစုအဖွဲ့လေး တစ်ယောက်ကိုတစ်ယောက်ဖေးမ
ချစ်တတ်ကြပါစေ......
ကဗျာတွေဖတ်နေချင်လို့
ကဗျာတွေမှတ်နေချင်လို့
ကဗျာကိုလေ မြတ်နိုးချစ်ခင်လွန်းလို့
ဘယ်သူနဲ့မှ ပြိုင်ဖို့မကြိုးစား
အားလုံးကိုလေးစားနေမယ်။ ။
Aung Zaw Htay
30 6 2020 08:20
Monday, June 29, 2020
Sunday, June 28, 2020
"ဒီနေ့ လူနာ"
"ဒီနေ့ လူနာ "
☠️☠️☠️☠️☠️☠️☠️
ရေးလိုက် ဖျက်လိုက်
စာရွက်တွေဖြဲလိုက်
လုံးချေလိုက် လွှင့်ပစ်လိုက်
ပြန်ရေးလိုက် ပြန်တွေးလိုက်
ပြန်ငေးလိုက် ပြန်ဆွေးလိုက်
အိပ်ငိုက်ရင်းရေး
ဆေးပေါ့လိပ်လေးဖွါ
အပ်ကြောင်းထပ်နေတဲ့ကဗျာ
နောက်ကြောင်းတွေပဲပြန်ပြန်လာနေ
အတိတ်တွေကအမှတ်တရ
မလှပပေသော်ငြား
မေ့ဖျောက်ဖို့အင်းအားမရှိ
မနေ့ကအထိငါ
"သေဆုံး"နေခဲ့တာ
ဒီနေ့လဲ "လူနာ" ပါပဲ။ ။
Aung Zaw Htay
29 6 2020 08:40
☠️☠️☠️☠️☠️☠️☠️
ရေးလိုက် ဖျက်လိုက်
စာရွက်တွေဖြဲလိုက်
လုံးချေလိုက် လွှင့်ပစ်လိုက်
ပြန်ရေးလိုက် ပြန်တွေးလိုက်
ပြန်ငေးလိုက် ပြန်ဆွေးလိုက်
အိပ်ငိုက်ရင်းရေး
ဆေးပေါ့လိပ်လေးဖွါ
အပ်ကြောင်းထပ်နေတဲ့ကဗျာ
နောက်ကြောင်းတွေပဲပြန်ပြန်လာနေ
အတိတ်တွေကအမှတ်တရ
မလှပပေသော်ငြား
မေ့ဖျောက်ဖို့အင်းအားမရှိ
မနေ့ကအထိငါ
"သေဆုံး"နေခဲ့တာ
ဒီနေ့လဲ "လူနာ" ပါပဲ။ ။
Aung Zaw Htay
29 6 2020 08:40
"ေရေငတ်နေသောတိုင်းပြည်"
"ရေငတ်နေသောတိုင်းပြည်"
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
"ပြန်မပြော"ပေမဲ့
"နားမထောင်"မှန်းလဲသိရဲ့နဲ့
ဆိုဆုံးမခဲ့.....
"ညာ"ပြောနေမြဲ
"လိမ်"နေမှန်းသိရဲ့နဲ့
"ယုံကြည်"နေခဲ့.....
ရေဗူးပေါက်တာမသိ
ရေပါဖို့ပဲဆန္ဒရှိ
အဲ့ဒီ အသိလောက်လေးနဲ့
ဒီနေ့ထက်ထိသူတို့
ဒီနိုင်ငံမှာရှိတုန်း.....
ချောက်ထဲကျဖို့
"လက်နှစ်လုံး"ဆိုလား
ကယ်တင်ရှင်ကြီးများ
ဒီလိုနဲ့ကြီးပွါးသွားလိုက်တာ
နှစ်ခြောက်ဆယ်ကျော်ကြာပေါ့......
"နားလိုက်" "တိုက်လိုက်"
"စားလိုက်" "အိပ်လိုက်"
အဆုံးမဲ့တိုက်ပွဲ
အပစ်အခတ်"ရပ်ဆဲ"ရေးဆိုတာ
ငြိမ်းချမ်းရေးဘာညာနဲ့
"ရပ်လိုက်" "ဆဲလိုက်"ပါပဲ......
ရဟန်းရှင်လူ
ပြည်သူအများ
ကလေးသူငယ်များပါမကျန်
ခံရပေါင်းလဲများတော့
ကျင့်သားတွေတောင်ရလို့ပဲလား
ကိုယ့်ကိုယ် ကိုယ်တောင်မသနားဘူး......
တကယ်တော့
ဒီပြဿနာ
အဖြေရှာကြည့်
ရှိနှင့်ပြီးသား
သင့်တို့နားမှာ
ရေဗူးကလဲပေါက်နေတုန်း
ရေတွေကလဲ ပါနေတုန်း
ပြည်သူကလဲ ငတ်နေတုန်း......။ ။
Aung Zaw Htay
28 6 2020 13:27
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
"ပြန်မပြော"ပေမဲ့
"နားမထောင်"မှန်းလဲသိရဲ့နဲ့
ဆိုဆုံးမခဲ့.....
"ညာ"ပြောနေမြဲ
"လိမ်"နေမှန်းသိရဲ့နဲ့
"ယုံကြည်"နေခဲ့.....
ရေဗူးပေါက်တာမသိ
ရေပါဖို့ပဲဆန္ဒရှိ
အဲ့ဒီ အသိလောက်လေးနဲ့
ဒီနေ့ထက်ထိသူတို့
ဒီနိုင်ငံမှာရှိတုန်း.....
ချောက်ထဲကျဖို့
"လက်နှစ်လုံး"ဆိုလား
ကယ်တင်ရှင်ကြီးများ
ဒီလိုနဲ့ကြီးပွါးသွားလိုက်တာ
နှစ်ခြောက်ဆယ်ကျော်ကြာပေါ့......
"နားလိုက်" "တိုက်လိုက်"
"စားလိုက်" "အိပ်လိုက်"
အဆုံးမဲ့တိုက်ပွဲ
အပစ်အခတ်"ရပ်ဆဲ"ရေးဆိုတာ
ငြိမ်းချမ်းရေးဘာညာနဲ့
"ရပ်လိုက်" "ဆဲလိုက်"ပါပဲ......
ရဟန်းရှင်လူ
ပြည်သူအများ
ကလေးသူငယ်များပါမကျန်
ခံရပေါင်းလဲများတော့
ကျင့်သားတွေတောင်ရလို့ပဲလား
ကိုယ့်ကိုယ် ကိုယ်တောင်မသနားဘူး......
တကယ်တော့
ဒီပြဿနာ
အဖြေရှာကြည့်
ရှိနှင့်ပြီးသား
သင့်တို့နားမှာ
ရေဗူးကလဲပေါက်နေတုန်း
ရေတွေကလဲ ပါနေတုန်း
ပြည်သူကလဲ ငတ်နေတုန်း......။ ။
Aung Zaw Htay
28 6 2020 13:27
Sunday, June 21, 2020
"မင်း မရှိတဲ့နောက်"
-------------------------------
ချစ်ရမှန်းလဲမသိ
ချစ်စရာလဲမရှိတဲ့နောက်....
မုန်းရမှန်းလဲမသိ
မုန်းစရာလဲမရှိတဲ့နောက်....
ပျော်ရမှန်းလဲမသိ
ပျော်စရာလဲမရှိတဲ့နောက်....
ငိုရမှန်းလဲမသိ
ငိုစရာလဲမရှိတဲ့နောက်....
လွမ်းရမှန်းလဲမသိ
လွမ်းစရာလဲမရှိတဲ့နောက်....
ပျော်ရွှင် ကြေကွဲ
ခံစားချက်ကိုခွဲခြားမသိ
မင်းမရှိတဲ့နောက်....။
AungZawHtay
22/6/2020-09:05
-------------------------------
ချစ်ရမှန်းလဲမသိ
ချစ်စရာလဲမရှိတဲ့နောက်....
မုန်းရမှန်းလဲမသိ
မုန်းစရာလဲမရှိတဲ့နောက်....
ပျော်ရမှန်းလဲမသိ
ပျော်စရာလဲမရှိတဲ့နောက်....
ငိုရမှန်းလဲမသိ
ငိုစရာလဲမရှိတဲ့နောက်....
လွမ်းရမှန်းလဲမသိ
လွမ်းစရာလဲမရှိတဲ့နောက်....
ပျော်ရွှင် ကြေကွဲ
ခံစားချက်ကိုခွဲခြားမသိ
မင်းမရှိတဲ့နောက်....။
AungZawHtay
22/6/2020-09:05
Thursday, June 11, 2020
"အရွှေ့"
"အရွှေ့"
######
"ကြီး"မားတယ်
"ကျဲ"ပြန့်တယ်
မသိရင်တော့လည်း
"ကြီးကျယ်"တယ် ထင်ကြတယ်.....
"ကြီးကျယ်"တယ်လို့သဘောမထား
"ကျြဲပန့်"စွာတွေး
"သင်လဲအရေးပါ"
"သင့် အရေးဟာ"
"သင့်နိုင်ငံရေးပါပဲ"....
"သိမ်မွှေ့"နုညံသလိုနဲ့
"သိပ်မွှေ"ရှုပ်ထွေး
အဲဒါ.....
"နိုင်ငံရေး"ပဲ။
"လှည့်ကွက်"အမျိုးမျိုး
"ထိုးကြွေး"ခြင်းအဖုံဖုံ
"ကြုံဖူး"သူလဲသိတယ်
"မယုံဘူး"ဆိုသူလဲရှိတယ်
"လွတ်လပ်စွာသဘောထားကွဲလွဲနိုင်တယ်"
"ယုံချင်ယုံ"
"မယုံချင်နေ"
လက်ရှိအခြေအနေက
"ကြည့်တတ်"ရင်
"မြင်နေ"ရတယ်......
"ကြုံ"ဖူးသူတွေ
"သိနေ"ကြတယ်.....
ဒီတော့
ဒီနိုင်ငံ
ဒီအရေး
ဒီအရွှေ့လေးမှာ
သင်လဲအရေးပါတာမို့
"စား"" ၀တ်""နေ"" ရေး"
"နေ့တဒူ၀ တွေးရင်း"
"ကိုယ့်ထမင်း ကိုယ်စား"
"နိုင်ငံရေးကိုတော့ မေ့ထားပြီလား? "
ငါတို့ မျိုးဆက်ရဲ့ဘ၀
"အနာဂတ်တွေ လှပဖို့"
ငါတို့ ဒီနေ့
ဒီအရွှေ့မှာ
ပူးပေါင်းပါ၀င်ကြပါစို့။ ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုထောက်ခံသောအားဖြင့် ပူးပေါင်းပါ၀င်ကြဖို့ ဒီစာစုလေး(ပိုစ့်) ကို တင်ပါတယ်။
Aung Zaw Htay
Tuesday, June 2, 2020
"ပိတောက်မှတ်တမ်း"
"ပိတောက်မှတ်တမ်း"
(၁)
ဒီတစ်နွေ ဒီပိတောက်
အခေါက်ခေါက် အခါခါ
သံသရာ သက်တစ်ဆုံး
အပြုံးမပျက် ဖူးလျှက်ပွင့်လျှက်
သခင်နှစ်သက်စေ
ခူးလို ခူး ခြွေလို ခြွေ
သခင်ဝေလိုရာ ဝေနိူင်သည်
သခင်နေပါဆို နေနိုင်သည်
သခင်စေလိုရာ စေနိုင်သည်......
(၂)
ဒီနှစ် ဒီလ
ဒီလိုအချိန်ကျရင်
ဖူးနေကျ ပွင့်နေကျ
တမ်းတမ်းတတ မတတ
တတလွမ်းလွမ်း မလွမ်းလွမ်း
တတ်စွမ်းသမျှ ဖူးနေကျ ပွင့်နေကျ
လှူရ တန်းရ လှူကျတမ်းကျစေ
ပိတောက်ပန်းတွေ တစ်ပင်လုံးဝေလို့......
(၃)
ဒီပိတောက်ပန်း
သခင်နမ်းနမ်း မနမ်းနမ်း
သခင့်ကိုလွမ်းရင်း နွေနေ့ခင်းမှာ
ဖူးလာ ပွင့်လာ ပန်လှည့်ပါတော့
မျှော်နေရော့ထင် သခင်သိစေ
နွေရက်တွေတိုင်း နွေနေ့တိုင်းပေါ့.........
Aung Zaw Htay
14 4 2019 9:11
(၁)
ဒီတစ်နွေ ဒီပိတောက်
အခေါက်ခေါက် အခါခါ
သံသရာ သက်တစ်ဆုံး
အပြုံးမပျက် ဖူးလျှက်ပွင့်လျှက်
သခင်နှစ်သက်စေ
ခူးလို ခူး ခြွေလို ခြွေ
သခင်ဝေလိုရာ ဝေနိူင်သည်
သခင်နေပါဆို နေနိုင်သည်
သခင်စေလိုရာ စေနိုင်သည်......
(၂)
ဒီနှစ် ဒီလ
ဒီလိုအချိန်ကျရင်
ဖူးနေကျ ပွင့်နေကျ
တမ်းတမ်းတတ မတတ
တတလွမ်းလွမ်း မလွမ်းလွမ်း
တတ်စွမ်းသမျှ ဖူးနေကျ ပွင့်နေကျ
လှူရ တန်းရ လှူကျတမ်းကျစေ
ပိတောက်ပန်းတွေ တစ်ပင်လုံးဝေလို့......
(၃)
ဒီပိတောက်ပန်း
သခင်နမ်းနမ်း မနမ်းနမ်း
သခင့်ကိုလွမ်းရင်း နွေနေ့ခင်းမှာ
ဖူးလာ ပွင့်လာ ပန်လှည့်ပါတော့
မျှော်နေရော့ထင် သခင်သိစေ
နွေရက်တွေတိုင်း နွေနေ့တိုင်းပေါ့.........
Aung Zaw Htay
14 4 2019 9:11
"မာန"
" မာန "
💠💠💠💠💠
💠 လူ တွေကြားမှာ
" မော့"ထားချင်တာ
ငါ့ရဲ့"ဦးခေါင်း" ကိုပါ.....
💠 လူ တွေကြားမှာ
" ကော့" ထားချင်တာ
ငါ့ရဲ့ "ရင်ဘတ်" ကိုပါ......
💠" ခေါင်း" ကို" မော့"
" ရင်" ကို" ကော့" လို့
"လူ ကြား သူ ကြား"
"လူ လို မသိသူများ" အကြား......
💠ငါ လေ
တစ် ဝါး ဝါး
တစ် ဟား ဟား နဲ့့
"ဖြတ်လျှောက်သွားချင်တာ"......။ ။
👣👣👣👣👣👣👣👣👣👣👣👣👣👣👣👣
Aung Zaw Htay
2 6 2019 20:09
Subscribe to:
Posts (Atom)