Saturday, January 18, 2020

ပဲမြစ်

တွေ့ရကြုံရဟာသလေးများ
----------------------------

     ငယ်ဘ၀ကို သတိရစေတဲ့ "ပဲမြစ်"

   ကနေ့အလုပ်မှာ လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်က ပဲမြစ်ပြုတ်လာတာတဲ့ လာ‌ကျွေးတယ်။ပဲမြစ်လေးတွေက သေးသေးလေးတွေ။ကျနော်လဲ ကျန်တဲ့သူတွေပါစားရအောင် ဝေမျှကျွေးလိုက်တယ်။ရိုးရိုးမ‌ကျွေးဘူး  ပဲမြစ် ရဲ့ဂုဏ်ပုဒ်လေးပေါ်လွင်အောင် ပြောပြောပြီး‌ကျွေးတာ။

"ကဲကဲ စားကြပါအုန်း ပဲမြစ်ပြုတ်တွေ ကျနော်ငယ်ငယ်တုန်းကအတိုင်းပဲ စားကြစားကြ"

ပြုံးစိပြုံးစိနဲ့ စားတဲ့သူတွေလဲစားလို့ စားရင်းတန်းလန်းနဲ့တစ်ယောက်က နားမလည်သလိုလိုနဲ့မေးတယ်။

"ဘယ်လို မင်းငယ်ငယ်တုန်းက အတိုင်းပဲလဲ"

"ကျနော်ငယ်ငယ်တုန်းက ပဲမြစ်အရမ်းကြိုက်တာလို့ပြောတာပါ"

အဟီးးးးးးးးးး

""ပရိတ်သတ်ကြီးလဲ စားပါအုန်း ပဲမြစ်ပြုတ်လေးတွေ ကျနော်ငယ်ငယ်ကအတိုင်းပဲ".............။

စာကြွင်း။  ။ဒီပိုစ့်လေးတင်ပြီးပြီးချင်း သီလရှင်လေးတစ်ပါးက like ချက်ချင်းပေးတယ် ပဲမြစ်က ကုန်ပြီ

Aung Zaw Htay

No comments:

Post a Comment