Tuesday, November 26, 2019

"ရှင်သန်ခြင်းရဲ့ အစ

"ရှင်သန်ခြင်းရဲ့အစ"

အမိ၀မ်းက
လူလောကထဲ
ငိုရင်းက စ
ရောက်ခဲ့ရပြီ.....

အသက် နဲ့ ခန္နာ
ကိုယ့်ကိုယ်သိလာရင်
ရပ်တည်ဖို့ရာအတွက်
သင့်ခြေနှစ်ဖက်ကို
သင့် အလိုကျ
သင်ကိုယ်တိုင်ပဲရပ်ရမှာ......

ကိုယ်ထူ ကိုယ်ထ
ကိုယ့် ဘ၀ကိုယ်
ကိုယ့် အလိုကျ
ကိုယ်တိုင် ရပ်
ကိုယ်တိုင် ထ
ရပ်တည်ခြင်းက
သင့်ကိုယ်တိုင်ပဲလုပ်ရမှာ......

ရပ်ချင်သလိုရပ်
မတ်တတ်ကလေးဖြစ်ဖို့
ဘေးကူသူကို တမ်းတ
ဘယ်သူ့ကိုမှ အမှီမပြုကြဖို့
ကိုယ့်ကိုယ် ကိုယ်အားကိုး
ကိုယ်တိုင်နိုးထ
ကဲ...........
""စ""လိုက်ကြစို့။  ။

AungZawHtay
26 11 2019 19:01

Saturday, November 23, 2019

""နပ်‌ချေးညှစ်တာ ဘယ်ကောင်လဲ"

____________________________________________
   အဆောင်နေကျောင်းသားဟာသလေးကို မရိုင်းအောင်ရေးတတ်သလို့ရေးထားပါတယ်။အရေးအသားညံ့ရင် နားလည်ပေးပါ ဟာသလို့လဲမြင်ပေးပါ။အပျိုကြီး‌တွေအတွက်တွေးရာဆိုလဲ ကြိုက်သလိုတွေးပါ။သင်ဆရာမအပျိုကြီးတွေကို ဟာသပိုစ့်လေးအတွက် တောင်းပန်ပါတယ်။
_____________________________________________
    "နပ်ချေးညှစ်တာ ဘယ်ကောင်လဲ"
🤔🤔🤔🤔🤔🤔🤔🤔🤔🤔

     ရန်ဖြစ်တယ်ေအာ်သံကြားလို့ ဆရာမအပျိုကြီး ယောက်ကျားလေးအဆောက်ထဲ ရောက်လာတယ်။

ဆရာမ။  ။"ဟဲ့ရန်ဖြစ်တယ်ဆို ဘယ်သူ‌တွေတုန်း"

ကျောင်းသားတွေပြုံးစိပြုံးစိ တစ်ယောက်မျက်နာတစ်ယောက်ကြည့်ပြီးဘယ်သူမှမဖြေဘူး

ဆရာမ။  ။"ဟဲ့ ဖြေကြလေ ဘယ်သူနဲ့ဘယ်သူရန်ဖြစ်တာလဲ ဘယ်တုန်းကလဲ "

  ပြောင်စပ်စပ်နဲ့ကျောင်းသားတစ်ယောက်က အေးအေးဆေးဆေးပုံစံနဲ့ဖြေတယ်။

ကျောင်းသား။  ။"မနက်စောစောကပါဆရာမ အခုပြီးသွားပါပြီ"

ဆရာမ။  ။"ဘယ်သူနဲ့ဘယ်သူဖြစ်တာလဲ ဘာက'စ'ဖြစ်တာလဲ"

ကျောင်းသား။  ။"ဘယ်သူဆိုတာတော့မသိလိုက်ဘူး ထောင်ထောင် ထောင်ထောင်နဲ့တစ်ယောက်ကကျန်တဲ့ငါးယောက်ကိုစိမ်ခေါ်တာကနေ ငါးယောက်နဲ့တစ်ယောက် 'စ'ဖြစ်ကြတယ်ထင်တယ်ဆရာမ"

ဆရာမပြူးသွားတယ်(မျက်လုံး)

ဆရာမ။  ။"အဲ့ဒီတော့ဘာဆက်ဖြစ်ကြသလဲ"

‌ပြောင်စပ်စပ်ကျောင်းသားက ခေါင်းကုပ်စဉ်းစားသလိုလိုလုပ်ပြီး

ကျောင်းသား။ ။"အင်း.....ဆယ်မိနစ်လောက်ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မချိမဆန်အော်ဟစ်ငြီးညူနေသံကြားရတယ် တစ်ယောက်သမားနပ်ချေးထွက်သွားတယ်ဆိုလားပဲ ကျနော်တိုလဲသွားမကြည့်ရဲတာနဲ့ ရန်ဖြစ်နေတယ်ဟေ့လို့အော်လိုက်တာပါဆရာမ"

ဆရာမအပျိုကြီးမျက်နာမှာ စိုးရိမ်ထိတ်လန့်ပြီးစိတ်၀င်တစ်စားနားထောင်နေတယ်။ကျောင်းသားကဘာမှဆက်မပြောပဲ အခန်းပြင်ဘက်ထွက်ဖို့ပြင်လိုက်တယ်။

ဆရာမ။   ။"ဟဲ့ ဟဲ့ ပြီးအောင်ပြောလေ ဘယ်သူတုန်း ဘယ်နားမှာဖြစ်တာတုန်း ခုဘယ်မှာလဲ"

ကျောင်းသား။   ။"ဘယ်သူမှန်းကိုမသိလိုက်ဘူးဆရာမ ဖြစ်တာတော့ ရေချိုးခန်း ထဲမှာဆရာမ ကျန်တာတော့ ကျန်တဲ့ကျောင်းသားတွေမေးကြည့်ပါဆရာမ ကျနော့်ဘာသာအချိန်နီးနေလို့သွားပြီဆရာမ"

ပြောပြီးတာနဲ့တန်းလစ်တော့တာပဲ။ကျန်တဲ့‌ေကျာင်းသားတွေက တိတ်လို့ဆိတ်လို့။ဆရာမသာ တိုးလို့တန်းလန်းနဲ့မကျေမနပ် အားမလို အားမရဖြစ်ပြီး ပွစိပွစိနဲ့ရေချိုးခန်းဘက်ထွက်သွားလေရဲ့။

ခဏလေးကြာတော့ရေးချိုးခန်းဆီကဆရာမအသံထွက်လာတယ်

""ရေချိုးခန်းကိုသန့်သန့်ရှင်းရှင်းသုံးကြပါဆို ဘယ်တေးချင်းဆိုးတွေက နပ်ချေးတွေအများကြီးညှစ်ထားကြတာလဲ"""

ကျောင်းသားတွေ ကိုယ်စီကိုယ်စီ လစ်ကုန်ရော

Aung Zaw Htay
   24/2019

Saturday, November 9, 2019

"ဘ၀မေ့သူ"

ကျနော်ဖေ့ဘုတ်မှာ ဟာသလေးတွေတင်ရင်း likeကလေးရေတွက်ရင်း commentလေးတွေကြည့်ရင်းနဲ့ ကျေနပ်နေရင်း ကျနော်ချစ်တဲ့ကဗျာလေးတွေ မရေးဖြစ်ခဲ့တာကြာလာလို့ ရေးမယ်လုပ်တော့ ဘာကာရံမှထွက်မလာဘူး ကဗျာဆိုတာညှစ်ထုတ်တိုင်းထွက်တာမှမဟုတ်တာပဲလေ ဒါနဲ့ပဲကျနော့ကို ကျနော် သတိပေးဆုံးမတဲ့ ခုလို ခံစားမှု့စာစုလေး ရေးဖြစ်ပါတယ်။

    "ဘဝမေ့သူ"
______________________AungZawHtay
မရေးဖြစ်တာကြာ
မတွေးဖြစ်တာကြာ
ဒီလိုနဲ့ငါ
ကဗျာကိုမေ့လို့........

မဆွေးဖြစ်တာကြာ
မငေးဖြစ်တာကြာ
ဒီလိုနဲ့ ငါ
အလွမ်းဆိုတာမေ့လို့.........

မငိုမိတာကြာ
မပြိုမိတာကြာ
ဒီလိုနဲ့ငါ
ကြေကွဲတာကိုမေ့လို့.........

မပြောမိတာကြာ
မဟောမိတာကြာ
ဒီလိုနဲ့ငါ
စကားတွေပါမေ့လို့.........

မဆဲမိတာကြာ
မဆူမိတာကြာ
ဒီလိုနဲ့ငါ
ကြမ်းတမ်းတာတွေမေ့လို့.........

မပျော်မိတာကြာ
မမော်မိတာကြာ
ဒီလိုနဲ့ငါ
ကြည်နူးစရာတွေမေ့လို့.........

မေ့ ထားတာတွေကြာ
နေ့ များစွာတွေကြာ
ဒီလိုပဲအနေကြာလာလိုက်တာ
ငါဟာ
ငါ့ကဗျာ
ငါ့ဝါသနာတောင့်မေ့လို့.........

ဒီလိုနဲ့ပဲ................
မရေးဖြစ်တာကြာ
မတွေးဖြစ်တာကြာ
ဒီလိုနဲ့ငါ
ကဗျာကိုမေ့လို့။   ။

AungZawHtay
    19:15
(ခံစားမှု့စာစု)
၁၉ ၁ ၂၀၁၈

"ပုလင်းတူ ဗူးဆို့"

သောက်ရင်းတွေးမိတဲ့စာစုလေးပါ။

     "ပုလင်းတူ ဗူးဆို့"
________________________AungZawHtay

[] အ "၀" တူ
   အ "၀င်" တူ
   "ပုလင်း တူလို့ ဗူးဆို့"
   "အံ၀င်"လို့
   "ဂွင်ကျ"လို့ပေါ့.....။

[] "အဆို့ ချောင်"
   "အဆံ ကွဲ"
   "ပုလင်းလှဲ"တော့မှ
   "ဆို့ မရ"
   "ပိတ် မရ"
   "ဖိတ်ကျ"လိမ့်မယ်.....။  ။

         အောင်ဇော်ဌေး
           ၁၆ ၃ ၂၀၁၈

Tuesday, November 5, 2019

"ငယ်ဘ၀"

"ငယ် ဘ၀"
######

ငယ် ဘ၀
ငယ် အလှ
ပယ် မရ
၀ယ် မရ
.........
ပြန် တမ်းတ
ပြန် မှန်းဆ
ပြန် လွမ်းရ
ဪ......
ပြန်မရတော့ဘူးပဲ။

Aung Zaw Htay
20:18 4/2019
အမှတ်တရ သုံးအချိုး သုံး ၃း၃ စာစုလေးပါ

Sunday, November 3, 2019

""ကိုယ့်လမ်း ကိုယ်ဖောက် ‌ကိုယ်တိုင်လျှောက်""

""ကိုယ့်လမ်း ကိုယ်ဖောက် ကိုယ်တိုင်လျှောက်""
🚶🚶🚶🚶🚶🚶🚶🚶🚶🚶🚶🚶🚶🚶

  ဘယ်သူတွေ ဘယ်လိုချမ်းသာတယ်
  ဘယ်သူတွေ ဘယ်လိုသုံးနိုင်တယ်
  ဘယ်သူတွေ ဘာလုပ်တယ်မသိ
  အဲဒါကိုကြည့်ပြီး
  ကိုယ့်ဘ၀ ကိုယ် မငြီးစမ်းပါနဲ့......

 စားခါနီး ဆဲဆဲ
 ငါတို့စားမဲ့ ထမင်းလုပ်ထဲမှာ
 လောဘ မပါ
 ဒေါသ မပါ
 မောဟ မပါ
 အပူပင်ကင်းပါစေ
 ငါတို့ကျေနပ်နေရမယ်........

 သွားခါနီး ဆဲဆဲ
 ခြေလှမ်းတိုင်းမှာလဲ
 ရဲရဲ လှမ်း
 ရဲရဲ လျှောက်
 နောက်ကြောင်းကင်းစေ
 ပန်းတိုင်တွေဆီသို့
 ဆက်လျှောက်နေဖို့ပဲလိုတယ်
 တစ်နေ့တော့ရောက်မယ်........

 အသွားမတော် တစ်လှမ်း
 အစားမတော် တစ်လုပ်
 ငါတို့ရဲ့လုပ်ရပ်ကြောင့်
 ဘ၀အဆုံးမသတ်စေနဲ့
 လမ်းမှန်တွေဖောက်
 ဆက်လျှောက်ရမယ်.......

 လက်ရှိဘ၀
 လက်တွေ့ကျကျ
 သမာအာဇီနဲ့
 ငါတို့ရဲ့အနာဂတ်တွေ
 အဓွန့်ရှည်ရှည်
 တည်တန့်စေဖို့
 ငါတို့ ရုန်းကန်နေကြတယ်......

 စားတုန်း သွားတုန်း ရုန်းကန်တုန်းမှာ
 ဘယ်သူတွေ ဘယ်လိုချမ်းသာတယ်
 ဘယ်သူတွေ ဘယ်လိုသုံးနိုင်တယ်
 ဘယ်သူတွေ ဘာလုပ်တယ်မသိ
 အဲဒါကိုကြည့်ပြီး
 ကိုယ့်ဘ၀ ကိုယ်ငြီးနေမဲ့အစား
 ခြေလှမ်းတွေမမှားဖို့
 ကိုယ့်လမ်း ကိုယ့်ဖောက်
 ကိုယ့်လမ်း ကိုယ်လျှောက်
 ရောက်သလောက်ပေါ့။။ ။

    AungZawHtay
 19:38. 3 11 2019

Saturday, November 2, 2019

""ကျေးဇူးရှင်သို့""

""ကျေးဇူးရှင်သို့""
🕛🕧🕐🕜🕞🕟🕔

    ကျေးဇူးတရားကြောင့်
    ပြောချင်တဲ့စကား
    "ဆွံအ"သွားခဲ့တယ်
     တစ်ကယ်တမ်း......
    "အ"တယ်လို့များထင်နေပြီလား........

    ကျေးဇူးတရားကြောင့်
    ဖြစ်ချင်"ဆန္ဒ"
    မျိုသိပ့်ခဲ့ရ
    အ "အ"လို့ပဲ
    ထင်နေသလား........

     ကျေးဇူးတရား
     အကျိုးအကြောင်းများကြောင့်
     စာနာထောက်ထား
     "အ""အ"သွားတာ
     တကယ်တော့
     ကျေးဇူးဆပ်ခြင်းတစ်မျိုးပါ........

     ကျေးဇူးတရား
     သိတတ်နားလည်
     "အ"တယ်ပြော‌ပြော
      သင့် သဘောပါ
     "ကျေးဇူးတင်နေမှာ"
      "အ"တယ်ထင်ချင် ထင်လိုက်ပါ။ ။

                       (ခံစားမှု့စာစု)
           AungZawHtay  20:31
                       2 11 2019