Thursday, October 6, 2022

ကျွန်ုပ်တို့၏စကားဝိုင်း

 ကျွန်ုပ်တို့၏စကားဝိုင်း


ပြောသင့်တဲ့စကားတွေ

အများကြီးရှိပေမဲ့

ပြောမထွက်ခဲ့ဘူး.....


ပြောချင်တဲ့စကားတွေ

အများကြီးရှိပေမဲ့

မပြောရက်ခဲ့ဘူး.....


ပြောကိုပြောရမဲ့ 

စကား‌တွေပြောတော့ 

နားမခံသာပြန်ဘူး.....


မပြောဖြစ်ခဲ့တဲ့...စကားတွေ

မဟောဖြစ်ခဲ့တဲ့.....တရားတွေ

စသဖြင့်တွေ များလာတဲ့အခါ

မလွှဲမရှောင်သာ ပြောလိုက်ရတဲ့ချိန်မှာ


တရားတာတွေလဲ ပါချင်ပါမယ်

မတရားတာတွေလဲ ပါချင်ပါမယ်

မှားနေတာတွေလဲ ပါချင်ပါလာမယ်

မကြားချင်လဲ နားဆင်ရပေမပေါ့....


ထိုအခါ ထို့နောက်မှာတော့

ပြောသူသာ အမှား 

ကြားရသူက နားခါး

အမှန်တရား ဟာ

စကားတွေနဲ့ဖေါ်ပြလို့မရ

နောက်ဆုံးတော့

ရေငုံနုတ်ပိတ်လိုက်ရ

ဒါ ....လက်တွေ့ "ဘ၀" နော်။


AungZawHtay

6 10 2022 19:24pm

No comments:

Post a Comment