Saturday, September 17, 2022

ငါ ကြောက်တယ်

 ငါ ကြောက်တယ်


ချစ်ပဲ ချစ်ပြီး

နှစ်ကိုယ်တူခရီး

မနီးနိုင်မှာ

ငါကြောက်တယ်.....


ယူပဲ ယူပြီး

အိမ်ထောင်ဦးစီး

မပီသမှာ

ငါကြောက်တယ်.....


မွေးပဲ မွေးပြီး

သားသမီးတွေ

မ‌ကျွေးနိုင်မှာ 

ငါကြောက်တယ်.....


ကျွေးပဲ ကျွေးပြီး

ဖြည့်ဆည်းပညာ

သင်မပေးနိုင်မှာ

ငါကြောက်တယ်......


သင်ပဲ သင်ပြီး

ရင်နှီးဥစ္စာ

"မ"တည်မပေးနိုင်မှာ

ငါကြောက်တယ်.....


နည်းပေးလမ်းပြ

စိတ်တိုင်းကျဘ၀တစ်ခု

ကိုယ့်ဖာသာထူထောင်

ငါ စွမ်းသလောက်ကူညီဆောင်ရွက်ပေးနေမယ်။


တစ်ခုပဲ

ငါကြောက်ခဲ့တာတွေကုန်ဆုံးတဲ့တစ်နေ့

ငါတို့ကို မမေ့ ရင်ရပြီ။


ငါ့ ကို မေ့သွားမှာကိုတော့

ငါ အကြောက်ဆုံးပဲ။


အောင်ဇော်ဌေး

17,9,2022  20:04

No comments:

Post a Comment