Thursday, October 6, 2022

ကျွန်ုပ်တို့၏စကားဝိုင်း

 ကျွန်ုပ်တို့၏စကားဝိုင်း


ပြောသင့်တဲ့စကားတွေ

အများကြီးရှိပေမဲ့

ပြောမထွက်ခဲ့ဘူး.....


ပြောချင်တဲ့စကားတွေ

အများကြီးရှိပေမဲ့

မပြောရက်ခဲ့ဘူး.....


ပြောကိုပြောရမဲ့ 

စကား‌တွေပြောတော့ 

နားမခံသာပြန်ဘူး.....


မပြောဖြစ်ခဲ့တဲ့...စကားတွေ

မဟောဖြစ်ခဲ့တဲ့.....တရားတွေ

စသဖြင့်တွေ များလာတဲ့အခါ

မလွှဲမရှောင်သာ ပြောလိုက်ရတဲ့ချိန်မှာ


တရားတာတွေလဲ ပါချင်ပါမယ်

မတရားတာတွေလဲ ပါချင်ပါမယ်

မှားနေတာတွေလဲ ပါချင်ပါလာမယ်

မကြားချင်လဲ နားဆင်ရပေမပေါ့....


ထိုအခါ ထို့နောက်မှာတော့

ပြောသူသာ အမှား 

ကြားရသူက နားခါး

အမှန်တရား ဟာ

စကားတွေနဲ့ဖေါ်ပြလို့မရ

နောက်ဆုံးတော့

ရေငုံနုတ်ပိတ်လိုက်ရ

ဒါ ....လက်တွေ့ "ဘ၀" နော်။


AungZawHtay

6 10 2022 19:24pm

Saturday, September 17, 2022

ငါ ကြောက်တယ်

 ငါ ကြောက်တယ်


ချစ်ပဲ ချစ်ပြီး

နှစ်ကိုယ်တူခရီး

မနီးနိုင်မှာ

ငါကြောက်တယ်.....


ယူပဲ ယူပြီး

အိမ်ထောင်ဦးစီး

မပီသမှာ

ငါကြောက်တယ်.....


မွေးပဲ မွေးပြီး

သားသမီးတွေ

မ‌ကျွေးနိုင်မှာ 

ငါကြောက်တယ်.....


ကျွေးပဲ ကျွေးပြီး

ဖြည့်ဆည်းပညာ

သင်မပေးနိုင်မှာ

ငါကြောက်တယ်......


သင်ပဲ သင်ပြီး

ရင်နှီးဥစ္စာ

"မ"တည်မပေးနိုင်မှာ

ငါကြောက်တယ်.....


နည်းပေးလမ်းပြ

စိတ်တိုင်းကျဘ၀တစ်ခု

ကိုယ့်ဖာသာထူထောင်

ငါ စွမ်းသလောက်ကူညီဆောင်ရွက်ပေးနေမယ်။


တစ်ခုပဲ

ငါကြောက်ခဲ့တာတွေကုန်ဆုံးတဲ့တစ်နေ့

ငါတို့ကို မမေ့ ရင်ရပြီ။


ငါ့ ကို မေ့သွားမှာကိုတော့

ငါ အကြောက်ဆုံးပဲ။


အောင်ဇော်ဌေး

17,9,2022  20:04

Tuesday, May 3, 2022

"စကား"ပြောသော"လျှာ"

"စကား"ပြောသော"လျှာ" 👅👅👅👅👅👅👅👅 "ချို" "ချဉ်" "ဖန်" "ခါး" "ရသ" များစွာ "လျှာ" မှာခံစား ခွဲခြားတတ်ခဲ့........ "ချို" သော"ရသ" "ပိုချို" သော"ရသ" "အလွန်ချို" သော"ရသ"မှသည် "အချိုလွန်"သော"ရသ"ဆီသို့.... "ချဥ်" သော"ရသ" "ပိုချဥ်" သော"ရသ" "အလွန်ချဥ်"သော"ရသ"မှသည် "အချဥ်လွန်"သော"ရသ"ဆီသို့.... "ဖန်"သော"ရသ" "ပိုဖန်"သော"ရသ" "အလွန်ဖန်"သော"ရသ"မှသည် "အဖန်လွန်"သောရသဆီသို့.... "ခါး"သော"ရသ" "ပိုခါး"သော"ရသ" "အလွန်ခါး"သော"ရသ"မှသည် "အခါးလွန်"သော"ရသ"ဆီသို့.... "ရသ"များစွာ "အရသာ"များစွာ "လျှာ"မှာခံစား (ကြာရင်ပြောင်းလဲသွားတတ်တဲ့သဘော) ဘယ်သူဘယ်လိုပြောပြော အချိန်တန်တော့လည်း ရသ ရဲ့ အရသာမှန်ဆိုတာ "လျှာ" က "စကား"ပြောတာပါပဲ။ ရွှေမန်ကန် 5/2022