Tuesday, February 18, 2020

"အချစ်ရှင်းတမ်း"

"အချစ်ရှင်းတမ်း"
❤️💛💚💙💜🖤

အချစ်ဆုံးတော့မဟုတ်ပေမဲ့
အချစ်ဦးတော့ရှိခဲ့ဖူးတယ်......

အချစ်ဦးတော့မဟုတ်ပေမဲ့
အချစ်ဆုံးလဲရှိခဲ့ဖူးတယ်......

အချစ်ဦးလဲမဟုတ်
အချစ်ဆုံးလဲမဟုတ်
ဟို  မဟုတ်
ဒီ  မဟုတ်နဲ့
ခဏတစ်ဖြုတ်တွဲခဲ့တာလဲရှိခဲ့ဖူးတယ်.....

သူကလဲ မချစ်
ကိုယ်ကပဲ ချစ်ခဲ့ရတဲ့
တိတ်တစ်ခိုးအချစ်မျိုးလဲ
ရှိခဲ့ဖူးတယ်.....

သူကပဲ ချစ်
ကိုယ်ကပြန်မချစ်ပဲ
တစ်ခဏတွဲ
အပျော်ချစ်ကလေးလဲရှိခဲ့တယ်......

သူချစ် ကိုယ်ချစ်
နှစ်ကိုယ်ချစ်လဲ
လမ်းခွဲချန်ရစ်
မပေါင်းဆုံဖြစ်ခဲ့တာလဲရှိခဲ့တယ်......

နောက်ဆုံးတော့
အချစ်ဦးလဲမဟုတ်
အချစ်ဆုံးလဲမဟုတ်
ကိုယ်ချစ်လဲမဟုတ်
သူချစ်လဲမဟုတ်ပဲ
ဘ၀တစ်ခုကိုသရုပ်ဖေါ်
ဖူးစာဖက်လို့ခေါ်မလား
ပါရမီဖြည့်ဖက်လို့တွက်မလား
အိမ်သူလေးနဲ့ညားပြီး
ခလေးတွေတောင်ကြီးပြီ
ခုတော့....
အချစ်ဆိုတာ
ရီ(ရယ်)ချင်စရာ ဟာသကြီးပါ။  ။

AungZawHtay
19/2020 08:18

No comments:

Post a Comment