"ခရီး"
🕓🕞🕒🕝🕑🕜🕐🕧🕛
အမြင်အကြား ဝိုးတစ်ဝါးနဲ့
ဆံဖြူသွားကြွေ ပါးရေတွေတွန့်လို့......
အတွေ့အထိ အရသာ
ရေရေရာရာ အလေးအနက်ထား
ခံစားနိုင်တဲ့အင်အားလဲ တစ်ဖြည်းဖြည်းနည်းလာ......
စိတ်သွားတိုင်းမပါ လိုရာလဲမရောက်
ခရီးတစ်ထောက် နားရင်းလျှောက်ဆဲ......
ရောက်သလောက် လျှောက်
ပေါက်သလောက် ပေါက်
နောက်တော့ မဆုတ်
ငုတ်တုတ်သေသေ
အလှမ်းနေဆဲ.........
ငါ့ရုပ်ခန္နာ ငါ့ကိုယ်မှာတည်
ငါ့ကိုယ်ငါမှီရင်း ငါ့ကိုယ်ငါချီရင်း
ခရီးနှင်ဆဲ..............။ ။
AungZawHtay
5 2 2020.,19:40
No comments:
Post a Comment