======================================
ဒီပိုစ့်ကို မဖတ်ပဲ ကျော်သွားလိုရပါတယ်။ပိုစ့်လေးကအတော်ရိုင်းပါတယ်။
ယောင်္ကျားလေးအချင်းချင်း လဖက်ရည်ဆိုင်တို့ဘာတို့မှာ ပြောသင့်တဲ့ဟာသလေးပါ။တတ်နိုင်သလောက် မရိုင်းအောင်တော့ရေးထားပါတယ်။တင်သင့် မတင်သင့် အချိန်အတော်ကြား ဇဝေဇဝါ ဖြစ်ရတဲ့ပိုစ့်ပါ။အမျိုးသမီးမိတ်ဆွေများ မဖတ်ဖို့ကြိုပြောပါရစေ။ဖတ်မိခဲ့ရင်လဲ ဟာသအမြင်လို့ပဲမြင်ပေးပါ။အဓိက ကတော့ အားလုံးကို ပျော်ရွှင်ရယ်မောစေချင်တဲ့ ဆန္ဒတစ်ခုထဲပါ။ဘ၀အမောများပြေနိုင်ကြပါစေ။ ။
===================AungZawHtay
"သစ္စာရှိ တပ်မှူး"
😁😁😁😁😁😁
တစ်ခါက တောကစား၀ါသနာ(မုဆိုးအလုပ်)တဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်။တစ်ခါထွက်ရင် ဆယ့်ငါးရက် တစ်လကြာတတ်တယ်။
အဲ့လိုတောကစားထွက်ပြီဆိုရင် နန်းတော်မှာကျန်ခဲ့တဲ့ မိဖုရားချောကို စိတ်မချလို့ ကိုယ်ရံတော်တပ်မှူး ၁၀ ယောက်ကို အစောင့်ချထားခဲ့တယ်။
လိင်စိတ်ပြင်းထန်တဲ့ မိဖုရားဟာ ဘုရင်ကြီးတောထွက်တိုင်း ဘုရင့်ကိုယ်ရံတော် ၁၀ ယောက်နဲ့ ကောင်းကောင်းကြီး စိတ်ချလက်ချ နောက်မီးလင်းတော့တာပဲ။ဒါကိုလဲ ဘုရင်ကြီးက ရိပ်စားမိပေမဲ့ လက်ပူးလက်ကြပ်တော့ မမိဘူးဖြစ်နေတယ်။ဒီကိစ္စကို နန်းတွင်းဆေးသမားတော်ကြီးနဲ့တိုင်ပင်တယ်။
သမားတော်ကြီးရဲ့ဆေးပညာနဲ့ မိဖုရားကြီးကို မေ့ဆေးပေးပြီး မိဖုရားရဲ့လိင်အင်္ဂါမှာ လျှိုဝှက်ဓါးတစ်ချောင်းထည့်ထားတယ်။မိဖုရားနဲ့လိင်ဆက်ဆံသူဟာ ဓါးဒဏ်ရာထိမိမှာဖြစ်တယ်။ဒီလိုထဲ့ထားမှန်း မိဖုရားကိုယ်တိုင်တောင်သတိမပြုမိအောင် သမားတော်ကြီးရဲ့ဆေးပညာကကောင်းတယ်။ဒီလိုနဲ့လဲ ဘုရင်ကြီးလဲ တောကစားထွက်ပြီး ရက် ၂၀ လောက်နေမှ နန်းတော်ကိုပြန်ရောက်တယ်။
ပြန်ရောက်တယ်ဆိုရင်ပဲ အရမ်းသိချင်နေတဲ့ ဘုရင်ကြီးဟာ ကိုယ်ရံတော် တပ်မှူး ၁၀ ယောက်ကိုခေါ်ယူ စစ်ဆေးပါတော့တယ်။ပထမတပ်မှူးတစ်ယောက်ရဲ့လိင်အင်္ဂါကို ဖွင့်ကြည့်တယ်။
အားပါး ဓါးဒဏ်ရာတွေနဲ့ ဘုရင်ကြီး ဒေါသထွက်ပြီး
"ငါ့ အပေါ်သစ္စာမဲ့တဲ့ တပ်မှူး သင့်ကို မြိုင်ရပ်နှင်ပြီး ဒဏ်ခတ်မယ်နေနှင့်အုံး ကဲ နောက်တစ်ယောက်"
နောက်တစ်ယောက်လဲ ဒဏ်ရာတွေနဲ့ပဲ တစ်ယောက်ပြီးတစ်ယောက်စစ်လာလိုက်တာ ဒဏ်ရာတွေနဲ့ကြီးပဲ ဘုရင်ကြီးလဲစိတ်ဆိုးဒေါသတော်တော်ဖြစ်နေပြီ။
အဲနောက်ဆုံးတစ်ယောက်ပဲကျန်တော့ စိတ်ပျက်ပျက်နဲ့ဆက်စစ်တယ် အံဩစရာပဲ ဒီတပ်မှူးတစ်ယောက်ပဲ ဘာဒဏ်ရာမှ မတွေ့ရဘူး ခေါင်းလေးငုံ့ပြီး နုညံပျော့ပြောင်းတဲ့ ပုံစံနဲ့ခပ်တည်တည်လေး။
ဘုရင်ကြီးလဲ အံဩပီတိဖြစ်ပြီး .....
"အလို ငါ့အပေါ်သစ္စာစောင့်သိတဲ့ တပ်မှူးကြီးပါလား မောင်းမင်းကိုတော့ဖြင့်ဆုတော်လာဒ်တော်များ ထိုက်တန်စွာပေးအပ်ဂုဏ်ပြုမယ် သင်အလိုရှိရာတောင်းစေ"လို့ မိန့်တော်မူတယ်။
တပ်မှူးကြီးက မိဖုရားကိုတစ်လှည့် ဘုရင်ကြီးကိုတစ်လှည့် ကြည့်ပြီး ဘာမှပြန်မပြောဘူး ခေါင်းပြန်ငုံပြီးငြိမ်သက်နေတယ်။
ဘုရင်ကြီးလဲ
"တပ်မှူးကြီး ၀မ်းသာပြီးပြောမထွက်ဘူးထင်တယ် ပြောပါ သင်အလိုရှိတာပေးအပ်မှာပါ"လို့ အကြိမ်ကြိမ်ပြောပေမဲ့ တပ်မှူးကြီးက ဘာမှပြန်မပြောပဲ ခေါင်းငုံနုတ်ပိတ်နေပါတယ်။အချိန်ကြာလာတော့ ဘုရင်ကြီးစိတ်မရှည်တော့ဘူး....
"ဆုတော် လာဒ်တော် ပေးမှာကို ပြန်မပြောနိုင်ရအောင် သင်ဘာဖြစ်နေသလဲ အမြန်လျှောက်တင်စမ်း"
အဲ့တော့တပ်မှူးကြီး ပြာယာခပ်ပြီး ပါးစပ်ပိတ်ရက်အူးအူး အဲအဲ အသံထွက်လာတယ် စကားတော့မပြောဘူး။ဒီတော့ ဘုရင်ကြီးက "တပ်မှူးကြီးပါးစပ် ဘာဖြစ်တာလဲ ပြစမ်း"ဆိုပြီး ဟ ခိုင်းတယ်
အား....ပါး..ပါး။ တပ်မှူးကြီးပါးစပ်နဲ့လျှာတွေမှာ ဓါးဒဏ်ရာတွေ ပွလို့........
ဘုရင်ကြီး ပြူးသွားတယ် (မျက်လုံး)ပြီးတော့ တစ်ဆက်ထဲ မိန့်တော်မူတယ်..
"ဒီကောင် အဆိုးဆုံး ချက်ချင်းအချိန်မဆိုင်းပဲ ခေါင်းဖြတ်သတ်စေ။"
AungZawHtay
24/2020
Monday, February 24, 2020
Tuesday, February 18, 2020
"အချစ်ရှင်းတမ်း"
"အချစ်ရှင်းတမ်း"
❤️💛💚💙💜🖤
အချစ်ဆုံးတော့မဟုတ်ပေမဲ့
အချစ်ဦးတော့ရှိခဲ့ဖူးတယ်......
အချစ်ဦးတော့မဟုတ်ပေမဲ့
အချစ်ဆုံးလဲရှိခဲ့ဖူးတယ်......
အချစ်ဦးလဲမဟုတ်
အချစ်ဆုံးလဲမဟုတ်
ဟို မဟုတ်
ဒီ မဟုတ်နဲ့
ခဏတစ်ဖြုတ်တွဲခဲ့တာလဲရှိခဲ့ဖူးတယ်.....
သူကလဲ မချစ်
ကိုယ်ကပဲ ချစ်ခဲ့ရတဲ့
တိတ်တစ်ခိုးအချစ်မျိုးလဲ
ရှိခဲ့ဖူးတယ်.....
သူကပဲ ချစ်
ကိုယ်ကပြန်မချစ်ပဲ
တစ်ခဏတွဲ
အပျော်ချစ်ကလေးလဲရှိခဲ့တယ်......
သူချစ် ကိုယ်ချစ်
နှစ်ကိုယ်ချစ်လဲ
လမ်းခွဲချန်ရစ်
မပေါင်းဆုံဖြစ်ခဲ့တာလဲရှိခဲ့တယ်......
နောက်ဆုံးတော့
အချစ်ဦးလဲမဟုတ်
အချစ်ဆုံးလဲမဟုတ်
ကိုယ်ချစ်လဲမဟုတ်
သူချစ်လဲမဟုတ်ပဲ
ဘ၀တစ်ခုကိုသရုပ်ဖေါ်
ဖူးစာဖက်လို့ခေါ်မလား
ပါရမီဖြည့်ဖက်လို့တွက်မလား
အိမ်သူလေးနဲ့ညားပြီး
ခလေးတွေတောင်ကြီးပြီ
ခုတော့....
အချစ်ဆိုတာ
ရီ(ရယ်)ချင်စရာ ဟာသကြီးပါ။ ။
AungZawHtay
19/2020 08:18
❤️💛💚💙💜🖤
အချစ်ဆုံးတော့မဟုတ်ပေမဲ့
အချစ်ဦးတော့ရှိခဲ့ဖူးတယ်......
အချစ်ဦးတော့မဟုတ်ပေမဲ့
အချစ်ဆုံးလဲရှိခဲ့ဖူးတယ်......
အချစ်ဦးလဲမဟုတ်
အချစ်ဆုံးလဲမဟုတ်
ဟို မဟုတ်
ဒီ မဟုတ်နဲ့
ခဏတစ်ဖြုတ်တွဲခဲ့တာလဲရှိခဲ့ဖူးတယ်.....
သူကလဲ မချစ်
ကိုယ်ကပဲ ချစ်ခဲ့ရတဲ့
တိတ်တစ်ခိုးအချစ်မျိုးလဲ
ရှိခဲ့ဖူးတယ်.....
သူကပဲ ချစ်
ကိုယ်ကပြန်မချစ်ပဲ
တစ်ခဏတွဲ
အပျော်ချစ်ကလေးလဲရှိခဲ့တယ်......
သူချစ် ကိုယ်ချစ်
နှစ်ကိုယ်ချစ်လဲ
လမ်းခွဲချန်ရစ်
မပေါင်းဆုံဖြစ်ခဲ့တာလဲရှိခဲ့တယ်......
နောက်ဆုံးတော့
အချစ်ဦးလဲမဟုတ်
အချစ်ဆုံးလဲမဟုတ်
ကိုယ်ချစ်လဲမဟုတ်
သူချစ်လဲမဟုတ်ပဲ
ဘ၀တစ်ခုကိုသရုပ်ဖေါ်
ဖူးစာဖက်လို့ခေါ်မလား
ပါရမီဖြည့်ဖက်လို့တွက်မလား
အိမ်သူလေးနဲ့ညားပြီး
ခလေးတွေတောင်ကြီးပြီ
ခုတော့....
အချစ်ဆိုတာ
ရီ(ရယ်)ချင်စရာ ဟာသကြီးပါ။ ။
AungZawHtay
19/2020 08:18
Wednesday, February 5, 2020
"ခရီး"
"ခရီး"
🕓🕞🕒🕝🕑🕜🕐🕧🕛
အမြင်အကြား ဝိုးတစ်ဝါးနဲ့
ဆံဖြူသွားကြွေ ပါးရေတွေတွန့်လို့......
အတွေ့အထိ အရသာ
ရေရေရာရာ အလေးအနက်ထား
ခံစားနိုင်တဲ့အင်အားလဲ တစ်ဖြည်းဖြည်းနည်းလာ......
စိတ်သွားတိုင်းမပါ လိုရာလဲမရောက်
ခရီးတစ်ထောက် နားရင်းလျှောက်ဆဲ......
ရောက်သလောက် လျှောက်
ပေါက်သလောက် ပေါက်
နောက်တော့ မဆုတ်
ငုတ်တုတ်သေသေ
အလှမ်းနေဆဲ.........
ငါ့ရုပ်ခန္နာ ငါ့ကိုယ်မှာတည်
ငါ့ကိုယ်ငါမှီရင်း ငါ့ကိုယ်ငါချီရင်း
ခရီးနှင်ဆဲ..............။ ။
AungZawHtay
5 2 2020.,19:40
🕓🕞🕒🕝🕑🕜🕐🕧🕛
အမြင်အကြား ဝိုးတစ်ဝါးနဲ့
ဆံဖြူသွားကြွေ ပါးရေတွေတွန့်လို့......
အတွေ့အထိ အရသာ
ရေရေရာရာ အလေးအနက်ထား
ခံစားနိုင်တဲ့အင်အားလဲ တစ်ဖြည်းဖြည်းနည်းလာ......
စိတ်သွားတိုင်းမပါ လိုရာလဲမရောက်
ခရီးတစ်ထောက် နားရင်းလျှောက်ဆဲ......
ရောက်သလောက် လျှောက်
ပေါက်သလောက် ပေါက်
နောက်တော့ မဆုတ်
ငုတ်တုတ်သေသေ
အလှမ်းနေဆဲ.........
ငါ့ရုပ်ခန္နာ ငါ့ကိုယ်မှာတည်
ငါ့ကိုယ်ငါမှီရင်း ငါ့ကိုယ်ငါချီရင်း
ခရီးနှင်ဆဲ..............။ ။
AungZawHtay
5 2 2020.,19:40
Subscribe to:
Posts (Atom)