Tuesday, July 14, 2020
"ဒီနေ့ငါတို့ အလေးပြုစို့"
ဒီနေ့ငါတို့ အလေးပြုစို့
-----------------------
အုံ့မှိုင်းကောင်းကင် ရပ်ရှစ်ခွင်မှာ
ညိုမဲလာနေ မိုးရိပ်တွေသန်း
ဆွတ်ပျံလွမ်းဖွယ်......
တိမ်သားတိမ်လိပ် တရိပ်ရိပ်ချင်း
စီးဆင်းကျနေ မိုးစက်တွေဖွဲ
ရွာမဆဲနဲ့......
အတိတ်နိမိတ် လွင့်စင်ဖိတ်ကျ
အမှောင်ဘ၀ဆီ ကျရပြီမှန်း
ခန့်မှန်းမသိ......
အနာဂတ်ဘ၀ ချောက်ထဲကျဖို့
ငါ့တို့ခေါင်းဆောင် သခင်အောင်ဆန်း
သွေးတွေလွှမ်းခဲ့......
နိုင်ငံ့အရေး ဗိုလ်ချုပ်သွေးနဲ့
အာဇာနည်တွေ ပေးဆပ်ခဲ့ပြီ
"ထောင့်ကိုးရာလေးဆယ့်ခွန်"ဆီက......
"ခေါင်းဆောင်ကိုးယောက်" ဝိညာဉ်ပျောက်လို့
ငါတို့နိုင်ငံ အကျည်းတန်ရုပ်ဆိုး
"ဂျူလိုင်ဆယ့်ကိုး"မှာ......
ဂျူလိုင်ဆယ့်ကိုး စနေမိုးဖွဲ
တသဲသဲရွာ "ဆယ်နာရီသုံးဆယ့်ခွန်"မှာ
သွေးစွန်းခဲ့ရပါပြီ......
ဒါဏ်ရာဒါဏ်ချက် "ဆယ့်သုံးချက်"နဲ့
အသက်မဲ့ခဲ့ ငါတို့ရဲ့အောင်ဆန်း
လွမ်းတမ်းတမိ......
အဲ့ဒီစနေ ထိုစနေနေ့
မမေ့မလျော့ မပေါ့မဆ
မှတ်မှတ်ရရနဲ့၀မ်းနည်းခြင်းကိုပြ
""ငါတို့ အလေးပြုကြစို့""။ ။
AungZawHtay
15/7/2020
Subscribe to:
Post Comments (Atom)
No comments:
Post a Comment