Tuesday, July 28, 2020

ဘေးမဲ့

ဘေးမဲ့
---------

ခွေးရူးနဲ့ဖက်ကိုက်‌
ခွေးစရိုက်ကူး
သင်ခွေးရူးပဲဖြစ်မယ်.......

နွားနဲခွါတိုင်း
ကျွန်စိတ်မှိုင်းကပ်
သင်ခိုင်းဖတ်ပဲဖြစ်မယ်......

အားအားယားယား
ခွေးနဲ့နွားကြား
အသင်လူသား
ဖက်မကိုက်မလား
ခွါမတိုင်းမလား
အမှားအမှန်ခွဲခြား
ကိုယ့်လမ်းကိုယ်သွားရအောင်။

AungZawHtay
29/2020





Wednesday, July 15, 2020

"ဤမျှသာ"

ဤမျှသာ
💔💔💔

လမ်း အခွဲ
လှည့် အထွက်
နုတ် မဆက်
လက် မပြ
ဆွံ့အ ကြွေ
မျက်ရည် ဝဲ
ခွဲရပြီ
ဒီဘ၀
ဤမျှသာ။  ။

AungZawHtay
16/7/2020




Tuesday, July 14, 2020

"ဒီနေ့ငါတို့ အလေးပြုစို့"



ဒီနေ့ငါတို့ အလေးပြုစို့
-----------------------

အုံ့မှိုင်းကောင်းကင် ရပ်ရှစ်ခွင်မှာ
ညိုမဲလာနေ မိုးရိပ်တွေသန်း
ဆွတ်ပျံလွမ်းဖွယ်......

တိမ်သားတိမ်လိပ် တရိပ်ရိပ်ချင်း
စီးဆင်းကျနေ မိုးစက်တွေဖွဲ
ရွာမဆဲနဲ့......

အတိတ်နိမိတ် လွင့်စင်ဖိတ်ကျ
အမှောင်ဘ၀ဆီ ကျရပြီမှန်း
ခန့်မှန်းမသိ......

အနာဂတ်ဘ၀ ချောက်ထဲကျဖို့
ငါ့တို့ခေါင်းဆောင် သခင်အောင်ဆန်း
သွေးတွေလွှမ်းခဲ့......

နိုင်ငံ့အရေး ဗိုလ်ချုပ်သွေးနဲ့
အာဇာနည်တွေ ပေးဆပ်ခဲ့ပြီ
"ထောင့်ကိုးရာလေးဆယ့်ခွန်"ဆီက......

"ခေါင်းဆောင်ကိုးယောက်" ဝိညာဉ်ပျောက်လို့
ငါတို့နိုင်ငံ အကျည်းတန်ရုပ်ဆိုး
"ဂျူလိုင်ဆယ့်ကိုး"မှာ......

ဂျူလိုင်ဆယ့်ကိုး စနေမိုးဖွဲ
တသဲသဲရွာ "ဆယ်နာရီသုံးဆယ့်ခွန်"မှာ
သွေးစွန်းခဲ့ရပါပြီ......

ဒါဏ်ရာဒါဏ်ချက် "ဆယ့်သုံးချက်"နဲ့
အသက်မဲ့ခဲ့ ငါတို့ရဲ့အောင်ဆန်း
လွမ်းတမ်းတမိ......

အဲ့ဒီစနေ ထိုစနေနေ့
မမေ့မလျော့ မပေါ့မဆ
မှတ်မှတ်ရရနဲ့၀မ်းနည်းခြင်းကိုပြ
""ငါတို့ အလေးပြုကြစို့""။  ။

AungZawHtay

15/7/2020

Monday, July 6, 2020

"ထို့ကြောင့်"

""ထို့ကြောင့်""
🙏🙏🙏🙏🙏

"ကျုပ်တို့ဆီက မေပန်းချီတို့မအေးသောင်းတို့နန်းမွေးစံတို့အိချောပိုတို့ ဟာအခြားမိန်းခလေးတွေနဲ့ယှဥ်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည့်မှုရှိပိုရှိ‌စေတာက........"#ဖင်"ကြောင့်"......

"ကျုပ်တို့ဆီကအချို့အချို့သော တစ်မတ်သား မတ်မတ်တွေက အခြားမိန်းမတွေနဲ့ယှဉ်ရင် ကိုယ့်ကိုယ်ကိုယ် ဘ၀င်တွေလေဟပ်နေတာက.........."#လင်"ကြောင့်".......

"ကျုပ်တို့ဆီက လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးအားလုံးဟာလဲ အခြားနိုင်ငံတွေယှဉ်ရင်ကိုယ့်ကိုယ်ကိုယ်အဟုတ်ကြီးထင်နေတာက........."#ဂွင်"ကြောင့်"........

အဲ......တစ်ခုတော့ရှိတယ်
...................................
"ကျုပ်တို့ပြည်သူမက ကမ္ဘာကြီးကပါ အမေဒေါ်အောင်ဆန်းစုကြည်ကို အခြားနိုင်ငံခေါင်းဆောင်တွေနဲ့ယှဉ်ရင်ဂုဏ်ယူမြတ်နိုးချစ်ခင်တန်ဖိုးထားလေးစားကြတာကတော့......."#ဘုရင်"လို့ခံယူသောကြောင့်"။။

Aung Zaw Htay
7 7 2020 07:15