Sunday, April 26, 2020

" ခရေပွင့်လေးများ"
💮💮💮💮💮💮

ခရေပင်‌ခြေရင်း လေပြင်းအဝှေ့
ပင်ခြေမြေတလင်း ပြန့်ကျဲရင်းမွှေး
ခရေပွင့်လေးတွေ......

ခြောက်လို့ပဲကြွေကြွေ  ခြွေလို့ပဲကျကျ
တယုတယ ကောက် ခရေခြောက်လေးတွေ
မွှေးနေတုန်းပဲ  စာအုပ်ကြားထဲမှာ........

တစ်ပွင့်နှစ်ပွင့် သုံးလေးပွင့်မှ
တစ်နှစ်နှစ်နှစ် သုံးလေးနှစ်လဲ
ခြောက်နေ‌လဲပဲမွှေးနေဆဲလေ........

မြေမှာလဲမွှေး ကြွေလာလဲမွှေး
လေလာလဲမွှေး ပင်ယံမှာလဲမွှေး
ခရေပွင့်လေးတွေ........

ခရေပင်ကြီးကိုငေး ခရေပွင့်လေးများ 
စာအုပ်ကြားထဲမှာ သိမ်းထားတာတောင်ကြာပြီ
ခရေပင်ကြီးသိပါလေစ။  ။

Aung Zaw Htay
      ခံစားမှု့စာစု
26 4 2020 11:47 am

No comments:

Post a Comment