"ဒီငါးလေးတွေ"
========================
*ဒီငါးလေးတွေ
  ဒီလိုနေ. ဒီလိုစား
  ဒီလိုသွား  ဒီလိုကစားဖို့
  ငါးကန်လှလှလေးနဲ့ထားချင်တာ-
*ဒီငါးလေးတွေ
  ပျော်ပါ့မလား
  ခဏခဏစဉ်းစားတယ်။
*"စမ်းချောင်းကလေးကျဉ်းလှတယ်
   မြစ်လောက်သူမကျယ်-
   ပင်လယ်ကြီးကအကျယ်ဆုံး
   လှိုင်းတွေတစ်ဝုန်းဝုန်း"တဲ့-
*ဒီငါးလေးတွေရယ်
  မြစ်လောက်လဲ မကျယ်
  စမ်းချောင်းငယ်လေး
  ပျော်ရွှင်ပြေးဆော့
  မျော်လင့်နေတော့မလား-
*ပင်လယ်လောက်မကြီး
  မြစ်ရေစီးမှာ
  မြောပါဆော့ကစား
  စွန့်စားချင်နေမလား-
*လှိုင်းကြီး  လေကြီး
  ဘ၀ပင်လယ်ကြီးမှာ
  တစ်နေ့သောအခါ
  ဖြတ်သန်းကြရတာ
  ဓံမ္မတာပါ
  မင်းတို့ဟာ
  အလှကြည့်ထားစရာ
  ရွှေငါးလေးတွေမှ မဟုတ်တာလေ။
ဒီကဗျာလေးက သမီးနဲ့သားအတွက်မွေးနေ့အမှတ်တရ
အောင်ဇော်ဌေး
၅ ၁၂ ၂၀၁၇ ၇း၀၅ am"
No comments:
Post a Comment