"လူမိုက်တို့၏ ပုရိတ်သတ်"
👏👏👏👏👏👏👏
မျက်နာချင်းဆိုင်
သူအပြိုင် ကိုယ်အပြိုင်
ရင်ဆိုင်တိုက်ပွဲမှာ......
သင့် အရှိန်နဲ့သင်
သူ့ အရှိန်နဲ့သူ
သူတင် ကိုယ်တင်
ယှဉ်ပြိုင်ချင်းသာအဓိက......
သူ့ အရှိန်နဲ့ သာနေတုန်း
သင် ရုန်ထွက်ဘေးဖယ်နေပါ
ကန့်လန့်သွားမကာနဲ့
သူ အရှိန်နဲ့သူသွားလိမ့်မယ်......
ကိုယ့်အရှိန် ကိုယ်ထိန်း
အသေချာအပိုင်ကျိန်းသေခိုက်
အနိုင်နဲ့သိမ်းပိုက်
အငိုက်မမိစေနဲ့.......
တကယ်တော့.....
"လူမိုက်ဆိုတာ"
"သတ်ရဲ"တာကို "သတ္တိ"လို့ဆိုရင်
"သေရဲ"တာကပိုပြီး "သတ္တိ"လို့ဆိုရမယ်......
ဘာလို့လဲဆို.....
"သတ်ရဲသူ"က"သေရဲ"ဖို့မသေချာပေမဲ့
"သေရဲသူ"ကတော့"သတ်ရဲ"မှာသေချာတယ်.......
ကဲ သင်ကောဘယ်လို "လူမိုက်လဲ"
"ကျုပ်ကတော့ ဘယ်ထဲမှမပါ
ပုရိတ်သတ်ပါပဲ" ။ ။
Aung Zaw Htay
29/3/2020 12:00
Friday, March 27, 2020
Monday, March 2, 2020
"ဒီငါးလေးတွေ"
"ဒီငါးလေးတွေ"
========================
*ဒီငါးလေးတွေ
ဒီလိုနေ. ဒီလိုစား
ဒီလိုသွား ဒီလိုကစားဖို့
ငါးကန်လှလှလေးနဲ့ထားချင်တာ-
*ဒီငါးလေးတွေ
ပျော်ပါ့မလား
ခဏခဏစဉ်းစားတယ်။
*"စမ်းချောင်းကလေးကျဉ်းလှတယ်
မြစ်လောက်သူမကျယ်-
ပင်လယ်ကြီးကအကျယ်ဆုံး
လှိုင်းတွေတစ်ဝုန်းဝုန်း"တဲ့-
*ဒီငါးလေးတွေရယ်
မြစ်လောက်လဲ မကျယ်
စမ်းချောင်းငယ်လေး
ပျော်ရွှင်ပြေးဆော့
မျော်လင့်နေတော့မလား-
*ပင်လယ်လောက်မကြီး
မြစ်ရေစီးမှာ
မြောပါဆော့ကစား
စွန့်စားချင်နေမလား-
*လှိုင်းကြီး လေကြီး
ဘ၀ပင်လယ်ကြီးမှာ
တစ်နေ့သောအခါ
ဖြတ်သန်းကြရတာ
ဓံမ္မတာပါ
မင်းတို့ဟာ
အလှကြည့်ထားစရာ
ရွှေငါးလေးတွေမှ မဟုတ်တာလေ။
ဒီကဗျာလေးက သမီးနဲ့သားအတွက်မွေးနေ့အမှတ်တရ
အောင်ဇော်ဌေး
၅ ၁၂ ၂၀၁၇ ၇း၀၅ am"
========================
*ဒီငါးလေးတွေ
ဒီလိုနေ. ဒီလိုစား
ဒီလိုသွား ဒီလိုကစားဖို့
ငါးကန်လှလှလေးနဲ့ထားချင်တာ-
*ဒီငါးလေးတွေ
ပျော်ပါ့မလား
ခဏခဏစဉ်းစားတယ်။
*"စမ်းချောင်းကလေးကျဉ်းလှတယ်
မြစ်လောက်သူမကျယ်-
ပင်လယ်ကြီးကအကျယ်ဆုံး
လှိုင်းတွေတစ်ဝုန်းဝုန်း"တဲ့-
*ဒီငါးလေးတွေရယ်
မြစ်လောက်လဲ မကျယ်
စမ်းချောင်းငယ်လေး
ပျော်ရွှင်ပြေးဆော့
မျော်လင့်နေတော့မလား-
*ပင်လယ်လောက်မကြီး
မြစ်ရေစီးမှာ
မြောပါဆော့ကစား
စွန့်စားချင်နေမလား-
*လှိုင်းကြီး လေကြီး
ဘ၀ပင်လယ်ကြီးမှာ
တစ်နေ့သောအခါ
ဖြတ်သန်းကြရတာ
ဓံမ္မတာပါ
မင်းတို့ဟာ
အလှကြည့်ထားစရာ
ရွှေငါးလေးတွေမှ မဟုတ်တာလေ။
ဒီကဗျာလေးက သမီးနဲ့သားအတွက်မွေးနေ့အမှတ်တရ
အောင်ဇော်ဌေး
၅ ၁၂ ၂၀၁၇ ၇း၀၅ am"
Subscribe to:
Posts (Atom)